backup og meta

မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကိုထိခိုက်စေနိုင်တဲ့အချက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကိုထိခိုက်စေနိုင်တဲ့အချက်တွေ

    အစားမတော် တစ်လုတ် ဆိုတဲ့စကားအတိုင်း နို့တိုက်မေမေတစ်ယောက်အနေနဲ့ အစားအစာတိုင်းကို စားဖို့က မသင့်တော်ပါဘူး။ နို့တိုက်နေရလို့ အာဟာရပြည့်အောင်စားရမယ်ဆိုပေမယ့် ဒီအစားအစာတွေကတော့ မေမေ့ရဲ့နို့ချိုထွက်ရှိမှု အပေါ်မှာ ထိခိုက်နိုင်တာကြောင့် နို့တိုက်နေရတဲ့ မေမေတို့အနေနဲ့ ရှောင်စေချင်ပါတယ်။

    မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကို ထိခိုက်စေနိုင်တဲ့အချက်တွေက ဘာတွေများလဲ……

    ဘေဘီလေးကို မိခင်နို့ချို ပြည့်ပြည့်ဝဝတိုက်ကျွေးချင်တဲ့ မေမေ့ရဲ့ ဆန္ဒလေးပြည့်ဝစေဖို့ ဒါလေးတွေကို ဂရုစိုက်ပါ။ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးနိုင်ဖို့ အစားများများစားဖို့လိုသလို အစားအစာ တစ်ခုချင်းစီတိုင်းကိုလည်း သေချာဂရုစိုက်ဖို့လိုပါမယ်။ မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးဖို့အတွက် တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၂၅၀၀၀ ကနေ ၃၀၀၀၀ လောက်လိုအပ်မှာပါ။ ဒီအတွက် အစားများများစားဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒါပေမယ့် အစားမတော်တလုတ်ကြောင့် နို့ချိုထွက်ရှိမှုကို မထိခိုက်စေဖို့အတွက် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။

    ဘာတွေရှောင်ရမလဲ……

    နို့တိုက်နေရတယ်ဆိုရင် ဒါတွေကိုမစားပါနဲ့။

    ပင်လယ်စာ

    ငါးက ပရိုတင်းကြွယ်ဝသလို omega-3 fatty acids လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေတာကြောင့်  နို့တိုက်မေမေတွေနဲ့ သင့်တော်တယ်ဆိုပေမယ့် ပြဒါးများတဲ့ ငါးတွေကတော့ မစားတာ အကောင်းဆုံးပါ။ အကြောင်းကတော့ ပြဒါးဓာတ်က ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ပင်လယ်စာတွေက ပြဒါးဓာတ်ပါဝင်မှုမြင့်လို့ နို့တိုက်မေမေအနေနဲ့ မသင့်တာ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေအနေနဲ့ ငါးစားချင်ရင် ရေချိုငါးကိုပဲစားပေးပါ။

    ဘေဘီလေးတွေမှာ နွားနို့နဲ့ဓာတ်မတည့်တာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်နေရတယ်ဆိုရင် နွားနို့ကို မသောက်တာက အဆင်အပြေဆုံးပါ။ ကလေး ၁ နှစ်ကျော်လောက်မှ သောက်ဖို့ အကြံပြုပါရစေ။

    အယ်လ်ကိုဟော

    မိခင်နို့ထဲမှာ အယ်လ်ကိုဟောပါဝင်မှုက ဘေဘီလေးကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သောက်ပြီး အချိန်တော်တော်​ကြာတဲ့အထိ သွေးထဲမှာရှိနေနိုင်တာကြောင့် နို့တိုက် မေမေတစ်ယောက်အနေနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို လုံးဝရှောင်တာ အကောင်းဆုံးပါ။

    ကဖင်း

    ကိုယ်ဝန်ဆောင်နေချိန်မှာရော နို့ချိုတိုက်နေရချိန်မှာပါ မေမေတစ်ယောက်အနေနဲ့ ကဖင်းကိုရှောင်တာက အကောင်းဆုံးပါ။ ကဖင်းက အရမ်းနည်းရင် ကလေးကို မထိခိုက်စေနိုင်ပေမယ့် တအားများလာရင်တော့ ကလေးရဲ့ အိပ်စက်မှုကနေစလို့  ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်နေရတယ်ဆိုရင် ကဖင်းပါတဲ့ ကော်ဖီ၊  လက်ဖက်ရည်၊ လက်ဖက်သုပ်၊ အားဖြည့်အချိုရည်တွေ၊ ကိုလာစတာတွေကို ရှောင်ဖို့လိုပါမယ်။

    ပူစီနံ

    ပူစီနံက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် နို့တိုက်မိခင်နဲ့တော့ မသင့်တော်ပါဘူး။ ပူစီနံအများကြီးစားမိတာက နို့ထွက်မှုကို နည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်နေရတယ်ဆိုရင် ပူစီနံကို လျှော့စားသင့်ပါတယ်။

    ဇီယာရွက်

    ချောင်းဆိုးတာကို သက်သာစေပြီး အသက်ရှုလမ်းကြောင်းကို ကျန်းမာစေတဲ့ ဇီယာရွက်က နို့တိုက်မေမေအတွက်တော့ အဆင်မပြေပါဘူး။ အကြောင်းက ဇီယာရွက်ကို အလွန်အကျွံအသုံးပြုမိတာက နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့်ပါ။

    ဂေါ်ဖီရွက်

    နို့ထွ်အောင် ဟင်းခါးသောက်ရမယ်ဆိုပြီး အလွယ်တကူ ဂေါ်ဖီရွက်ကို ဟင်းချိုချက်သောက်တာမျိုး မလုပ်ပါနဲ့။ ဂေါ်ဖီက တစ်နေ့ကို နှစ်ကြိမ်နဲ့အထက် စားမိရင် မိခင်နို့ထွက်ရှိမှု ပမာဏကို ထိခိုက်စေနိုင်ပါတယ်။

    ဒါတွေအပြင် ကြက်သွန်နီကိုက်လန်စတာတွေကိုလည်း နို့တိုက်မေမေအနေနဲ့ အရမ်းအများကြီးမစားသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement