( ၂ ) Air toxics လေထု အဆိပ်သင့်ခြင်း
လေထု အဆိပ်သင့်တယ်ဆိုတာ လေထုထဲမှာ Air pollutants တွေ များများသိပ်သည်းလာခြင်းရဲက အဆိုးဆုံး အဆင့်ပဲဖြစ်ပါတယ်။ ဒီအခြေအနေထိရောက်သွားတာရှားတယ်ဆိုပေမယ့် သူဖြစ်ခဲ့ရင် သက်ရှိလူသားတွေနဲ့ အပင်တိရိစ္ဆာန်တွေ အားလုံးကိုသူက ဒုက္ခပေးမှာပါ။
လေထုအဆိပ်သ့င့်ခြင်းကို ဖြစ်စေတဲ့ အဓိက တရားခံတွေကတော့
- လောင်စာသုံး စက်တပ်မော်တော်ယာဉ်တွေ
- ထင်းမီးခိုးငွေ့
- ကျောက်မီးသွေးတွင်း၊ ရေနံတွင်းတွေကနေထွက်တဲ့ ဂတ်စ်ဓါတ်ငွေ့တွေ
- အိမ်အသစ်တွေမှာ တွေ့ရတဲ့ အိမ်သုတ်ဆေး တွေနဲ့ ပတ်တီးလို့ခေါ်တဲ့ဆေးညီအောင် ညှိတဲ့ ဆေးတွေကလည်း လေထု အဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။
( ၃ ) -ဖုန်မှုန့်
ပတ်ဝန်းကျင်မျာရှိတဲ့ ဖုန်မှုန့်တွေ၊ သဲတွေကလည်း လေထုညစ်ညမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုပါ။
( ၄ ) သစ်ရွက်မီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်း
သစ်ရွက်တွေ အမှိုက်တွေကို မီးရှို့ပြီး အပူလှုံကြတဲ့ ဓလေ့ဟာ ခုနောက်ပိုင်း အတော်လေးကို ရေပန်းစားလာတဲ့ အရာတစ်ခုပါ။ အမှိုက်လည်းရှင်း အပူလည်းရတယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေ့ါ။ ဒါပေမယ့် နောက်မှာ မပြတ်ဘဲ တန်းလန်းပါလာမယ့်အရာကတော့ လေထုညစ်ညမ်းမှုပါ။ ဒီလို သစ်ရွက်တွေကို မီးရှို့ရာကနေထွက်လာတဲ့ ဓါတ်ငွေ့ကို ရှူမိရင်
- ပန်းနာရင်ကြပ်ရှိတဲ့သူတွေရဲ့ ဝေဒနာတွေ ပိုဆိုးလာမယ်
- ချောင်းခဏခဏဆိုးနေပြီး အသက်ရှူရကြပ်လာမယ်
- မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းစပ်မယ်
- ဒီလို မီးရှို့ရာကထွက်လာတဲ့ မီးခိုးငွေ့ဟာ ရေကိုလည်း ညစ်ညမ်းစေတယ်။
အထူးသဖြင့် ဆောင်းရာသီနဲ့ နွေဦးရာသီမှာဆို ဒီလို သစ်ရွက်ပုံတွေကို မီးရှို့ပြီး အပူလှုံလေ့ရှိပါတယ် ။ ။၏
( ၅ ) Legionnaires’ disease
Legionnaires’ disease ဆိုတာ ပတ်ဝန်းကျင်မှာရှိတဲ့ Legionella ဘက်တီးရီးယားကို ရှူလိုက်ရာကနေဖြစ်တဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အဆုတ်ပိုးဝင်ခြင်းတစ်မျိုးပါ။ သူတို့ဟာ ညစ်ညမ်းနေတဲ့လေထုထဲမှာ ပိုအသက်ရှင်နိုင်ကြပြီး ခုံခံအားနည်းနေတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကို ဝင်တာများပါတယ်။
အချုပ်ပြန်ပြောရရင် အသက်တစ်ချက်ရှူလိုက်တိုင်း ရောဂါဖြစ်အောင် တွန်းပို့ပေးနေတဲ့လေတွေ ကိုယ်ထဲဝင်ဝင်လာတာလောက် ကြောက်စရာကောင်းတဲ့ အရာမရှိပါဘူး။ ဒါကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အပင်များများစိုက်ပါ။ လေထုညစ်ညမ်းမှုကို လျှော့ချတဲ့ အနေနဲ့ လမ်းခဏလောက်လျှောက်လိုက်ရင် ရောက်မယ့်နေရာကို ဆိုင်ကယ်တွေ ကားတွေသုံးပြီး မသွားပါနဲ့ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။