home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ

အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ

အအေးမိတုပ်ကွေးေကြာင့် ဖျားရပြီဆိုရင် လည်ချောင်းမနာရင်တောင် နှာစေးချောင်းဆိုးေဝဒနာကပြေးမလွတ်ပါဘူး။နေမကောင်းဖြစ်နေတဲ့အချိန်အတွင်းခံစားရတဲ့ လက္ခဏာတွေက ကုသမှုကြောင့်ပျောက်ကင်းသွားမှာဖြစ်ပေမယ့်ချောင်းလေးတဟွတ်ဟွတ်တော့ဖြစ်ကျန်ခဲ့နိုင်ပါတယ်။

ဒီလို လက္ခဏာတွေ မကျန်ခဲ့စေဖို့ ရောဂါပိုးကို အံတု ခုခံနေတဲ့အချိန်အတွင်းမှာ ဂရုတစိုက်ဆင်ခြင်နေထိုင်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ ကျန်ခဲ့နိုင်တဲ့ ခံရခက်တဲ့လည်ချောင်းနာနဲ့ ချောင်းဆိုးခြင်းကို သက်သာစေမယ့်နည်းလမ်းတွေရှိပါတယ်။

  • ပူရှိန်းရှိန်းငုံဆေး နဲ့ သကြားလုံးတွေစားပါ။Menthol နဲ့ တချို့ငုံဆေးတွေက လည်ချောင်းနာဝေဒနာကို သက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။
  • ပျားရည်စားပါ။ ပျားရည်ကချောင်းဆိုးေရာ လည်ချောင်းနာပါ သက်သာစေနိုင်တဲ့ ဆေးနည်းတစ်ခုဖြစ်ပါတယ်။ရေနွေးကြမ်းထဲ တစ်ဇွန်းလောက်ထည့်သောက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မကျွေးပါနဲ့။
  • အရည်များများသောက်ပါ။ လည်ချောင်းယား၊ အာခေါင်ခြောက်လာရင်၊ချောင်းခြောက်ဆိုးလာရင် တစ်ခုခုသောက်နေရမှ ၊အာဆွတ်လိုက်ရမှနေသာတယ်ထင်ကြပါတယ်။ လည်ချောင်းတွင်းပိုခြောက်သွေ့စေနိုင်တဲ့ အရက်နဲ့ ကဖင်းပါတဲ့အရည်တွေကလွဲပြီး ကျန်တာအဆင်ပြေပါတယ်။ ဆေးသကြားပါတဲ့၊အချိုများတဲ့ အချိုရည်ေတွတော့ သိပ်မသောက်နဲ့ပေါ့။ လိမ္မော်နဲ့အချဉ်သီးဖျော်ရည်တွေကိုလည်းရှောင်ပါ။
  • ပူနွေးတာလေး သောက်ပါ။ကြက်စွပ်ပြုတ်အရည် သို့မဟုတ်ရေနွေးကြမ်းသောက်တာ အသက်ရှူလမ်းကြောင်းကို အနွေးဓါတ်ပေးနိုင်ပါတယ်။ရေဓါတ်ပြန်ဖြည့်နိုင်တဲ့အပြင် ပူနွေးမှုကြောင့် ချွဲသလိပ်ေတွကိုကြေစေပြီး ချောင်းဆိုးတဲ့အခါ သလိပ်ထုတ်ရလွယ်စေပါတယ်။
  • ချောင်းဆိုးပျောက်ဆေးသောက်ပါ။ တစ်ခါတရံ သလိပ်တွေထွက်ဖို့ချောင်းပဲဆိုးနေရတာပင်ပန်းပါတယ်။ချောင်းဆိုးခြင်းကို တည်ငြိမ်စေဖို့ (အထူးသဖြင့် ညအိပ်မရအောင်ချောင်းဆိုးတဲ့အခါမျိုးမှာ)ချောင်းဆိုးပျောက်ဆေးရည်တွေက အသုံးဝင်နိုင်ပါတယ်။
  • ရေနွေးငွေ့ရှူပါ။အာခေါင်ခြောက်ပြီး လည်ချောင်းယားတာကချောင်းအမြဲဆိုးချင်လာအောင် ဆွနေတယ်ဆိုရင်ရေနွေးပူပူရဲ့အငွေ့ကို ပါးစပ်နဲ့ရှူပါ။ ဒါမှမဟုတ် အခန်းထဲမှာ အစိုဓါတ်ထိန်းစက် (humidifier)လေးသုံးပါ။ ချွဲသလိပ်တွေပါပျော်စေပြီး ရင်ချောင်စေပါလိမ့်မယ်။
  • လေကောင်းလေသန့်ပဲရှူပါ။မီးခိုးငွေ့တွေ၊ညှော်နံ့တွေ၊ ဖုန်မှုန့်တွေနဲ့ အနံ့အသက်မကောင်းတဲ့လေတွေကိုရှောင်ပါ။နေမကောင်းချိန်မှာလေကောင်းလေသန့်ရတဲ့နေရာမှာနေပါ။ဆေးလိပ်ငွေ့ကို လည်းရှောင်ပါ။
  • အနားယူပါ။အအေးမိချောင်းဆိုးခြင်းကို မြန်မြန်သက်သာချင်တယ်ဆိုရင် အလွယ်ဆုံးက ကိုယ်ခံအားကောင်းအောင်၊ အားရှိအောင်နေပါ။ ဒါမှ ဗိုင်းရပ်စ်ကိုခန္ဓါကိုယ်က ခုခံတိုက်ထုတ်နိုင်မှာပါ။ အာဟာရပြည့်အောင်စားရမယ့်အပြင် အနားယူဖို့လည်းလိုပါတယ်။ အိပ်ရေးမဝရင်၊ အနားမယူရင် ခန္ဓါကိုယ်မှာ ဖိစီးမှုပိုများလာပြီးရောဂါလက္ခဏာ တာရှည်စေနိုင်ပါတယ်။
  • ဆားရည် သို့မဟုတ် ဆေးရည်နဲ့ အာလုပ်ကျင်းပါ။လည်ချောင်းနာ၊ချောင်းဆိုးလိုမျိုး ရောဂါပိုးကြောင့် လည်ချောင်းထဲမှာခံရခက်စေတဲ့ဝေဒနာမျိုးကို အာလုပ်ကျင်းတဲ့နည်းနဲ့ သက်သာလျော့ပါးစေနိုင်ပါတယ်။ လည်ချောင်းနာ၊ လည်ချောင်းယားလို့ အဆင်မပြေတဲ့အခါတိုင်း အာလုပ်ကျင်းေပးပါ။

အဖျားမရှိတော့ဘဲနေကောင်းလာပြီဆိုရင်ချောင်းဆိုးကျန်နေတာဖြစ်လေ့ရှိတဲ့အရာဆိုပေမယ့် အရမ်းကြာလာရင်တော့ မကောင်းပါဘူး။ တကယ်လို့ နောက်ဆက်တွဲချောင်းဆိုးက –

  • ချွဲသလိပ်ေတွအများကြီးထွက်လောက်အောင်တော်တော်ဆိုးနေတာ၊
  • အသက်ရှူသံ တရွှီရွှီနဲ့ အသက်ရှူရခက်နေတာ (ပန်းနာရင်ကျပ် သို့မဟုတ် တခြားလက္ခဏာတွေဖြစ်နိုင်တယ်)၊
  • ရင်ဘတ်ထဲမောကျပ်လာရင်၊
  • နေပြန်ကောင်းပြီး တစ်ပတ်လောက်ကြာတဲ့အထိချောင်းဆိုးမသက်သာရင်၊
  • ချောင်းဆိုးတဲ့အထဲသွေးစ ပါလာရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 13/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။