ကျန်းမာတဲ့ ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အစားအသောက်ကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို ဂရုစိုက်ပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာပျော်ရွှင်စေမှာဖြစ်တာကြောင့် မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင် ကာလမှာ အာဟာရပြည့်ဝစွာ စားသုံးဖို့လိုပါမယ်။ ဒီတော့ အာဟာရပြည့်ဝအောင် ဘာတွေစားရမလဲလို့ သိချင်နေပြီလား။ ဒါဆိုရင် ကိုယ်ဝန်ဆောင် မေမေ ဘာတွေစားမလဲ….. ဆိုတာကို ပြောပြပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့် စေချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် မှာ ပြည့်ဝဖို့လိုမယ့် အာဟာရဓာတ်တွေက ဘာတွေများလဲ……
ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ဆိုရင်
မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင် မေမေ ဘာတွေစားမလဲ….. ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝမှ မေမေရော ဘေဘီလေးပါကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစေဖို့အတွက် မေမေ့အနေနဲ့ ဒါလေးတွေ စားပေးတာက အသင့်တော်ဆုံးဖြစ်မှာပါ။
ကန်စွန်းဥ
ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ခန္ဓာကိုယ်ထဲရောက်သွားတဲ့ အခါ ဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီး ဘေဘီလေးရဲ့ ဆဲလ်တွေ တစ်ရှူးတွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုကလည်း မေမေ့ကို အဆာခံနိုင်စေပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်အောင် ထိန်းညှိပေးနိုင်သလို အစာခြေစနစ်ကို ကျန်းမာအောင်စောင့်ရှောက်ပေးပါတယ်။
ဆယ်လ်မွန်
ဆယ်လ်မွန်မှာ omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် ဘေဘီလေးရဲ့
ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကောင်းစေဖို့ ဉာဏ်ကောင်းတဲ့ ဘေဘီလေးအဖြစ်မွေးဖွားလာစေဖို့ မေမေတိုင်း စားပေးသင့်ပါတယ်။ ဘေဘီလေးရဲ့ ဦးနှောက် နဲ့
အမြင်အာရုံ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ တစ်ပတ်ကို ၂ ကြိမ်လောက် ဆယ်လ်မွန်ငါး စားပေးသင့်ပါတယ်။
ဥအမျိုးမျိုးက အာဟာရကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ ကယ်လ်လိုရီကြွယ်ဝသလို ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နောက်တစ်ချက်က ဥအမျိုးမျိုးမှာ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေပြီး ကျန်းမာရေးကောင်းစေတဲ့ Choline ကြွယ်ဝစွာပါဝင်နေပါတယ်။ ဘေဘီလေးကို ဦးနှောက် အကောင်းဆုံးဖွံ့ဖြိုးစေဖို့ စားပေးသင့်ပါတယ်။
ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနွယ် တို့လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝလုံလောက်စွာပါဝင်နေပါတယ်။
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် A၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖောလိတ် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်သလို ပေါင်မပြည့်တဲ့ ဘေဘီလေးမွေးဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
အမဲသား၊ ဝက်သား၊ ကြက်သား တွေက အရည်အသွေးမြင့် ပရိုတင်းကြွယ်ဝစွာရရှိနိုင်တဲ့ အစားအစာအရင်းမြစ်တွေပါ။ အမဲသား နဲ့ ဝက်သားမှာ
သံဓာတ်၊ choline နဲ့ ဗီတာမင် B အုပ်စုတို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ သံဓာတ်ကြွယ်ဝမှုက သံဓာတ်ချို့တဲ့တာကြောင့်
သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ပေါင်မပြည့်တာ၊ လမစေ့ဘဲမွေးဖွားတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်ရီသီးမှာ
ရေဓာတ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်၊
ဗီတာမင် C၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှု ကောင်းအောင် အားဖြည့်ပေးပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက
ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ကယ်လ်လိုရီ လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ပေးနိုင်တယ်။ ကောက်နှံတွေက အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေသလို ဗီတာမင် နဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင် မေမေတိုင်းအတွက်လိုအပ်တဲ့
ပရိုတင်း၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။
ထောပတ်သီးမှာ ကိုယ်ဝန်ဆောင်မေမေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် B (အထူးသဖြင့် ဖောလိတ်)၊ ဗီတာမင် K၊ ပိုတက်ဆီယမ်၊ ကော့ပါး၊
ဗီတာမင် E၊ ဗီတာမင် C၊ အကျိုးပြုအဆီတို့ပါဝင်နေပါတယ်။ အကျိုးပြုအဆီတွေက ဘေဘီလေးရဲ့ အရေပြား၊
ဦးနှောက် နဲ့ တစ်ရှူးတွေကို အကောင်းဆုံးတည်ဆောက်ပေးပြီး အာရုံကြောတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။
ပိုတက်ဆီယမ် ကြွယ်ဝမှုက ကိုယ်ဝန်ဆောင်ကာလမှာ
ကြွက်တက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့အတွက်
ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ရေဓာတ်နည်းနေတဲ့အခါ မေမေအနေနဲ့ ခေါင်းကိုက်တာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊
ခြေကုန်လက်ပန်းကျတာ၊ စိတ်ခံစားမှု မကောင်းတာ၊ မေ့တတ်တာတွေဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက်ပေးတာက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို
ဆီးလမ်းကြောင်းပိုးဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။