လူ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ခုခံအားစနစ်ဟာ ရောဂါပိုးတွေကနေ ကာကွယ်တိုက်ထုတ်ပေးပါတယ်။ များသောအားဖြင့် ခုခံအားစနစ်ဟာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် တစ်ခါတရံမှာတော့ ခုခံအားစနစ်ယိုယွင်းနေတတ်ပါတယ်။ အဲဒီအခါ ကျွန်မတို့တတွေ ဖျားနာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အရှိန်မြင့်စေတဲ့ နည်းတွေရှိပါတယ်။
ခုခံအားစနစ်ဆိုတာ အထူးဆဲလ်တွေ၊ တစ်သျှူးတွေ၊ ပရိုတင်းဓာတ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးမွှားတွေကို စုပေါင်းတိုက်ထုတ်ကြတဲ့ စနစ်ဖြစ်ပါတယ်။ ခုခံအားစနစ် အားကောင်းနေတဲ့အချိ
ဘယ်လိုအခြအနေတွေက ခုခံအားကိုနည်းစေသလဲ
ယျေဘုယျအားဖြင့် ခုခံအားစနစ်ဟာ သဘာဝအလျောက် အလုပ်ကောင်းကောင်းလု
(၁) မွေးရာပါ ခုခံအားကျဆင်းတဲ့ အခြေအနေရှိခြင်း ၊ သူတို့ဟာ ငယ်စဉ်ကတည်းက ခုခံအားစနစ်ရဲ့ အချို့သော ဓာတ်တွေချို့တဲ့နေတဲ့အတွက် ခုခံအားကျဆင်းတတ်ပါတယ်။
(၂) HIV၊ မီးလောင် ဆီပူလောင် ရေနွေးပူလောင်ခြင်း အာဟာရမပြည့်ဝခြင်း ကင်ဆာဆေးဝါးလို ဓာတုဗေဒကုထုံးခံယူနေရသူတွေ နဲ့ နာတာရှည်ရောဂါရှိသူတွေ
(၃) ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်ရောဂါရှိသူတွေ
(၄) ကိုယ့်ခုခံအားစနစ်ကို ကိုယ်ပြန်တိုက်တဲ့ရောဂါရှိသူတွေ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ အမျိူးအစားတစ်ဆီးချိူရောဂါနဲ့ multiple sclerosis လို့ခေါ်တဲ့ ရောဂါတွေရှိသူတွေမှာ ခုခံအားစနစ်ဟာ ရောဂါပိုးမွှားတွေကိုသာမက ကိုယ်တွင်းစနစ်တွေကိုမှားယွင်းပြီး ပြန်တိုက်တတ်တဲ့အတွက် ခုခံအားကျတတ်ပါတယ်။
Life style နဲ့ ခုခံအားစနစ် ဘယ်လို ဆက်စပ်သလဲ
ခုခံအားစနစ်တစ်ခုလုံးကောင်းကော
(၁) ဟင်းသီးဟင်းရွက် သစ်သီးဝလံများများစားသုံးပေးခြင်း
(၂) ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
(၃) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
(၄) ဆေးလိပ်မသောက်ခြင်း
(၅) အရက်ကို အသင့်အတင့်သာသောက်ခြင်း
(၇) လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးခြင်းဖြင့် ရောဂါပိုးကူးစက်မှုကိုကာကွယ်ခြင်း
(၈) စိတ်ဖိစီးမှု လျော့ကျအောင်နေခြင်း
(၉) ယောဂဆော့ခြင်း တရာထိုင်ခြင်း
အစာစားသုံးမှုပုံစံနဲ့ ခုခံအားစနစ်
သင့်တင့်မျှတတဲ့ အစာအုပ်စုအစုံပါဝင်တဲ့ အစားအသောက်ပုံစံဟာ ခုခံအားစနစ်ကိုတကယ်ပဲ အထောက်အကူပြုပါတယ်။ ဗီတာမင် အေ စီ ဒီနဲ့ သတ္ထုဓာတ်တွေသောက်သုံးပေးခြင်း
ခုခံအားတက်စေတဲ့အစားအသောက်တွေ
(၁) ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ ရောင်ရမ်းမှု အဆင့်ကို မြန်ဆန်စေလို့ ရောဂါပိုးဝင်တဲ့အခါ တိုက်ထုတ်မှူကို မြန်စေပါတယ်။
(၂) ဘလူးဘယ်ရီနဲ့ အနီရောင်စပျစ်သီးတွေဟာ CAMP gene ကိုမြင့်တက်စေခြင်းဖြင့် ခုခံအားစနစ်ကို ကူညီပေးပါတယ်။
(၃) ငါးကြီးဆီ DHA ပါဝင်တဲ့ ငါးကြီးဆီဟာ B cell ရဲ့ လုပ်ငန်းဆောင်တာကိုကောင်းမွန်ေ
[embed-health-tool-bmi]