ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေ အများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတွေ၊ ဖြည့်စွက်စာတွေကို အလွန်အကျွံသောက်တဲ့ ကိစ္စပါ။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ အအေးမိတုပ်ကွေး ပျောက်ကင်းအောင် ကုသဖို့ ဗီတာမင် စီ အားဆေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာ သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဗီတာမင် စီဓာတ် ဟာ အအေးမိတုပ်ကွေးရောဂါကို ကာကွယ်ပေးရန်အတွက်ရော ကုသတဲ့ နေရာမှာပါ သိပ်ပြီးထိရောက်မှု မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။