နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင်ရောဂါဆိုတာ လေပြွန်တွေမှာ နာတာရှည်ထိခိုက်မှုတွေကြောင့် ရောင်ရမ်းပြီး ချွဲတွေထွက်တာဖြစ်ပါတယ်။ ဒီရောဂါအကြောင်းကို ပိုမိုသိရှိဖို့ ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည် လေပြွန်ရောင် ရောဂါ (Chronic bronchitis) ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်ဆင်ဆင်ပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို သိထားရင် ကြိုတင်ကာကွယ်နိုင်သလို ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူလားဆိုတာကိုလည်း ဆန်းစစ်နိုင်ပါတယ်။ နာတာရှည် လေပြွန်ရောင် ခြင်းရဲ့ သဘောသဘာဝ ဘာတွေက ဖြစ်စေတာလဲဆိုတာကို မပြောခင် ရောဂါရဲ့ သဘောသဘာဝကို အရင်ပြောပြပါ့မယ်။ ဒါမှ ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ချိတ်ဆက်လို့ ရမှာပါ။ နာတာရှည် လေပြွန်ရောင်တဲ့ ရောဂါမှာ လေပြွန်နံရံတွေက အကြောင်းအမျိုးမျိုးကြောင့် ခဏခဏ ထိခိုက်လာတဲ့အတွက် ရောင်ရမ်းလာပါတယ်။ ဒါကလည်း တစ်ခါ နှစ်ခါ မဟုတ်ပါဘူး။ နာတာရှည်ဆိုတော့ ကြာလာတဲ့အခါ လေပြွန်တွေ ပျက်စီးလာပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ချွဲတွေ ထွက်လာတဲ့အတွက် အဆုတ်ထဲကို လေဝင်ဖို့ ခက်လာပါတယ်။ ဒါကြောင့်ပဲ အသက်ရှူရခက်ပြီး […]

နာတာရှည် လေပြွန်ရောင်ရောဂါ ကို ရှာဖွေမည်။

နာတာရှည် လေပြွန်ရောင်ရောဂါ

အဆုတ် COPD ရောဂါသည် ခရီးသွားရာတွင်သိထားရမည့် အချက်များ

အသက်ရှုကျပ်လာခြင်းသည်နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD)၏ အဓိကလက္ခဏာ တစ်ခုဖြစ်သည့်အတွက် ထိုဝေဒနာရှင်များသည် မိမိ၏အိမ်ပြင်ပ ခရီးသွားရန် အလွန်ပင်ဝန်လေးကြသည်။ သို့သော် အောက်ပါအတိုင်းပြင်ဆင်မှုများပြုလုပ်ထားလျှင် ခရီးမသွားနိုင်စရာအကြောင်းမရှိတော့ပါ။ ၁။ ဆရာဝန်နှင့်သွားပြပါ။ ခရီးမသွားမီ သင့်ခရီးအစီအစဉ်နှင့်ပက်သက်၍ု သင့်ခံနိုင်ရည်နှင့်ပက်သက်၍ လိုအပ်မည့်အရာများကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ဥပမာ လေယာဉ်ပျံစီးရမည့်ခရီးမျိုးတွင် အောက်ဆီဂျင် ယူရန်လိုမလိုတိုင်ပင်ခြင်းမျိုးဖြစ်သည်။ ၂။ ကာကွယ်ဆေးများထိုးသွားပါ။ တုပ်ကွေးကာကွယ်ဆေးနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါကာကွယ်ဆေးမျိုး(PCV 13)ထိုးသွားပါ။ အခြားသောလိုအပ်သည့် ကာကွယ်ဆေးများလည်း ထိုးရန်လိုမလိုတိုင်ပင်ပါ။ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှင်များသည် အခြားသူများထက် တုပ်ကွေးနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လွယ်သော ကြောင့်ဖြစ်သည်။ ၃။ လိုအပ်သော ပစ္စည်းကိရိယာများကို စစ်ဆေးပါ။ ခရီးသွားနေစဉ်အောက်ဆီဂျင်စက်နှင့် တစ်ပါတည်းယူဆောင်သွားမည့် စက်ကိရိယာတို့ကို ပျက်စီးခြင်းများ မဖြစ်အောင် စစ်ဆေးပါ။ အောက်ဆီဂျင်စက်ကို သင်ကိုယ်တိုင်သယ်နိုင်လား အကူလိုအပ်နိုင်လား ဆုံးဖြတ်ပါ။ ၄။ သင်သွားမည့်နေရာနှင့်ပက်သက်၍ ဆွေးနွေးပါ။ သင်သွားမည့်နေရာကို ဆရာဝန်အားပြောပြပါ။ သင်သည် အမြင့်နေရာများသို့သွားမည်ဆိုလျှင် အောက်ဆီဂျင်နည်းခြင်းကြောင့် မောလာလိမ့်မည်။ အမြင့်ပိုင်းဒေသများတွင် လေထုသည်ပါးလွှာပြီး အောက်ဆီဂျင်ပမာဏနည်းခြင်းကြောင့် အိမ်တွင်နေစဉ် အောက်ဆီဂျင်မရှုသော်လည်း အမြင့်သို့ရောက်လျှင် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ထကြွစေသောအရာများ

သင့်တွင် နာတာရှည် လေပြွန်ကျဉ်းရောဂါ ရှိပါက သင့်ရောဂါကို ပိုဆိုးစေသောအရာများကို သတိပြုရမည်ဖြစ်သလို ပိုဆိုးစေနိုင်သော နည်းလမ်းများကိုလည်းသိထားသင့်ပါတယ်။ လူတစ်ဦးချင်းအပေါ်မူတည်ပြီး ကွဲပြားမှုတော့ရှိနိုင်ပါတယ်။ ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေသလဲ။  ဆေးလိပ်သောက်ခြင်း လေထုညစ်ညမ်းခြင်း အအေးမိခြင်း တုပ်ကွေးဖြစ်ခြင်း နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ခြင်း ချေးချွတ်ဆေးနဲ့ ဓာတုဗေဒပစ္စည်းများ ဓာတ်ငွေ့၊ မီးခိုးငွေ့နဲ့ မီးဖိုတို့မှအမှုန်များ ဒါတွေက သင့်အဆုတ်ကို ထိခိုက်စေပြီး အသက်ရှူပိုကြပ်စေသလို အခြားသောရောဂါလက္ခဏာများလည်း ထပ်ဖြစ်လာစေနိုင်ပါတယ်။ တကယ်လို့ သင့်ရောဂါအခြေအနေ ပိုဆိုးလာပါက ဆေးရုံတွင်အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်သည်။ သင့်ရောဂါကို ထကြွစေသော အကြောင်းရင်းများကိုသိပါက ၎င်းတို့ကိုရှောင်ကြဉ်နိုင်သလို ရောဂါမကြာခဏပြန်ဖြစ်ခြင်းမှလည်း လျှော့ချနိုင်ပါတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားထားသောဆေးများကို မှန်မှန်သောက်ဖို့လည်းလိုအပ်ပါတယ်။ ရောဂါထကြွစေသောအရာများကို ဘယ်လိုနည်းနဲ့ ရှောင်ကြဉ်မလဲ။ အရင်ဆုံး ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေလဲဆိုတာ သိရပါမယ်။ ရောဂါပိုဆိုးလာချိန်တွင် သင့်အနီးတွင်ရှိသော ဖြစ်နိုင်ချေရှိသော အရာများနဲ့ သင့်ရောဂါဖြပြင်းထန်ပုံကို သတိပြုပါ။ ဖြစ်နိုင်ချေရှိသည်တို့ကို ဆရာဝန်နဲ့တိုင်ပင်ကာ ရှောင်သင့်သောအရာများကို ရှောင်ကြဉ်ပါ။ ရောဂါပိုဆိုးစေသော […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါနှင့် အဆုတ်ရောင်ရောဂါတို့ ဘာတွေကွာခြားသလဲ။ အထက်ပါ ရောဂါနှစ်မျိုးကို နှိုင်းစာကြည့်သော် ကွာခြားမှု တချို့ရှိသည်ကို တွေ့ရမည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည်များသည် အဆုတ်ရောင် ရောဂါကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများသည်။ ၂၀၀၂ ခုနှစ်ထုတ် အမေရိကန် သမားတော်များ စာစောင်တွင် နာတာရှည် အဆုတ်ရောင် ရောဂါရှင်များ၏ ၇၀ - ၇၅ ရာခိုင်နှုန်းသည် strepcoccus နှင့် haemophilus ကဲ့သို့သော ပိုးကောင်များ ကူးစက်ခံရမှုကြောင့် ရောဂါ ပိုဆိုးလာစေကြောင်း ဖော်ပြထားသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ဆိုသည်မှာ ထိခိုက်ထားသော အဆုတ်သည် အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ပေးနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ • အဆုတ်တွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်းကြောင့် အသက်ရှုလမ်းကြောင်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် ဘယ်လို အစားအစာတွေ စားသင့်သလဲ

သင်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ခံစားနေရပြီဆိုလျှင် သင့်တင့်လျောက်ပတ်သော စားသောက်နေထိုင်မှု ပုံစံမျိုးဖြင့် နေထိုင်သင့်သည်။ ဥပမာ -အစာအိမ် လေပွစေသော၊ ဂက်စ်များသော အစားအစာတို့ကို ရှောင်ကျဉ်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ နေထိုင်ခြင်းဖြင့် ရောဂါပျောက်ကင်း မသွားနိုင်သော်လည်း ပိုမဆိုးလာနိုင်အောင် ထိန်းသိမ်းပေးနိုင်သည်။ အောက်ပါ ဆောင်ရန်ရှောင်ရန် အချက်များကို လေ့လာပါ။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် စားသုံးသင့်သော အစားအစာများ ကျန်းမာသော စားသောက်နေထိုင်မှုမျိုး ရရှိရန် စားသုံးသင့်သည့် အစာအမျိုးမျိုး ရှိပါသည်။ အစာကို တစ်ခါတည်းနှင့် ပမာဏများစွာ စားမည့်အစား ပမာဏနည်းနည်းစီကို တနေ့လျှင် ၆ ခါလောက် ခွဲစားသင့်သည်။ • အဆီနည်းသော အသားများသည် အစာအိမ် လေပွခြင်းနှင့် အစာမကြေ ဖြစ်ခြင်းကို လျော့နည်းစေသည်။ အဆီဓါတ်သည် ထိုဆိုးကျိုးကို ပိုဖြစ်စေသည်။ ထို့ကြောင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်