Viral Load ဆိုတာ ဘာလဲ။
HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေ အာနိသင်ရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ HIV အခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း HIV ပိုးထိန်းဆေးကို သောက်ပြီး ၆လပြည့်တာနဲ့ သွေးထဲက ပိုးကောင်ရေပမာဏကို အမြဲစစ်နေဖို့ အရေးကြီးပါတယ်။