နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်လို့ သိထားသင့်သည်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဒီခေတ်ကြီးမှာနည်းပညာတွေ ဆန်းသစ်ထွန်းကားလာနေပေမယ့် ကျန်းမာရေး ပြဿနာတွေကတော့ မရိုးနိုင်အောင် ဖြစ်နေဆဲပါပဲ။ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အပါအဝင်ပေါ့။ ဒီလို ပြဿနာတွေထဲကတစ်ခုကအသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ပဲ ဖြစ်ပါတယ်။
ဒီအခြေအနေဟာဆိုးရွားပြင်းထန်ပြီး အန္တရာယ်ရှိတဲ့အတွက် အမျိုးသမီးအများစုဟာနေရာလွဲမှားသန္ဓေတည်မှာကိုစိုးရိမ်ကြပါတယ်။ ဒါဟာသူတို့ အလွန် မဟုတ်ပါဘူး။ နေရာလွဲမှားသန္ဓေတည်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိဒုက္ခပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဒီဆောင်းပါးမှာဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ဆိုတာဘာလဲ။

ပုံမှန်အားဖြင့် မမျိုးဥဟာ ဖိုသုက်ပိုးနဲ့ ထိတွေ့ပေါင်းစပ်ပြီးတဲ့နောက် မျိုးအောင်သွားတဲ့ ဥကလေးဟာသားအိမ်မှာတွယ်ကပ်ကာတဖြည်းဖြည်းနဲ့ ကြီးထွားဖွံ့ဖြိုးလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မျိုးအောင်သွားတဲ့ ဥကလေးဟာသားအိမ်ထဲမှာမဟုတ်ဘဲတခြားနေရာတွေ(ဥပမာဗိုက်ထဲမှာ)မှာကပ်တွယ်သွားတဲ့အခါ နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်ပေါ်လာရပါတော့တယ်။ ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်တဲ့အတွက် စောစီးစွာကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ။

နေရာလွဲမှား သန္ဓေတည်ခြင်းဟာ ကနဦးမှာဘာရောဂါလက္ခဏာမှ ထူးထူးခြားခြား ပြလေ့မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ပထမသုံးလပတ်မှာဆရာဝန်နဲ့ မှန်မှန်ပြသစစ်ဆေးသင့်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အောက်ပါလက္ခဏာတွေကိုခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး aရာဂါအခြေအနေကိုဖော်ထုတ်ကာဆေးကုသမှု ခံယူရပါမယ်။
• သွေးအနည်းငယ်ဆင်းခြင်း။
• ပျို့အန်ခြင်း၊ဗိုက်နာ/အောင့်ခြင်း။
• ဗိုက်ထဲကစူးစူးပြီးအောင့်ခြင်း။
• ခန္ဓါကိုယ် တခြမ်းနာခြင်း။
• မူးဝေခြင်း၊မေ့လဲခြင်း။
• ဗိုက်အောက်ပိုင်း၊ပုခုံး၊လည်ပင်းဒါမှမဟုတ် စအိုနားတဝိုက်မှာနာခြင်းစတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုအမျိုးသမီးတွေမှာဒါမျိုးဖြစ်တတ်သလဲ။

• pelvic inflammatory disease လို့ခေါ်တဲ့ မျိုးပွားအင်္ဂါပိုးဝင် ရောင်ရမ်းတာ ဖြစ်ဖူးသူတွေ
• အသက် သုံးဆယ်နဲ့ အထက် အမျိုးသမီးတွေ။
• ဝမ်းဗိုက်၊သားဥပြွန် ဒါမှမဟုတ် မျိုးပွားအင်္ဂါတွေ ခွဲစိတ်မှု ခံယူထားဖူးသူတွေ။
• ဆေးလိပ် အလွန်အကျွံသောက်သူတွေ။
• သဘာဝမဟုတ်တဲ့ နည်းနဲ့ ကလေးရအောင်လုပ်တဲ့အခါ မျိုးအောင်ပြီးသား ဥ ကိုသားဥပြွန်ထဲမှာထားခဲ့ခြင်းစတဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။

ဘယ်လိုကုသမလဲ။

သားဥပြွန်အတွင်းဖက်မှာပျက်စီးနေပြီဆိုရင် သွေးအလွန်အကျွံထွက်တာကိုတားဆီးဖို့အတွက် အရေးပေါ်ခွဲစိတ်ကုသမှုကိုချက်ချင်းပြုလုပ်ရမှာဖြစ်ပြီးတချို့ လူနာတွေမှာတော့ သန္ဓေသားတစ်သျှူးကြီးထွားမှုကို ရပ်တန့်ဖို့အတွက် ဆေးဝါးတွေကိုသုံးစွဲဖို့ လိုမှာဖြစ်တာကြောင့် ဘယ်လိုကုသမှုမျိုးကအသင့်တော်ဆုံးဖြစ်မလဲသိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးရပါမယ်။
ကိုယ်ဝန်ထပ်ရနိုင်သေးလား။

မပူပါနဲ့။ နေရာလွဲမှားသန္ဓေတည်တာတခါဖြစ်ဖူးတယ်ဆိုရင်လည်းသင့်အနေနဲ့ ကလေးရနိုင်ပါသေးတယ်။ ဒါပေမယ့် သင်ဘယ်လိုကုသမှုမျိုးကိုခံယူခဲ့ရတယ်ဆိုတာနဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေတွေပေါ်တော့ မူတည်နေပါသေးတယ်။ အကောင်းဆုံးသောကုသမှုကိုရရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
နေရာလွဲမှားသန္ဓေတည်ခြင်းဟာအရမ်းအန္တရာယ်ကြီးတဲ့ အခြေအနေတစ်ခုဖြစ်ပေမယ့် မှန်ကန်သင့်တော်တဲ့ ကုသမှုတွေလည်းအများကြီးရှိနေတာမို့ အမျိုးသမီးတွေအနေနဲ့ နောက်အကြိမ်တွေမှာကျန်းမာကောင်းမွန်တဲ့ ကိုယ်ဝန်တွေကိုရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်းရင် ဘယ်လိုပြုစုပေးရမလဲ ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read