မီးဖွားရလွယ်ခြင်းခက်ခြင်း ရဲ့ အရေးအပါဆုံး ကလေးအနေအထားတွေ အကြောင်း ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုယ်ဝန်စရှိလာတဲ့အချိန်တည်းက တစ်နေ့ပြီးတစ်နေ့ ဗိုက်ထဲမှာ ကိုယ့်အသွေးအသားလေးက တစတစ ကြီးထွားလာနေတာကိုူ အားလုံးသိကြမှာပါ။ စပြီး သန္ဓေတည်တုန်းကတော့ သေးသေးလေးဆိုတော့သားအိမ်ထဲမှာ ဟိုလှည့်ဒီလှည့် ကြိုက်သလိုနေရာကနေ မီးဖွားခါနီးအချိန်လည်း ရောက်ရော ကြီးလာတဲ့ ရင်သွေးလေးနဲ့ သားအိမ်နဲ့က အပြည့်ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ မီးဖွားရခက်မှာလား၊ ဖွားရလွယ်မှာလားဆိုတာကို စကားအပြောဆုံးကတော့ သားအိမ်ထဲက ရင်သွေးလေးတွေရဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒီတော့ ရင်သွေးလေးတွေက သားအိမ်တွေထဲ ဘယ်လို ပုံစံမျိုးတွေနဲ့ နေနေကြလဲဆိုတာ သိထားဖို့လိုပါတယ်။

ကိုယ့်ရင်သွေးလေးတွေ ဗိုက်ထဲမှာ ဘယ်လိုပုံမျိုးတွေနဲ့ နေနေကြတာလဲ ။ ။

( ၁ ) Anterior position

ဒီလို အနေအထားမျိုးမှာ ကလေးရဲ့ နောက်စေ့က မိခင်ရဲ့ ဗိုက်ဘက်မှာရှိပြီး ကလေးရဲ့မျက်နှာကတော့ မိခင်ရဲ့ ကျောဘက်ကို မျက်နှာမူထားတာပါ။ ကလေးရဲ့ မေးစေ့လေးကလည်း သူ့ရင်ဘတ်ရှိရာဆီ ကွေးနေတတ်ပြီး မိခင်ရဲ့ တင်ပဆုံ အရိုးကွင်းထဲကိုဝင်ဖို့ ငယ်ထိပ်က အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဆေးပညာအရဆို ဒါကို occipito-anterior ( နောက်စေ့အရှေ့ရောက် အနေအထား) ဒါမှမဟုတ် cephalic presentation (ခေါင်းနဲ့ဖွားမယ် ) လို့ခေါ်တတ်ကြပါတယ်။ ဒါ ရိုးရိုးမိန်းမကိုယ်ကနေ မီးဖွားဖို့အတွက် အသင့်တော်ဆုံးနဲ့ အလွယ်ကူဆုံး ပုံစံဖြစ်ပြီး မီးဖွားချိန်ဆို ကလေးဦးခေါင်းလေးက သားအိမ်ခေါင်းကို တဖြည်းဖြည်းတိုးဝင်လာပြီး သားအိမ်ခေါင်းကို ချဲ့စေပါတယ်။ ကိုယ်ဝန်သက် ၃၃ပတ်ကနေ ၃၆ ပတ် အတွင်းမှာ ဒီလိုမျိုး မိခင်ရဲ့ တင်ပဆုံအရိုးကွင်းထဲ ကလေးခေါင်းဆင်းလာတတ်ပါတယ်။

( ၂ ) Posterior Position

ဒီ အနေအထားကတော့ အပေါ်ကနဲ့ဆန့်ကျင်ဘက်ပါ။ ကလေးရဲ့ မျက်နှာက မိခင်ဗိုက်ဘက်ကို မျက်နှာမူထားပြီး နောက်စေ့ကတော့ မိခင်ကျောဘက်ကို မျက်နှာမူထားတာပါ။ ဆေးပညာမှာဆိုဒါကို နောက်စေ့ အနောက်ဘက်ရောက်အနေအထား ( occipito posterior) လို့ခေါ်ကြပါတယ်။ မီးဖွားခြင်းမှာ ဒီပုံစံနဲ့ ကလေးဆင်းလာတတ်ပေမယ့် ကလေး ၁၀ ယောက်မှာ ၁ယောက်လောက်က ပုံစံအမှန်ဖြစ်တဲ့ occipito-anterior အနေအထားကို မီးဖွားနေရင်းနဲ့ပဲ ပြန်လည်သွားတတ်ပါတယ်။ ဒါပေမယ့် ပုံစံအမှန်ကို ပြန်မလည်သွားတဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ဒီလို အနေအထားနဲ့ ကလေးဆင်းလာပြီဆိုရင် မီးဖွားချိန် ကြာတတ်ပြီး ဗိုက်နာ ခါးကိုက်တာတွေကိုလည်း ပိုဖြစ်စေပါတယ်။

( ၃ ) Breech Delivery ( တင်ပဆုံဖွား )

တင်ပဆုံဖွားဆိုတာကတော့ နာမည်အတိုင်း ကလေးက ခေါင်းနဲ့ ဆင်းမလာဘဲ တင်ပဆုံပိုင်းနဲ့ ဆင်းလာတဲ့ အနေအထားကိုပြောတာပါ။ မြင်လွယ်အောင် ပြောရမယ်ဆိုရင် ကလေးကို ဗိုက်ထဲကမှာ ထိုင်နေသလိုမျိုးပေါ့။ တင်ပဆုံဖွားကို ၃ မျိုး ခွဲလို့ရပါတယ်။

  • Complete breech – ကလေးရဲ့ တင်ပဆုံ အပိုင်းဟာ မွေးလမ်းကြောင်းတည့်တည့်မှာ ရှိနေပြီး တင်ပလ္လင်ခွေထိုင်နေတဲ့ ပုံစံမျိုးရှိနေတာကို ဆိုလိုတာပါ။
  • Frank breech – ကလေးရဲ့ တင်ပဆုံက မွေးလမ်းကြောင်းတည့်တည့်မှာ ရှိနေတယ်ဆိုပေမယ့် ခြေထောက်တွေကတော့ ကလေးရင်ဘတ် ( ဒါမှမဟုတ် ) ခေါင်းနားလောက်ကို ရောက်နေတတ်ပါတယ်။
  • Footling breech – ကလေးရဲ့ တင်ပဆုံက မွေးလမ်းကြောင်းရှိနေပြီး ခြေထောက်တစ်ဘက်ကတော့ မွေးလမ်းကြောင်းတည့်တည့်မှာရှိတာကို ပြောတာပါ။ မြင်လွယ်အောင် ပြောရရင် ခြေထောက်တစ်ဘက်ချပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ ပုံစံမျိုးပေါ့။

ဆုံပိုင်းနဲ့ မီးဖွားတာက လုံးဝကို သင့်တော်တဲ့ ပုံစံမဟုတ်ပါဘူး။ သေးငယ်တဲ့ မွေးလမ်းကြောင်းထဲကို ကလေးရဲ့ အကြီးဆုံး အပိုင်းဖြစ်တဲ့ တင်ပဆုံကြီးက ဝင်ရမယ်ဆိုတော့ တစ် နေမှာ ကျိန်းသေပါတယ်။ တစ်ချို့ ကံကောင်းပြီး ဆုံပိုင်းနဲ့ အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလို ဆုံပိုင်းနဲ့ မီးဖွားခြင်းက မီးဖွားချိန်ကြာတာ၊ မီးဖွားရခက်တာတွေအပြင် ကလေးလည်ပင်းချက်ကြိုးပတ်တာ စတဲ့ စိုးရိမ်ရတဲ့ အနေအထားတွေကိုဖြစ်စေနိုင်ပါတယ်။ ဒ့ါကြောင့် ဆရာဝန်တော်တော်များများက ကလေးကဆုံပိုင်းနဲ့ ဖွားမယ်ဆိုတာကို စမ်းသပ်သိရှိထားရင် ကလေးခေါင်းနဲ့ပြန်ဖွားအောင် မီးဖွားမယ့်ရက်မတိုင်ခင် external cephalic version (ECV) ဆိုတဲ့ အပြင်ကနေ ကလေးကို ပြန်လှည့်တဲ့ ကုသမှုကို လုပ်ပေးတတ်ကြပါတယ်။ တကယ်လို့ ECV လုပ်ပြီးတာတောင် ကလေးက ပြန်လည်မလာဘူး၊ မွေးချိန်ကြာပြီး မွေးရလည်း ခက်နေတတ်တယ်ဆိုရင် ဗိုက်ခွဲမွေးရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးအနေအထားကို ကြိုသိဖို့ ကိုယ်ဝန်သည် တွေ အာထရာဆောင်း ရိုက်ဖို့လိုတာပါ ။ ။

( ၄ ) ကန့်လန့်အနေအထား ။ ။

ဒီလို အနေအထားမှာ ကလေးက မွေးလမ်းကြောင်းတည့်တည့်ကို ကျောကြီးနဲ့ ပိတ်ထားပြီး အိပ်နေတဲ့ ပုံစံမျိုးပါ။ မီးမဖွားခင်အချိန်ထိတော့ ဒီလိုပုံစံမျိုးနဲ့ နေနေတတ်ပေမယ့် မီးဖွားချိန်မှာဆို ကလေးကိုယ်ခန္ဓါပြန်လည်သွားပြီး ခေါင်းနဲ့ပြန်ဖွားတတ်ပါတယ်။ ပြန်မလည်ခဲ့ဘူးဆိုရင်တော့ ဘယ်လိုမှ ရိုးရိုးမွေးလို့မရဘဲ ခွဲမွေးကို မွေးရမယ့် အနေအထားတစ်ခုပါ။ မဟုတ်ရင် ကလေးချက်ကြိုးပတ်တာ၊ ချက်ကြိုးထွက်ကျလာတာတွေ ဖြစ်တတ်တာကြောင့်ပါ။

ကလေးက ပြန်လည်တတ်လား ။ ။

ကလေးတွေဆိုတာ အပြင်ရောက်မှ မဟုတ်ပါဘူး။ ဗိုက်ထဲမှာတည်းက အငြိမ်ကို မနေတတ်တာကြောင့် ၃၆ ပတ် မပြည့်မချင်း အနေအထား အမျိုးမျိုး ပြောင်းပါတယ်။ ဒါ့ကြောင့် ၃၆ပတ် မတိုင်ခင် အာထရာဆောင်းရိုက်လို့ ကလေးက မွေးရခက်တဲ့ အနေအထားမျိုး ဖြစ်နေရင် အရမ်းကြီး မစိုးရိမ်ပါနဲ့။ ၃၆ပတ်မတိုင်ခင်ဆို ကလေးက ပြန်လည်သွားတတ်လို့မွေးရလွယ်တဲ့အနေအထားပြန်ရောက်သွားမှာပါ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတစ်ယောက် လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

ဘေဘီလေး မေမေတွေ ကျန်းမာရေးစောင့်ရှောက် ကိုယ်ဝန်ဆောင်မေမေ သားဖွားမီးယပ်ဆရာဝန် ကိုယ်ဝန်ဆောင်ကာလ သွေးစစ် သားအိမ်ခေါင်းစစ်ဆေးမှု သားအိမ်အနေအထား Down Sydrome

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)

ရေမြွှာညစ်နေရ ရေမြွာရည်မွန်း ရေမြွှာညစ် ရေမြွှာ meconium meconium aspiration syndrome အသက်ရှူရခက် မီးဖွားချိန်ကြာ မီးဖွားရခက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

မီးဖွားရခက်ပြီး မီးဖွားချိန် ကြာတဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

မီးဖွားချိန်ကြာ မီးဖွားရခက် မီးဖွား ရေမြွှာရေမွန်း သားအိမ်ညှစ်အားကျ ညှပ်ဆွဲမွေး လေစုပ်မွေး မွေးလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

CT scan ဆိုတာဘာလဲ။ ။

Ct Scan CT ရိုက် ကိုယ်တွင်းကလီစာ ကွန်ပျူတာ ပုံရိပ်ဖော် သွေးစစ်ဆီးစစ် ရင်ဘတ်ဓါတ်မှန် ဓါတ်ရောင်ခြည် အရိုး အာထရာဆောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read
ရာသီဥတုဖေါက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 4, 2020 . 2 mins read

ဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေခဲ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 24, 2020 . 2 mins read
အချင်းရှေ့ရောက် ခြင်း

အချင်းရှေ့ရောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2020 . 2 mins read