ကိုယ်ဝန်ကြောင့် ပျို့အန်တာကို သက်သာချင်ရင် ဒါတွေစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မေမေတိုင်း ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ ရင်သွေးလေးတစ်ယောက် ပိုင်ဆိုင်ရတော့မှာ မို့လို့ ပျော်ကြတဲ့သူချည်းပါ။ ဒါပေမယ့် ဒီလိုပျော်ရွင်ရတဲ့ ခံစားမှုလေးကို ဖျက်စီးနေတဲ့ အနှောင့်အယှက်တစ်ခုရှိပါတယ်။ သူကတော့ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန် မူးဝေ ပျို့အန်ခြင်းပါ။

ကိုယ်ဝန်စရြိှပီဆိုတာနဲ့ မေမေတိုင်း ကြုံတွေ့ရမယ့် ဒီ morning sickness ကြောင့် တစ်ချိန်လုံး ခေါင်းမူး၊ နုန်းခွေ ပျို့အန်ချင်ပြီး ဘာမှ စားချင်သောက်ချင်စိတ် မရှိတော့ဘဲ အပျော်တွေ တောင် ပျောက်ကုန်တယ်မလား။ အရင်တုန်း ကိုယ်တစ်ယောက်တည်းဆိုတော့ စားချင်သောက်ချင်စိတ်မရှိရင် မစားလိုက်ရုံပဲ။ ခုကျ ကိုယ့်ရင်သွေးလေးပါရှိလာပြီဆိုတော့ မစားဘဲနေလို့ မရတော့ဘူးလေ။ ဘေဘီလေး ကောင်းကောင်းဖွံဖြိုးဖို့အတွက် အာဟာရ လိုအပ်တယ်ဆိုတော့။

အစားစားချင်စိတ်မရှိပေမယ့် စားမှ ဖြစ်မှာဆိုတော့ ဘယ်လို အစားအစားတွေကိုစားရင်ကောင်းမလဲ။ ဘယ်လိုပုံစံမျိုးလေးတွေ လုပ်စားရင် ကိုယ်ဝန်ကြောင့် မူးဝေအော့အန်တာကို သက်သာသွားမလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

  • မနက်နိုးနိုးချင်း cracker နှစ်ချပ်လောက်စားကြည့်ပါ – အိပ်ရာနိုးတဲ့အချိန် ဗိုက်ထဲမှာ ဘာအစားမှ ရှိမနေခြင်းက ကိုယ်ဝန်ကြောင့် ပျို့အန်ချင်တာကို ပိုဆိုးစေတဲ့အတွက် နိုးနိုးချင်း cracker နှစ်ချပ်လောက်စားပြီးမှ အိပ်ရာထပါ။ အချိုကဲတဲ့ cracker အစား အငန်ကဲတဲ့ cracker ဆို ပိုကောင်းပါတယ်။
  • ငှက်ပျောသီး၊ ပန်းသီးနဲ့ သစ်တော်သီးတို့မှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်က ခဏခဏ မူးဝေအော့အန်ခြင်း မဖြစ်အောင်လို့ တားဆီးပေးနိုင်မှာပါ။
  • လိမ္မော်သီး ဖျော်ရည်၊ သံပုရာရည်တွေ သောက်ပေးလို့ရပါတယ်။ အရသာ ချိုချဉ်ချဉ်လေးနဲ့ လန်းဆန်းတဲ့အနံ့လေးက မူးဝေခြင်းအားလုံးကိုအနိုင်ယူသွားမှာပါ။
  • အငွေ့တထောင်းထောင်းထတဲ့ အစားအသောက်တွေက အနံ့ပြင်းပြီး မူးဝေခြင်းကို ပိုဖြစ်စေလို့ ချက်ပြုတ်ပြီး ချက်ချင်းမစားဘဲ အအေးခံပြီးမှ စားပါ။
  • ကာဘိုဟိုက်ဒရိတ် တွေဖြစ်တဲ့ အာလူးဖုတ်၊ ထမင်းနဲ့ ပေါင်မုန့်ခြောက်တို့ကလည်း မူးဝေပျို့အန်ခြင်းကနေ ကာကွယ်နိုင်မှာပါ။
  • အစားကို နည်းနည်းစီနဲ့ အကြိမ်ရေ များများစားပေးပါ။ ကိုယ်စားတဲ့အစားအစာတွေကလည်း အာဟာရပြည့်ဝနေဖို့လိုပါသေးတယ်။
  • ရေများများသောက်ပါ။ ရေဓါတ်ခမ်းခြောက်ခြင်းက မူးဝေအော့အန်ခြင်းကို ပိုဆိုးစေတာကြောင့် ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။
  • ဂျင်းလက်ဖက်ရည်တို့၊ ပူစီနံ လက်ဖက်ရည်တို့ဟာ အစာအိမ်ကို အားကောင်းစေတာကြောင့် အစာမကြေချင်တာ ပျို့အန်ချင်တာတွေကို သက်သာစေမှာ အသေအချာပါ။ အရမ်းကြီး ပူစပ်နေလို့တော့ မရဘူးပေါ့။

ဒါလေးတွေ သာသိထားလို့ကတော့ မူးဝေအော့အန်ပြီး အစားစားချင်စိတ်မရှိတဲ့ မေမေတို့ ကိုယ်ဝန်ကြောင့် မူးဝေတာလည်းသက်သာသွားမယ်၊ အာဟာရမရှိလို့ ကလေးထိခိုကမှာလည်း မပူရတော့ဘူးနော်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး

ကိုယ်ဝန်ဆောင် ၉လဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံး လတွေပါပဲ။ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ဆရာဝန်နဲ့ ပုံမှန်ရက်ချိန်းပြပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ

တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိမ်းချုပ်ထားမိတတ်ပါတယ်။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

ဝမ်းမည်းတာဟာ အစာအိမ်အူလမ်းကြောင်းမှာ သွေးယိုစီးခြင်း၊ ထိခိုက်မှုဖြစ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းအရောင်မည်းတာ အစားအသောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

ချဉ်ဆီရည် ဖြည့်မယ်ဆိုရင် ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်စားပါ။ ငါးစားပါ။ အငန်လျှော့ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ကိုဘ်အလေးချိန်ထိန်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read