ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးဖို့အတွက် အရေးအပါဆုံးစနစ်ဖြစ်ပါတယ်။ သွေးဖြူဆဲလ်တွေဟာ ဖျားနာခြင်း၊ ရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ တခြားသော ရောဂါပိုးတွေကို တိုက်ထုတ်ပေးတယ်။ HIV ကူးစက်ခံရစဉ် အစောပိုင်းကာလမှာ ငှက်ဖျားလိုမျိုး ဆင်တူတဲ့ ရောဂါလက္ခဏာတွေ တွေ့ရပြီး သိပ်ပြင်းထန်မှာတော့ မဟုတ်ပါဘူး။ ဒီအချိန်မှာ HIV ပိုးတွေဟာ ကိုယ်ခံအားစနစ်ကို အပြင်းအထန်စတင်တိုက်ခိုက်နေပါပြီ။ အဖျားတက်တာအပြင် ချွေးစေးပြန်ခြင်း၊ ချမ်းတက်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနြာခင်း၊ အင်ပျဉ်ထခြင်း၊ ပြန်ရည်ကြောများ ရောင်ရမ်းနေခြင်းစတာတွေကိုပါတွေ့ရနိုင်ပါတယ်။
ကူးစက်ခံရပြီး ၈ နှစ်မှ ၁၀ နှစ်အတွင်း ဆေးဝါးကုသမှုမခံယူဘူးဆိုရင် HIV ပိုးအရေအတွက်ဟာ များသထက်များလာမှာဖြစ်ပြီး CD4+ ဆဲလ်တွေကတော့ ပိုပိုနည်းလာမှာပါ။ အဲ့နောက်ပိုင်းမှာ ရောဂါတွေ တစ်ခုပြီး တစ်ခုဝင်လာမယ်။ လူကအမောဖောက်မယ်၊ အသက်ရှူမဝတာ၊ အပြင်းဖျားတာ၊ ချောင်းဆိုးတာ၊ ကိုယ်အလေးချိန်ကျတာတွေပါ ဖြစ်လာပါမယ်။ နောက်ဆုံးအဆင့် AIDS ကိုရောက်တဲ့အခါမှာတော့ ကိုယ်ခံအားစနစ်က အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားပြီး လူကပိန်ချုံးနုံးချိကာ ရောဂါဝေဒနာကို အပြင်းအထန်ခံစားရမှာဖြစ်သလို အမြင်အာရုံ၊ အဆုတ်နဲ့ အစာခြေစနစ်အပြင် တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်ပျက်စီးနေပါပြီ။
၂။ အသက်ရှူစနစ်၊ နှလုံးသွေးကြောစနစ်
HIV ပိုးသည် အအေးမိ၊ တုပ်ကွေး၊ ငှက်ဖျား၊ နမိုးနီးယား အဆုတ်ရောင်ရောဂါအပြင် တီဘီရောဂါပိုးကိုပါ ကူးစက်နိုင်ခြေ မြင့်တက်စေပါတယ်။ ဒီရောဂါပိုးတွေဟာ ကိုယ်ခံအားစနစ်ကိုသာမက အသက်ရှူစနစ်ဖြစ်တဲ့ အဆုတ်ကိုလည်း ထိခိုက်အားနည်းစေပြီး အပြင်းအထန်ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အဆုတ်ကင်ဆာဖြစ်နိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ အဆုတ်မှာရှိတဲ့ သွေးကြောတွေမှာ သွေးဖိအားများလာတာနဲ့အမျှ နှလုံးသွေးကြောကိုပါ သက်ရောက်မှုဖြစ်စေပြီး နှလုံးအမောဖောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။