မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ

    မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါကို ဘယ်လိုစီမံမလဲ

    အမျိုးသမီးတစ်ဝက်ခန့်တွင် ကလေးမွေးပြီး ရက်အနည်းငယ်လောက် စိတ်ကျရောဂါ အနည်းငယ် ဝင်နေတတ်သည်။ ထို့ကြောင့် သင်လည်း မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ဖြစ်နေလျှင် သင်တစ်ယောက်တည်း ဖြစ်နေသည်မဟုတ်ပါ။

    သင်လုပ်သင့်သည်မှာ အသက်ကိုလေးလေးရှူပြီး အောက်ပါအဆင့်များကို လိုက်နာကာ သင့်ရောဂါကို ကိုယ်တိုင်စီမံကြည့်ပါ။

    မီးဖွားပြီးနောက် ဝမ်းနည်းပူဆွေးခြင်း

    စစ်တမ်းများအရ ပထမဆုံးအကြိမ် မိခင်ဖြစ်လာသော အမျိုးသမီး ၈၀% တွင် မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါ(PRD) ဖြစ်တတ်ကြောင်း တွေ့ရှိထား၏။ လက္ခဏာများသည် များသောအားဖြင့် ကလေးမွေးပြီး ၂ရက်ခန့်အကြာမှ ပေါ်လာပါသည်။

    ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ဝန်ဆောင်ဟော်မုန်းများ ရုတ်တရတ် ထိုးကျသွားသလို ကလေးအတွက် တောက်လျှောက် ဂရုစိုက်မှုပေးရမည့် ခန္ဓါကိုယ်အဖြစ် ပြောင်းလဲမှုများ ရှိလာသောကြောင့်ဖြစ်သည်။

    မီးဖွားပြီးနောက်ဖြစ်သော ပူဆွေးဝမ်းနည်းခြင်းသည် ၄ ရက်မြောက်နေ့တွင် ထိပ်ဆုံးထိရောက်နိုင်ပြီး တစ်နှစ်လောက်ထိအောင် ကြာသွားနိုင်ပါသည်။ များသောအားဖြင့် ဟော်မုန်းပြောင်းလဲမှုများ ရပ်သွားသည့် ၂ ပတ်အကြာ၌ ပြန်ကောင်းလာပါသည်။

    ညအိပ်မပျော်ခြင်း၊ ရှင်းမပြနိုင်သည့် မျက်ရည်များ၊ ရှုပ်ထွေးသည့် ခံစားမှုများ၊ စိတ်အခြေအနေပြောင်းခြင်း၊ ဟော်မုန်းပြောင်းခြင်း စသည်တို့သည် ထိုရောဂါ၏ လက္ခဏာတစ်ချို့ပင်ဖြစ်သည်။ ထိုကာလတွင် သူတို့သည် မကောင်းသည်များတွေးခြင်း မိခင်မဖြစ်ထိုက်ကြောင်းယုံကြည်နေခြင်း စသည်တို့ကို တွေးတောနေတတ်၏။

    PRD ကိုစီမံနိုင်မည့်နည်းလမ်းများ

    ကြောက်စေမည့်အရာများကိုရှောင်ပါ

    PRD ရှိသော အမျိုးသမီးများသည် ထိလွယ် ရှလွယ်ကြ၏။ သူတို့မြင်နေသမျှအရာအားလုံး သူတို့နှင့်ပါတ်သတ်နေသည်ဟု တွေးကြ၏။ ထို့ကြောင့် သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ပဲ ထိုအတွေးများတွင်သာ ပိတ်မိနေတတ်သည်။

    သင့်စိတ်တွင် မကောင်းသည်များ မတွေးမိစေရန်အတွက် တတ်နိုင်သမျှ အကောင်းမြင်နိုင်မည့် ပုံရိပ်များကို ဖော်ထုတ်ဖို့ရာ အရေးကြီး၏။ ထိတ်လန့်စရာ ဇာတ်ကားများ၊ သရဲစာအုပ်များ၊ သည်းထိတ်ရင်ဖိုဇာတ်လမ်းများကို ရှောင်ပါ။

    သတင်းများ အထူးသဖြင့် အလွန်ပွေလီသည့် သတင်းများကို မဖတ်ပါနှင့်။ အင်တာနက်သုံးလျှင် သတိနှင့်သာသုံးပါ။

    အင်တာနက်စာမျက်နှာများကို သိပ်အားမကိုးပါနှင့်

    သင်ရွေးချယ်ထားသည့် အင်တာနက်စာမျက်နှာများမှ သတင်းအချက်အလက်များသည် သင့်စိတ်ကို တိုက်ရိုက်သက်ရောက်နိုင်ပါသည်။ မိခင်များအတွက် ဖွင့်ထားသော တစ်ချို့ Forum များတွင် ရေးထားသည်များက တိကျမှုမရှိနိုင်ပါ။

    မန်ဘာဝင်များအားလုံး သူတို့အခြေအနေ သူတို့အတွေ့အကြုံ အကြံဉာဏ်တွေကို ရောသပွမ်း တင်ထားနိုင်သည်။ သို့သော် သင်သတိပြုရမည်မှာ သူတို့သည် သင့်အခြေအနေကို ရှင်းရှင်းလင်းလင်း မသိနိုင်သဖြင့် အကောင်းဆုံးဖြေရှင်းချက်ကိုလည်း ပေးနိုင်ကြမည်မဟုတ်ပါ။

    ကုသမှုများ ရလဒ်များအရ လူတစ်ချို့တွင် စိတ်ကျရောဂါမှ ပျောက်သွားနိုင်သော်လည်း တစ်ချို့တွင် မပျောက်ပါ။ အဖက်ဖက်မှ အချက်အလက်များရယူပြီး ရလဒ်များကို ချိန်ကြည့်ခြင်းက သင့်ကိုပိုဆိုးဝါးစေနိုင်ပါသည်။

    သင့်ဘဝကို အစီအစဉ်အချမလွန်ပါစေနှင့်

    ကျန်းမာရေး သို့မဟုတ် အလုပ် ဘယ်တစ်ခုကို သင်ရွေးမလဲ။ အရာအားလုံး အချိန်တိုတွင်း ပြည်စုံစွာပြီးမြောက်ဖို့ လိုအပ်သလာ။ တကယ်လိုလား။ သင့်၌ အိမ်အလုပ်လုပ်စရာရှိမည်။ သို့သော် အချိန်တိုင်း ပြီးပြည်စုံနေဖို့ မလိုပါ။ ထို့ကြောင့် သင့်ကိုယ်သင် ဖိအားများများမပေးခြင်းက ပိုအဆင်ပြေပါလိမ့်မည်။

    အထောက်အကူမရသည့်လူများနှင့် ဝေးဝေးနေပါ

    သင့်ရောဂါအခြေအနေကို အမြဲတမ်းဒေါသပုန်ထပြီး အပြစ်တင်နေသည့်လူများ သင့်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မှတ်ယူနေသူများကို သည်းညည်းခံပြီး နေနေမည့်အစား သင့်ဖက်မှာနေပြီး သင်ပြောသမျှနားထောင်ပေးမည့်သူများနှင့် အချိန်ကိုအသုံးချလိုက်ပါ။

    သင့်ကို ကိုယ်ချင်းစားမည့် အမျိုးသမီးတစ်ဦးကိုရှာခြင်း သို့မဟုတ် ဒီလိုပူဆွေးစိတ်ကျမှုကို အတွေ့အကြံရှိသူကိုရှာခြင်းက အကောင်းဆုံးပင်။ ထိုမှသာ သူမမှ သင်လိုသမျှအရာများကို ဝေမျှပေးနိုင်မည်ဖြစ်သည်။

    ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် ဆရာဝန်များ ကျန်းမာရေးကျွမ်းကျင်သူများ၏ အကြံပြုချက်များ ဖြစ်သောကြောင့် သင်၏ PRD အတွက် အထောက်အကူ ဖြစ်ပါလိမ့်မည်။

    သို့သော် ဒီအချက်တွေကို ရွေးချယ်စရာတစ်ခုအဖြစ်သာ ယူဆပါ။ သင်၏ PRD သည် တကယ့်ကိုပြင်းထန်နေပါက သင့်ဆရာဝန်ဆီမှ အကြံဉာဏ်တောင်းခံပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။