backup og meta

ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အနေအထိုင် အစားအသောက် အစစအရာရာကို ဂရုစိုက် ရပါတယ်။ အစားအသောက်ကိုတောင် ဂရုစိုက်နေရချိန်မှာ ဆေးသောက်ဖို့ဆိုရင် ပိုပြီးတောင် ဂရုစိုက်ရမှာပါ။ ဒီလို အစစအရာရာ ဂရုစိုက်နေရချိန်မှာ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား ဆိုတာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချလို့ရလား ဆိုတာကို မပြောခင် သန်ချတာနဲ့ ပတ်သက်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ဘာတွေကများ ကိုယ်ဝန်ဆောင် မေမေတွေကို သန်ထစေတာလဲ

    ကိုယ်ဝန်ဆောင် မေမေတွေကို သန်ထစေတဲ့ အကြောင်းအရင်းတွေကတော့

    • သေချာ ကျက်အောင် မချက်ထားတဲ့ ငါးတွေကို စားတာ
    • သေချာ ကျက်အောင် ချက်မထားတဲ့ ဝက်သားစားတာ
    • သေချာ ချက်မထားတဲ့ အမဲသား စားမိတာ
    • လူတွေဆီကနေ အချင်းချင်း ကူးစက်ခံရတာ
    • တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ
    • သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါးတွေမှာ သန်ကောင်ရဲ့ ဥတွေ တွယ်ညှိနေပြီး စားသုံးလိုက်မိတာ
    • အိမ်မွေးတိရစ္ဆာန်တွေ ကနေတဆင့် ကူးစက်တာ
    • မြေကြီးတွေ၊ လူတွေရဲ့ မစင်တွေနဲ့ တိုက်ရိုက် ထိတွေ့မိတာ
    • ညစ်ပေတဲ့ အရာတွေကို ကိုင်တွယ်ပြီးတဲ့အခါ လက်ကို သန့်စင်အောင် မဆေးကြောတာကြောင့်လည်း သန်ကောင် ကူးစက်ခံရပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သန်ထရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ 

    ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား!

    ကိုယ်ဝန်ဆောင်ချိန်မှာ သန်ထနေရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား

    ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား ဆိုတော့ ရပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချပေးတာက ဘေဘီလေးကို မွေးဖွားပြီး ပထမဆုံး ၄ ပတ်တာအတွင်း သေဆုံးနိုင်ခြေကို ၁၄ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မေမေ သန်ချတာက ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးဖွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    ဘယ်အချိန်မှာ သန်ချသင့်သလဲ။

    ကိုယ်ဝန်ပထမ၃လပတ် (၁၂ပတ်) ကျော်တာနဲ့ သန်ချလို့ ရပါပြီ။ အများစုကတော့ albendazole (400 mg) ဒါမှမဟုတ်  mebendazole (500 mg)ကို တစ်ကြိမ်သောက်ရင် လုံ‌ေလောက်ပါပြီ။ ဒါပေမယ့် မသောက်ခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ လိုပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချဆေး သောက်တာ ဘေးကင်းပါ့မလား

    ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချဆေး သောက်တာ ဘေးကင်းပါတယ်။ ကိုယ်ဝန်ကို ထိခိုက်စေတာမျိုး မရှိပါဘူး။ မိခင်ကို ထိခိုက်စေတာမျိုး မရှိသလို ကလေးကိုလည်း ထိခိုက်စေတာမျိုး မရှိပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ သန်ထတဲ့ လက္ခဏာ တစ်မျိုးမျိုး ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး သန်ချဆေး သောက်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement