37 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
ကလေးလေးက 37 ပတ် ရှိနေပါပြီ။ ဖွံ့ဖြိုးတာ မြန်တယ်နော်။ ၄၈.၅ စင်တီမီတာ ၂.၈၅ ကီလိုဂရမ်တောင် ရှိပြီနော်။
လက်ချောင်းလေးတွေက ဖမ်းစုပ်တတ်နေပါပြီ။ ဗိုက်ကို အလင်းရောင်ထိရင် သူလေးက အလင်းလာတဲ့ဘက်ကို လှည့်တတ်နေပါပြီ။ အပြည့်အဝဖွံ့ဖြိုးပြီးဖို့ကတော့ တစ်ပတ်နှစ်ပတ်လောက် ကျန်ပါသေးတယ်။ ဒီအချိန်မှာ မွေးလာရင်တောင် အသက်ရှင်နိုင်ခြေ များနေပါပြီ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
မွေးရက်နီးလာလေ သားအိမ်က ကျုံ့လေပါပဲ။ အခုတောင် ကျုံ့ချင်ကျုံ့နေမှာ။ ဒါက ပုံမှန်ပါ။ စိတ်မပူပါနဲ့။ ကျုံ့တာများလာသလား၊ ပိုစိတ်လာသလားဆိုတာပဲ သတိထားပါ။ ကျုံ့တာကြာလေ ပိုနေရခက်လေပါပဲ။
အိပ်ရတာလည်း ပိုခက်လာရောပေါ့။ တတ်နိုင်ရင် နေ့ခင်း တစ်ရေးတစ်မောလောက်အိပ်ပါ။ အားရှိတာပေါ့။ အိပ်မက်ဆိုးတွေလည်း မက်တတ်ပါသေးတယ်။ ဒါက လုံးဝပုံမှန်ပါဘဲ။ ဘဝမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်တော့မှာလေ။ မွေးရက်လည်းနီးလာလို့ စိတ်ပူတာနဲ့ မေမေဖြစ်တော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာနဲ့ဆိုတော့ အိမ်မက်ဆိုးတွေမက်တာပေါ့။
ကလေးလေးလှုပ်ရှားတာကို မှတ်သားဖို့မမေ့ပါနဲ့။ လှုပ်တာနည်းသွားရင် ဆရာဝန်ကို ပြောပါ။ သူလေးကနေရာအပြည့်ယူထားတော့ ကန်ရခက်သွားတာပေါ့။ ကလေးလေး ကိုယ်လက်ဆန့်တာ လှိမ့်တာလှုပ်တာတွေကိုတော့ ခံစားရမှာပါ။
37 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
နောက်ဆုံးလရောက်ရင် မူမမှန်တဲ့လက္ခဏာတွေကို ပိုသတိထားရပါတယ်။ စောမွေးမှာလည်း ပူရပါတယ်။ ဒီအောက်က လက္ခဏာတွေဖြစ်ရင် ချက်ချင်းဆရာဝန်ခေါ်ကြနော်။
- သွေးဆင်းနေတယ်ဆိုတာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။ တစ်ခါတလေ သွေးမဟုတ်ဘဲ အချွဲနဲ့ သွေးစလေးတွေ ရောပါတတ်ပါတယ်။ ဒါက မီးဖွားဖို့ ရက်ပိုင်းလောက်ပဲ ကျန်တော့တယ်ဆိုတဲ့ လက္ခဏာပါ။
- ဗိုက်က ဆက်တိုက်နာလာရင်လည်း ဆရာဝန်နဲ့ပြပါ။
- ကျုံ့တာက အကြိမ်ရေ ပိုများပြီး ပိုပြင်းလာပါတယ်။ ကြားမှာလည်း သိပ်မခြားတော့ပါဘူး။ အနေအထားပြောင်းလိုက်တာ၊ လှုပ်ရှားမှု တစ်ခုခုလုပ်လိုက်တာတောင် မရပ်သွားဘူးဆိုရင် မီးဖွားဖို့ ကျုံ့တာဖြစ်နိုင်ပါတယ်။
- မိန်းမကိုယ်က အရည်တွေလည်း ဆင်းနိုင်ပါတယ်။ ဒါက ရေမြွာအိတ်ပေါက်လို့လည်း ဖြစ်နိုင်ပါတယ်။ အရည်တွေ ထွက်တာလည်း မြန်လာပြီး စီးကျလာရင်၊ သားအိမ်လည်း ကျုံ့လာရင် မွေးဖို့သေချာသလောက် ဖြစ်နေပါပြီ။ ဆေးရုံသွားဖို့ ပြင်သင့်ပါပြီ။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
စောမွေးမယ့် လက္ခဏာတွေ၊ စိုးရိမ်တာတွေကို ဆရာဝန်ကို သေချာပြောပြပါ။ ဒါတွေက စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပြီး မွေးဖွားတဲ့အခါမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်က အမျိုးသားနဲ့ တူတူလုပ်လို့ရမယ့် စိတ်ဖြေလျှာ့ဖို့ လေ့ကျင့်ခန်းတွေကိုပြောပြမှာပါ။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်
တစ်ပတ်ကြိမ် စစ်ဆေးမှုတွေ လုပ်နေရလောက်ပြီပေါ့။ ဒါတွေက ပုံမှန်ပါပဲ။ ဒီစစ်ဆေးမှုတွေမှာ ကလေးအနေအထား၊ မွေးလို့ လွယ်လောက်လားဆိုတာကို စစ်ဆေးတာပါ။ စစ်ဆေးတဲ့အခါမှာ လိုအပ်ရင် ဆရာဝန်က သားအိမ်အ၀ ပွင့်မပွင့်၊ ပျော့လာပြီလား၊ ပါးလားပြီလားပါ စစ်ပါတယ်။
ကျန်းမာဘေးကင်းအောင်နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
မွေးခါနီး နောက်ဆုံးအပတ်တွေက ပထမဆုံးအပတ်တွေလိုပဲ အရေးကြီးတယ်နော်။ အပြည့်အဝဖွံ့ဖြိုးဖို့ ဒီနောက်ဆုံးအပတ်တွေက လိုအပ်ပါတယ်။ မွေးဖို့ရက်နီးလာလေလေ ဂရုစိုက်ဖို့ လိုအပ်လေလေပါ။
ရိုးရိုးမွေးမယ်ဆို ကျန်းကျန်းမာမာရှိအောင် အသက်ရှူလေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပေးပါ။ ဒါကအဆင်သင့် ဖြစ်နေစေမှာပါ မေမေတို့ရေ။
နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။
[embed-health-tool-pregnancy-weight-gain]