backup og meta

Bronchitis (လေပြွန်ရောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Phyo Wai Yan မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Bronchitis (လေပြွန်ရောင်ခြင်း)

    လေပြွန်ရောင်ခြင်း ဆိုတာ ရောဂါပိုးကြောင့် လေပြွန်အတွင်း နံရံများရောင်ခြင်းဖြစ်တယ်။ လေပြွန်ဆိုတာ အဆုတ်ထဲကို လေဝင်တဲ့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ လေပြွန်ရောင်နေတဲ့အခါ ချောင်းဆိုးပြီး သလိပ်ပြစ်ပြစ်တွေထွက်မယ်။ သလိပ်က အရောင်ပြောင်းနိုင်ပါတယ်။

    လေပြွန်ရောင်ခြင်း အမျိုးအစား ၂မျိုးရှိပါတယ်။

  • ကာလတို လေပြွန်ရောင်ခြင်း –  အသက်ရှူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် လေပြွန်တွေရောင်ရမ်းပြီး သလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါဟာ ရက်သတ္တပတ်အတော်ကြာ ဖြစ်နေတတ်တယ်။
  • နာတာရှည် လေပြွန်ရောင်ခြင်း – လေပြွန်ကို ရောင်ရမ်းအောင် လှုံ့ဆော်နေတဲ့ အရာတစ်ခု အမြဲရှိနေခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အဖြစ်များပါတယ်။ ဒါက လ ဒါမှမဟုတ် နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ သာမန် လေပြွန်ရောင်ခြင်းထက်ပိုပြီး ရောဂါပြင်းထန်နိုင်ပါတယ်။
  • Bronchitis (လေပြွန်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • အချိန်အတော်ကြာ ချောင်းဆိုးနေခြင်း
  • သလိပ်ထွက်ခြင်း၊ သလိပ်တွင် သွေးစပါခြင်း
  • မောပန်းခြင်း
  • အသက်ရှူမဝခြင်း
  • ဖျားခြင်း
  • ရင်ဘက်အောင့်ခြင်း
  • သင်ဟာ သာမန်လေပြွန်ရောင်နေတယ်ဆိုလျှင် အရောင်ကျပြီး ရက်အတော်ကြာကြာ ချောင်းဆိုးနေတတ်တယ်။ ဒါပေမယ့် သင်ဟာ နာတာရှည်လေပြွန်ရောင်ရောဂါ ခံစားနေရလျှင် အချိန်ကြာလာတာနှင့်အမျှ ပိုပိုဆိုးလာတတ်တယ်။ ဒီအခြေအနေမှာ ကာလတို လေပြွန်ရောင်ခြင်းလိုပဲ လက္ခဏာတွေ့ရတတ်တယ်။

    ဒီထဲမှာမပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်သေးတယ်။ သင့်ရောဂါလက္ခဏာနှင့် ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်မှာ အောက်ပါလက္ခဏာတွေထဲက တစ်ခုခုတွေ့ရှိလျှင် ဆရာဝန်နှင့်ပြသနိုင်ပါတယ်။

    • လက္ခဏာတွေက ၃ပတ်အထက်ကြာနေလျှင်
    • ကိုယ်ပူချိန်များပြီး ဖျားလျှင်
    • သလိပ်အရောင်ပြောင်းလျှင်
    • ချောင်းဆိုး သွေးပါလျှင်
    • အသက်ရှူမဝလျှင်

    Bronchitis (လေပြွန်ရောင်ခြင်း) ဖြစ်စေတဲ့ အကြောင်းရင်းများ

    ကာလတို လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီပိုးက အအေးမိ၊ တုပ်ကွေးဖြစ်တဲ့ ပိုးတွေနဲ့ အတူတူပဲဖြစ်တယ်။

    နာတာရှည်လေပြွန်ရောင်ရောဂါကို အဖြစ်များစေတဲ့ အဓိကအကြောင်းကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်တွေ၊ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ဓာတ်ငွေ့တွေက ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

    Bronchitis (လေပြွန်ယောင်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    လေပြွန်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းများမှာ-

    • ဆေးလိပ်အလွန်သောက်သုံးခြင်း
    • မကြာခဏ အအေးမိ၊ တုပ်ကွေး ဖြစ်ခြင်း
    • လေပြွန်ကို ရောင်ရမ်းအောင်  လှုံ့ဆော်မှုများတဲ့ နေရာမှာ အလုပ်လုပ်နေခြင်း (ဥပမာ အမှုန်တွေ၊ အငွေ့တွေ)
    • အသက်ကြီးသူများ၊ မွေးကင်းစများနဲ့ ကလေးငယ်တွေမှာ ရောဂါပိုးဝင်ရောက်နိုင်ခြေများပါတယ်။
    • အစာခြေအရည်များ ဆန်တက်ကာ ထပ်ခါထပ်ခါ ရင်ပူနာဖြစ်ပြီး လည်ချောင်းကို လှုံ့ဆော်ခြင်းကြောင့် လေပြွန်ရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    Bronchitis (လေပြွန်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်ရောဂါလက္ခဏာကို မေးမြန်းပြီး ဆရာဝန်မှ စမ်းသပ်ပါမယ်။ တခြားစစ်ဆေးမှုတွေကိုလည်း လုပ်ပေးပါလိမ့်မယ်။

    • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။ သင့်ရဲ့ ရောဂါအကြောင်းကို ပိုမို သိရှိနိုင်ပါတယ်။
    • သလိပ်စစ်ဆေးခြင်း။ အဆုတ်ကနေထွက်လာတဲ့ သလိပ်ဟာ ပိုပြီးပျစ်ပါတယ်။ သလိပ်စစ်ခြင်းဖြင့် ပိုးကူးစက်ခံထားခြင်းရှိ၊ မရှိ သိနိုင်ပါတယ်။
    • အဆုတ်ရဲ့ လုပ်ဆောင်မှုကို စစ်ဆေးခြင်း။ ဒါက သင့်အဆုတ်ကနေ လေဘယ်လောက်ထိန်းထားနိုင်လဲ။ အဆုတ်အတွင်း ဘယ်လောက်မြန်မြန်လေဝင်နိုင်လဲကို သိနိုင်ပါတယ်။ ဒါ့အပြင် ဒီဟာက ရင်ကြပ်ရောဂါနှင့် လေပြွန်လေးများရောင်ပြီး အသက်ရှူမဝတဲ့ရောဂါတွေရဲ့ လက္ခဏာကိုပါ သိနိုင်ပါတယ်။

    Bronchitis (လေပြွန်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    တကယ်လို့ သင်ဟာ ကာလတို လေပြွန်ရောင်တာဆိုလျှင် ဆရာဝန်မှ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးများပေးပါလိမ့်ပါမည်။ အသုံးအများဆုံးဆေးများမှာ-

    • ပိုးသတ်ဆေးများ။ လေပြွန်ရောင်ရောဂါကြောင့် နောက်ဆက်တွဲ ပိုးဝင်တဲ့ လက္ခဏာရှိမှသာ ပေးပါတယ်။ လေပြွန်ရောင်တိုင်း မပေးပါ။
    • ချောင်းဆိုးပျောက်ဆေး။ ချောင်းဆိုးခြင်းကြောင့် လည်ချောင်းနဲ့ လေပြွန်တွေကို ဒဏ်ဖြစ်စေပါတယ်။ တကယ်လို့ အိပ်မရအောင် ချောင်းဆိုးနေလျှင် ချောင်းဆိုးပျောက်ဆေးသောက်ဖို့လိုပါတယ်။
    • တခြားဆေးများ။ တကယ်လို့သင့်မှာ ဓာတ်မတည့်မှု၊ ရင်ကြပ်ရောဂါနဲ့ နာတာရှည်လေပြွန်ကျဉ်းတဲ့ရောဂါ ရှိလျှင် ဆရာဝန်က သင့်ကို ရှူဆေးနဲ့ အရောင်ကျပြီး လေပြွန်ပွင့်စေတဲ့ ဆေးတွေကို ပေးပါလိမ့်မယ်။

    တကယ်လို့သင့်မှာ နာတာရှည် လေပြွန်ရောင်ရောဂါရှိလျှင် အခြေအနေပြန်ကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သင့်ကို အသက်ရှူလေ့ကျင့်ခန်းတွေသင်ပေးပြီး ဘယ်လိုနည်းနဲ့ အသက်ကို လွယ်ကူစွာရှူနိုင်မယ်၊ လေ့ကျင်မှုကို ပိုကောင်းလာစေမယ်ကို သင်ပေးပါလိမ့်မယ်။

    လေပြွန်ရောင်ခြင်းကို ကာကွယ်နိုင်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးများ

    အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက သင့်ကို မကြာခဏ လေပြွန်ရောင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

    • ဆေးလိပ်ဖြတ်ပါ။
    • လေထုညစ်ညမ်းတဲ့ နေရာသွားလျှင် နှာခေါင်းစည်းတပ်ပါ။ အထူးသဖြင့် အပြင်သွားချိန်နှင့် အိမ်သန့်ရှင်းရေးလုပ်ချိန်တွင် တပ်ပါ။
    • ရေငွေ့လွှတ်စက်ကို သုံးပါ။ ပူနွေးစွတ်စိုသောလေက ချောင်းဆိုးသက်သာပြီး သလိပ်ကိုပျော်စေနိုင်ပါတယ်။

    Takeaways

    လေပြွန်ရောင်တာက တစ်ခါတလေဆို သိပ်ပြဿနာ မရှိပေမယ့် ခဏခဏဆိုရင် နာတာရှည် ဖြစ်သွားတတ်ပါတယ်။ ဒီကနေမှ နောက်ပိုင်းကျရင် လေပြွန်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်တာကြောင့် လေပြွန်ရောင်စေတဲ့ အချက်တွေကို ရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Phyo Wai Yan မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement