backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

36 ပတ်

36 ပတ်

36 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

36 ပတ် မှာတော့  ၄၇ စင်တီမီတာ ၂.၆ ကီလို ရှိပါပြီ။

ကလေးလေးက မျက်နှာတွေမှာပါ အဆီလွှာတွေ ပေါ်လာပြီး နို့စို့ဖို့ ကြွက်သားတွေလည်း သန်မာလာပါပြီ။ ခေါင်းလေးက ဆီးခုံရိုးကြားရောက်တဲ့အခါ ဦးခေါင်းခွံဖြစ်မယ့် အရိုးနှစ်ခုက ဆက်သွားပါတယ်။ ဒါက ကလေးလေးကို ထွက်ရလွယ်အောင် လုပ်ပေးပါတယ်။ ခေါင်းကချွန်ပြီး ပုံပျက်နေရင်လည်း စိတ်မပူပါနဲ့။ နောက် နာရီပိုင်း၊ ရက်ပိုင်းလောက်ဆို ပြန်လုံးသွားမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကလေးလေးက နေရာအပြည့်ယူထားတော့ မေမေတွေ ပုံမှန်လောက်ပဲစားတောင် နေရခက်ပြီပေါ့။ နည်းနည်းနဲ့ ခဏခဏစားပါလို့ ထပ်ပြီးအကြံပြုပါရစေ။ ကလေးလေးက အောက်ပိုဆင်းလေ မေမေတွေ မအီမသာဖြစ်တာ၊ ရင်ခေါင်းတောင့်ပြီး အသက်ရှူရခက်တာ သက်သာလေပါ။

ပထမဆုံးမွေးတာဆိုရင် ဒီဖြစ်စဉ်က မမွေးခင် ရက်သတ္တပတ် အနည်းငယ်လောက်အလိုမှာ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး သူလေးအောက်ဆင်းသွားရင် ဗိုက်အောက်ပိုင်းမှာ ပိုဝန်ပိပြီး လမ်းလျှောက်ရတာ ပိုခက်လာပါတယ်။ ပြီးတော့ ဆီးပိုသွားစေပါတယ်။ ပိုပြီးနိမ့်လာရင် မိန်းမကိုယ်မှာပါ သွားဖိသလိုဖြစ်ပြီး နေရထိုင်ရခက်ပါတယ်။ တချို့တွေက ခြေထောက်၂ ဖက်ကြား ပူဖောင်းညပ်ထားတာထက်တောင် ဆိုးတယ်တဲ့။

သားအိမ်ကျုံ့တာလည်း ပိုများလာပါတယ်။ မီးဖွားမယ့်လက္ခဏာကို ဆရာဝန်နဲ့ သေချာဆွေးနွေးဖို့ မမေ့နဲ့နော်။ တကယ်လို့ ပုံမှန်ကိုယ်ဝန်ကို အရည်တွေဆင်းလာပြီ၊ သားအိမ်ကျုံ့တာလည်း ပိုစိတ်၊ ပိုကြာလာပြီဆို ဆေးရုံချက်ချင်းသွားပါ။ ကလေးလှုပ်တာ နည်းလာပြီ၊ ရေမြွာရည်တွေ ဆင်းလာပြီ၊ သွေးတွေ ဆင်းနေပြီလို့ထင်ရင်ဖြစ်ဖြစ်၊ အဖျားတက်တာ၊ ခေါင်းအရမ်းကိုက်တာ၊ ဗိုက်နာလာတာ၊ အမြင်ဝေဝါးလာသလိုဖြစ်ရင်ဖြစ်ဖြစ် ချက်ချင်းဆေးရုံသွားသင့်ပါတယ်။

36 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးခါနီးဆို အလေးချိန် မတက်တော့ပါဘူး။ မတက်တဲ့အပြင် ကျပါ ကျလာပါတယ်။ စိတ်မပူပါနဲ့။ ကလေးလေးက အလေးချိန် လိုက်မလျော့သွားပါဘူး။ ဒီလို အလေးချိန်မပြောင်းတော့တာ၊ လျော့လာတာက ကလေးလေးထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုတာပါ။ ရေမြွာရည်တွေကျပြီး အူတွေ ပြေလျော့လာတာကြောင့် အလေးချိန်ကျတာပါ။

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဆရာဝန်က ၅-၇မိနစ်တစ်ကြိမ် ကျုံ့တာတွေလိုမျိုး မီးဖွားမယ့် လက္ခဏာတွေကို ပြောပြမယ်။ ဆေးရုံကို အချိန်မီသွားနိုင်အောင်လို့ပါ။ တခြားမွေးခါနီး လက္ခဏာတွေကိုလည်း မေးထားသင့်ပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

စစ်ဖို့ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။

  • ကိုယ်အလေးချိန် (ဒီအခါမှာတော့ တချို့မေမေတွေက ကိုယ်အလေးချိန် မတက်တော့ဘဲ ကျပါကျနေတတ်ပါတယ်)
  • သွေးပေါင်ချိန် (ဒုတိယ၃လပတ်ထက် ပိုများနိုင်ပါတယ်)
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
  • ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းနေလားစစ်ခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်း စစ်ခြင်း
  • သန္ဓေသားအရွယ်နဲ့ ခေါင်းကမွေးမလား၊ ဆုံနဲ့ မွေးမလားစစ်ဆေးခြင်း

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

လိင်ဆက်ဆံခြင်း

နောက်ဆုံး၃လပတ်ကို ဒီအချက်တွေရှိနေရင် လိင်မဆက်ဆံသင့်တော့ပါဘူး။

  • အချင်းက ရှေ့မှာ ပိတ်နေမယ်ဆို လိင်တံက သားအိမ်ခေါင်းကိုထိရင် သွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။
  • မိန်းမကိုယ်က သွေးဆင်းနေရင်
  • ရေမြွာရည်စိမ့်ကျနေရင်
  • လမစေ့ဘဲမွေးဖူးရင်
  • သားအိမ်ခေါင်း မလုံရင်

တခြားကျန်းမာရေး ပြဿနာမရှိရင်တော့ မိမိသက်သာတဲ့ ပုံစံနဲ့ အတူနေလို့ ရပါတယ်။

နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size.

Accessed date 30/03/2015.

Pregnancy calendar week36. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week36.html.
Accessed date 30/03/2015.

Your pregnancy: 36 weeks. http://www.babycenter.com/6_your-pregnancy- 36-weeks_1101.bc.

Accessed date 30/03/2015.

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement