backup og meta

ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ

ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ

အခြားဗီတာမင်တွေလိုပင် ခန္ဓါကိုယ်က ဗီတာမင်စီကို မထုတ်လုပ်လုပ်နိုင်ပါဘူး။ ထိှုဗီတာမင်ကို အက်စ်စကောဗစ်အက်စစ်လို့လဲ ခေါ်နိုင်ပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်အာဟာရတွေကနေ ရရှိနိုင်မှာပါ။ ခန္ဓါကိုယ်အတွက် အရေးကြီးသော သံဓါတ်စုပ်ယူနိုင်မှုမှာ ဗီတာမင်စီ လိုအပ်ပါတယ်။ သံဓါတ်က အောက်စီဂျင်တွေကို သယ်ဆောင်ပေးသော ဟီမိုဂလိုဘင်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဗီတာမင်စီကိုယ်တိုင်ကလည်း သွေးနီဥထုတ်လုပ်မှုကို အရှိန်မြှင့်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့ခြင်းက သွေးနီဥနည်းခြင်း ဒါမှမဟုတ် သွေးအားနည်းရောဂါကို ဖြစ်စေမှာပါ။ ဗီတာမင်စီရရှိနိုင်မယ့် အစားအစာတွေကတော့ သစ်သီးသစ်ရွက်တွေ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင်အသီးတွေပဲဖြစ်ပါတယ်။

ရှောက်မျိုးနွယ်အသီးတွေဟာ လိမ္မော်သီး၊ စပျစ်သီးနဲ့ အလားတူအသီးတွေပါပဲ။ စည်သွတ်အသီးတွေထက် လတ်ဆတ်သော ဒါမှမဟုတ် ရေခဲရိုက်ထားသော အသီးတွေ၊ ဖျော်ရည်တွေက ဗီတာမင်စီပိုပါဝင်ပါတယ်။ စားတဲ့အစားအစာတွေကနေ အလုံအလောက်မရရှိရင် ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ ခန္ဓါကိုယ်ဟာ အစားအစာတွေကနေ ဗီတာမင်စီမစုပ်ယူနိုင်တဲ့အခါမှာ ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။

ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ဗီတာမင်စီစုပ်ယူနိုင်မှု ကျဆင်းသွားမှာပါ။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်စီချို့တဲ့မှုကြောင့် ဖြစ်သော သွေးအားနည်းရောဂါတွေကို အစားအသောက်အတွင်းမှာ ပြန်လည်ဖြည့်တင်းသော နည်းဖြင့် ကုသကြပါတယ်။

ဗီတာမင်စီချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ၏ အကြောင်းအရင်းများ

ဗီတာမင်စီလုံလောက်စွာ မရရှိဘူးဆိုရင် သွေးအားနည်းရောဂါရနိုင်ခြေများပါတယ်။ အကြောင်းအရင်းတွေကတော့ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ကင်ဆာရှိခြင်းနဲ့ သံဓါတ်မစုပ်ယူနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ဗီတာမင်စီသိမ်းဆည်းမှုကို ၃၀ရာခိုင်နှုန်းလောက်အထိ လျော့ချပေးပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေနဲ့ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို တွဲဖက်စားသောက်တာက အစာအိမ်တွင်းမှာ အက်စစ်ပိုပေါက်တဲ့ ပတ်ဝန်ကျင်းတစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေနိုင်မှာပါ။ အရွယ်ရောက်ပြီးသူတွေမှာ စားလိုက်တဲ့ သံဓါတ် ၁၀ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်အထိ စုပ်ယူနိုင်ကြပါတယ်။

အသားကနေရရှိသော Heme သံဓါတ်ဟာ အပင်တွေက ရရှိတဲ့ Heme မဟုတ်သော သံဓါတ်ထက်ပိုပြီး စုပ်ယူရလွယ်ကူပါတယ်။ ထိုအချက်ဟာ အခြားအစားအစာတွေပေါ်မှာ မမူတည်ပါဘူး။ Heme မဟုတ်သော သံဓါတ်ရဲ့ စုပ်ယူမှုကတော့ ဗီတာမင်စီလိုမျိုး အခြားအစားအစာတွေပေါ်မှာ မူတည်ပါတယ်။ ပရိုတင်းဓါတ်ကို အပင်တွေကနေ အများစုရရှိကြတဲ့ လူတွေမှာဆိုရင် ဗီတာမင်စီချို့တဲ့နေပြီး သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်။ သတ်သတ်လွတ်သမား ၄၀ရာခိုင်နှုန်းလောက်ဟာ သံဓါတ်ချို့တဲ့ကြပါတယ်။

ဗီတာမင်စီချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါရှိနေပါက ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်နေချိန်တွင် နှလုံးခုန်မြန်ခြင်း၊ အေးသလိုခံစားရခြင်း၊ ပိုးဝင်ဖျားနာလွယ်ခြင်းနှင့် လျာရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အခြားအတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းလျောခြင်း၊ စိတ်ရှုတ်လွယ်ခြင်းနှင့် ထုံကျင်ခြင်း ဒါမှမဟုတ် ခြေလက်တို့မှာ ယွစိယွစိဖြစ်နေခြင်း တို့ပါပဲ။

ဗီတာမင်စီနဲ့ သွေးအားနည်းရောဂါအတွက် ကုသမှု

ထိုရောဂါရှိနေပြီလု့ိ စစ်ဆေးတွေ့ရှိမယ်ဆိုရင် ဗီတာမင်စီနဲ့ သံဓါတ် ဖြည့်စွက်အာဟာရတွေကို တွဲဖက်အသုံးပြုခြင်းဖြင့် သင့်အခြေအနေကော အခြားသွေးအားနည်းရောဂါအမျိုးအစားတွေအတွက်ပါ အကျိုးရှိနိုင်ပါတယ်။ ဗိုက်မကောင်းဖြစ်စေသော်လည်း ကောင်းကောင်းစုပ်ယူနိုင်စေဖို့အတွက် ဘာမှမစားဘဲ သောက်သုံးသင့်ပါတယ်။

သံဓါတ်ပြည့်ဝသော အစားအစာတွေနဲ့ ဗီတာမင်စီပြည့်ဝသော အစားအစာတွေကို စုပ်ယူမှုအားကောင်းစေဖို့အတွက် တွဲဖက်စားသုံးပေးပါ။ အစာအိမ်ဆေးတွေဟာ အစာအိမ်ရဲ့ အက်စစ်ဓါတ်ကို လျော့ချပြီး သံဓါတ်စုပ်ယူမှုနည်းပါးစေတာကြောင့် သံဓါတ်ဖြင့် အတူတကွ မသောက်သုံးပါနှင့်။

ကာကွယ်ခြင်း

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါဟာ အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါတွေထဲမှာ အတွေ့ရအများဆုံးဟု သတ်မှတ်ထားသော်လည်း ထိုရောဂါ၏ တိုးတက်မှုနဲ့ ထိန်းချုပ်မှုတွေဟာ ဗီတာမင် A, B12, C ၊ ဖောလစ်အက်စစ်နဲ့ ရိုင်ဗိုဖလေဗင်ပြောင်းလဲမှုတို့နဲ့လည်း ချိတ်ဆက်မှုရှိနေပါတယ်။ ယေဘုယျအားဖြင့် လူထုထိန်းချုပ်ကုသမှုဟာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဗီတာမင်၏ သွေးအခြေအနေတွေပေါ်မှာ အသက်၊ လုထု၊ ဗီတာမင်အရောနဲ့ ပမာဏတို့နဲ့လိုက်ပြီး ပြောင်းလဲနေမှုတွေကို နားလည်ရှင်းပြနိုင်စွမ်းလုံလုံလောက်လောက်မရှိသေးပါဘူး။ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ဖို့ရာ လူတစ်ဦးတစ်ယောက်နဲ့ အခြားဗီတာမင်ချို့ယွင်းမှုတွေကြောင့် ဖြစ်သော သွေးအားနည်းရောဂါတွေအတွက် သင့်တော်သော ဆေးဝါးတွေထုတ်လုပ်နိုင်ရန် လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ ဗီတာမင်စီ အပါအဝင် အခြားသော ဗီတာမင်နဲ့ သံသတ္ထုဓါတ်တွေ သောက်သုံးဖို့ အစီအစဉ်ရှိတယ်ဆိုရင် အသုံးမပြုခင်ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fishman SM, Christian P, West KP. The role of vitamins in the prevention and control of anaemia.http://www.ncbi.nlm.nih.gov/pubmed/10948381. Accessed August 14, 2015

Vitamin deficiency anemia.http://www.mayoclinic.org/diseases-conditions/vitamin-deficiency-anemia/basics/causes/con-20019550. Accessed August 14, 2015

Sharon Perkins. Vitamin C Deficiency & Anemia. Vitamin C Deficiency & Anemia. http://www.livestrong.com/article/353558-vitamin-c-deficiency-anemia/. Accessed August 14, 2015

Treatments and drugs. http://www.mayoclinic.org/diseases-conditions/anemia/basics/treatment/con-20026209. Accessed August 14, 2015

How Is Anemia Treated?. http://www.nhlbi.nih.gov/health/health-topics/topics/anemia/treatment. Accessed August 14, 2015

ယခုပုံစံ

11/05/2020

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement