တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
တစ်ကိုယ်ရေသန့်ရှင်းရေးက ကိုယ်ခံအားအပေါ်မှာ တော်တော်လေး သက်ရောက်နေတဲ့အချက်တစ်ခုပေါ့။ ဒီတော့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် နေ့စဉ် ရေချိုး သန့်စင်ပါ။ ညစ်ပေတဲ့အရာတွေကို ကိုင်ပြီးတိုင်း၊ အစားမစားခင်နဲ့ အပြင်က ပြန်လာတိုင်းမှာ လက်ကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး သေချာစွာ သန့်စင်ဆေးကြောပါ။
လူစူလူဝေးကို ရှောင်ပါ
လူစုလူဝေးများတဲ့ နေရာတွေကို သွားတာက ရောဂါပိုးတွေ အလွယ်တကူကူးစက်ခံရနိုင်ပြီး ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးကိုရျောင်ပါ။
ကာကွယ်ဆေး ထိုးပါ
ကိုယ်ခံအားက ရောဂါတွေကို ကာကွယ်ပေးတယ်ဆိုပေမယ့် ကြိုတင်ကာကွယ်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ရာသီတုပ်ကွေး ကာကွယ်ဆေးကစလို့ ကာကွယ်ဆေးတွေကို ကြိုတင် ထိုးထားတာက အကောင်းဆုံးပါ။
သင့်တင့်တဲ့ ကိုယ်အလေးချိန် ရှိပါစေ
ကိုယ်ခံအားကောင်းဖို့ဆိုရင် အဝလွန်နေလို့ မဖြစ်သလို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ၊ များနေတာမျိုးလည်း မဖြစ်နေရပါဘူး။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့လိုပါမယ်။
အရက်၊ဆေးလိပ် လျှော့ပါ
ဖြစ်နိုင်ရင် အရက်နဲ့ဆေးလိပ်ကို ဖြတ်လိုက်တာက အကောင်းဆုံးပါ။ ဒါတွေက ကျန်းမာရေးကို အထောက်အကူ မပြုသလို ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းအရင်းပါ။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်ခံအား စနစ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရက် နဲ့ ဆေးလိပ်ဖြတ်ပါ။
စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ
စိတ်ဖိစီးမှုတွေက ကိုယ်ခံအားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ဆိုရင် စိတ်ဖိစီးမှု ကင်းကင်းနေဖို့လိုပါမယ်။ ဒါကြောင့် နေ့စဉ် သီချင်းနားထောင်တာ၊ တရားထိုင်တာ လိုမျိုး စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အလေ့အကျင့်လေးတွေကို လုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။