ယနေ့ခေတ်မှာ HIV ဆိုတဲ့ စကားလုံးက လူငယ်၊ လူကြီးမရွေး ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများက အခုထိ HIV နဲ့ AIDS ရဲ့ ကွာခြားပုံတွေ၊ HIV ပိုးရဲ့ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု၊ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ၊ ရောဂါပိုးကရော ဘယ်လိုကူးစက်လဲ စတာတွေနဲ့ ပတ်သက်ပြီး သေချာသိနားလည်ခြင်း မရှိကြသေးပါဘူး။ ဒီဆောင်းပါးမှာ HIV ပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခန္ဓါအတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။