backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

19 ပတ်

19 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

19 ပတ် အရွယ် ကလေးလေးက ခရမ်းချဉ်သီးအပျော့အရွယ် ၂၄၀ ဂရမ်၊ ၁၅ စင်တီမီတာလောက်ရှိပါပြီ။

19 ပတ်

အခုဆို ကလေးလေးကို အဖြူရောင် ဖယောင်းလွှာအပျော့လို အရေပြားတစ်လွှာနဲ့ အကာအကွယ်ပေးထာပါတယ်။ ဒီဖယောင်းလွှာက ကိုယ်ဝန်ကာလကုန်ဆုံးမှ ပျောက်မှာပါ။ မွေးစကလေးတွေမှာ ဖယောင်းလွှာ ပါလာတတ်ပါတယ်။

ဒီအပတ်မှာ အညိုရောင်အဆီလွှာက ကလေးကိုယ်မှာပေါ်လာပြီး မွေးပြီးတဲ့အချိန်ကျရင် ကလေးလေးကို နွေးထွေးစေပါလိမ့်မယ်။ နောက်ဆုံး ၃ လပတ်ဆို အဆီတွေက ကလေးလေးကို အကာအကွယ်ပေးဖို့ ပိုပြီးဖွံ့ဖြိုးလာမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကလေးလေး လှုပ်ရှားတာကို ဒီအချိန်လောက်ဆို စသိပါပြီ။ ပထမဆုံးလှုပ်ရင် ခဏလေးနဲ့ ဖြည်းဖြည်းလေးဆိုတော့ လေပွတာနဲ့ မှားနိုင်ပါတယ်။ နောက်ပိုင်း ကန်တာ၊ လက်သီးနဲ့ထိုးမိတာ၊ ကြို့ထိုးတာတွေကို ထပ်သိလာမှာပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက် လှုပ်ရှားပုံမတူပါဘူး။ တကယ်လို့ ကလေးလေးလှုပ်ရှားတာတွေ အားနည်းနေတာမျိုးဆို ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

19 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်လို့ စိတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံနည်းအရသက်သေပြထားတဲ့ အထောက်အထားမရှိပါဘူး။ တချို့မိခင်တွေ သတိထားမိတာက မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်တဲ့။ ဒါပေမယ့် စိတ်ရောကိုယ်ပါ အပြောင်းအလဲ ဖြစ်တော့ မေ့တယ်ဆိုတာဖြစ်နိုင်ပါတယ်။

ဒီတော့ စိတ်အပြောင်းအလဲကို လိုက်လျောညီထွေနေပြီး ကိုယ်ဝန်နဲ့ပတ်သက်သမျှ အကောင်းဘက်ကတွေးပါ။ ဥပမာ- မိခင်ဖြစ်လာမယ့်ဘဝ၊ ကလေးလေးမွေးလာပြီးတဲ့နောက် ပျော်ရမယ့်အချိန်တွေကိုပေါ့။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ကလေးလေးက စစချင်းဆို လှုပ်ရင်လည်း တစ်နေ့လုံးလှုပ်ပြီး ငြိမ်တဲ့နေ့ကျ တစ်နေ့လုံးငြိမ်နေတာမျိုးတွေ ကြုံလာရမှာပါ။ ကလေးလေးရဲ့လှုပ်ရှားမှုက တဖြည်းဖြည်းနဲ့ ပုံမှန်ဖြစ်လာမှာပါ။ အဲဒီအခါကျမှ ကလေးလေးပုံမှန်လှုပ်ရှားမှုရှိမရှိ စစ်ဆေးကြည့်ပါ။ အနည်းဆုံး ၂၄နာရီအတွင်းမှာ ၁၀ကြိမ်လှုပ်ရပါမယ်၊၊

တကယ်လို့ ကလေးလေးရဲ့ လှုပ်ရှားမှုကို တစ်နေ့လုံးမခံစားရဘူးဆိုရင် ဒီနည်းတွေနဲ့ လှုံ့ဆော်ပေးလို့ရပါတယ်။

  •  နွားနို့တစ်ခွက် ဒါမှမဟုတ် လိမ္မော်ရည် တစ်ခွက် ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်ပဲသရေစာတချို့စားပြီး တစ်နာရီ နှစ်နာရီလောက် လှဲနေလိုက်ပါ။  ဘယ်ဘက်ကို စောင်းလှဲတာ ပိုကောင်းပါတယ်၊၊ ဒါကကလေးကို မကြာခင် အချိန်အတွင်းမှာ လှုပ်ရှားလာအောင် လုပ်ပေးမှာပါ။
  • ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင် နောက်ထပ်နာရီအနည်းငယ်ကြာတဲ့အခါ ထပ်လုပ်ကြည့်ပါ။ ဒါလည်း မလှုပ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားပြကြည့်ပေါ့နော်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်

ဒီအချိန်မှာ ရေမြွာရည် ထုတ်စစ်တာလုပ်ချင်ရင် လုပ်လို့ရပါတယ်။ ဒီစစ်ဆေးမှုက မဖြစ်မနေလုပ်ရမှာတော့ မဟုတ်ပါဘူး။ အကြောင်းရှိမှ စစ်ရတာပါ။ စစ်ဆေးမှုရဲ့ကောင်းကျိုးဆိုးကျိုးကိုတော့ ဆရာဝန်နဲ့သေချာ ဆွေးနွေးပါ။ ဒီနည်းက ကလေးလေးကို ဝန်းရံထားတဲ့ ရေမြွာအိတ်ထဲကအရည်ကို ထုတ်စစ်တာပါ။ ဒီစစ်ဆေးချက်က ကလေးမှာ မျိုးဗီဇရောဂါတွေ ပါလာနိုင်လားသိအောင်လို့ စစ်တာပါ။

ကျန်းမာဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

  • လိင်ကိစ္စ

ကိုယ်ဝန်ရှိချိန်မှာ လိင်ကိစ္စ ကိုအတားအဆီး ဖြစ်စေနိုင်လား။ ဒီအချိန်မှာ လိင်ကိစ္စက ကလေးလေးကို ထိခိုက်စေနိုင်တယ်လို့ ထင်နေကြတာလား။ စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်ကာလမှာ လိင်ဆက်ဆံလို့ပါတယ်။ ကိုယ်က ထူးထူးခြားခြားစောင့်ကြည့်နေရမယ့်အခြေအနေ မဟုတ်ဘူးဆိုရင်ပေါ့။

လိင်ဆက်ဆံလို့ရတယ်ဆိုပေမယ့် ဒီအချိန်မှာ ဆက်ဆံချင်နေမယ်လို့ မဆိုလိုပါဘူးနော်။ အမျိုးသမီးတော်တော်များများက ကိုယ်ဝန်ကာလတွေကိုလိုက်ပြီး လိင်စိတ်ကလည်းပြောင်းလဲပါတယ်။ လိင်စိတ်က ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ကလေးအရွယ်အစား၊ ခန္ဓာကိုယ်က တခြားအပြောင်းအလဲတွေကို လိုက်ပြီး ပြောင်းပါတယ်။

ဒီတော့အမျိုးသားနဲ့ သေချာဆွေးနွေးသင့်ပါတယ်နော်။ နှစ်ယောက်အတူတူရှိချိန်တွေက အရေးကြီးပါတယ်။

၂၀ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed date 3/30/2015.

Pregnancy calendar week 19.
http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week19.html.
Accessed date 3/30/2015.

Your pregnancy: 19 weeks. http://www.babycenter.com/6_your-pregnancy- 19-weeks_1101.bc. Accessed date 3/30/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

20 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ