backup og meta

ကလေးမွေးဖွားစဉ် ယောနိကွဲထွက်ခြင်းမပြင်းထန်အောင် ဘယ်လိုနေထိုင်ဆင်ခြင်မလဲ

ကလေးမွေးဖွားစဉ် ယောနိကွဲထွက်ခြင်းမပြင်းထန်အောင် ဘယ်လိုနေထိုင်ဆင်ခြင်မလဲ

ကလေးမွေးဖွားမယ့်ရက်နီးလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကလေးအတွက် စိတ်လှုပ်ရှားနေတဲ့ခံစားမှုအစား ကလေးဘယ်လိုမွေးဖွားလာမလဲ ကလေးမွေးဖွားချိန်မှာဘာတွေဖြစ်နိုင်သလဲ ဆိုတာကို စိတ်ပူကြောက်ရွံ့ကြတဲ့ ခံစားမှုတွေ အစားထိုးလာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နာကျင်မှုနဲ့ ကိုယ်ဝန်ပြဿနာတစ်ခုခုကြောင့် အန္တရာယ်ဖြစ်နိုင်တာတွေနဲ့စာရင် အမျိုးသမီးတွေရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်မှုကတော့ ယောနိစုတ်ပြဲခြင်းဖြစ်မှာကိုပါပဲ။ ကံကောင်းတာက ဒါဟာ ကာကွယ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြိး မိခင်လောင်းတွေဟာအောက်ပါနည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင် ယောနိစုတ်ပြဲခြင်းအန္တရာယ်ဖြစ်နိုင်ချေကို သိသိသာသာကို လျှော့ချပေးနိုင်မှာပါ။

(၁)ကျန်းမာစွာနေထိုင်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားပါ။ ဆိုလိုတာက အရည်ပြား တစ်သျှူးတွေကို သန်မာပြီး ကြုံ့ဆန့်နိုင်အောင်ကူညီထောက်ပံ့ပေးနိုင်မယ့် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေလုံလောက်စွာပါဝင်တာမျိုးကို စားသုံးပါ။

နှလုံးသွေးကြောနဲ့ ကြွက်သားစနစ်တွေ သန်မာစေနိုင်မယ့် လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်တာက ကလေးမွေးဖွားစဉ် ညှစ်တဲ့အချိန်မှာ ပိုပြီးသန်မာစေပြီးသက်လုံလည်းပိုကောင်းစေပါတယ်။ ယောဂ၊ Kegel လေ့ကျင့်ခန်း နဲ့လမ်းလျှောက်တာစတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ မိခင်တွေဟာ မွေးဖွားစဉ်မှာ ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေမဖြစ်စေဖို့ ကာကွယ်နိုင်ရန်အတွက် အသက်ရှူနည်းစနစ်ကိုလည်း လေ့လာသင်ယူထားသင့်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်ရောဆောင်ပြီးချိန်မှာပါ ခန္ဓါကိုယ်အလေးချိန်ကိုထိန်းသင့်ပါတယ်။ ကိုယ်အလေးချိန်တိုးခြင်းနဲ့ အဝလွန်ခြင်းတွေဟာ ယောနိနဲ့စအိုကြားမျက်နှာပြင် (perineum) ကိုကွဲထွက်နိုင်ချေကို ပိုပြီးမြင့်တက်စေပါတယ်။

(၂) Perineal massage (ယောနိနဲ့စအိုတဝိုက်နှိပ်နယ်ခြင်း)

မိခင်လောင်းတွေဟာ ကိုယ်ဝန်ပတ် ၃၄ပတ်ကနေစပြီး နေ့စဉ် တစ်ရက်ကို ၁ကြိမ် သို့မဟုတ် ၂ကြိမ် ယောနိအောက်နဲ့ စအိုတစ်ဝိုက် (Perineum) ကိုနှိပ်နယ်ပေးကြည့်ဖို့တိုက်တွန်းထားပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်တဲ့အချိန်မှာ အရေပြားပေါ်သုံးရတဲ့ချောဆီအမျိုးအစားတွေဖြစ်တဲ့ mineral oil, ဗီတာမင် Eသို့မဟုတ် အုန်းဆီစတာတွေအသုံးပြုမယ်ဆိုရင် ရလဒ်ကပိုပြိး သိသာပါလိမ့်မယ်။ perineal massage ဟာ ဆီးအိမ်နံရံတွေရဲ့ ကြုံ့ဆန့်နိုင်စွမ်းတွေကို တိုးတက်စေနိုင်တဲ့ မြန်ဆန်လွယ်ကူတဲ့နည်းလမ်းဖြစ်ပြိး ဒါဟာ ပြင်းထန်တဲ့စုတ်ပြဲမှုဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ပါတယ်။

(၃) Epi-no childbirth

ဒီနည်းလမ်းမှာဆိုရင် ကလေးမမွေးဖွားခင် ရက်သတ္တပတ်များစွာအလိုတည်းက ပြားနေတဲ့ဘောလုံးနဲ့တူတဲ့ပစ္စည်း (inflatable ballon-like device)ကိုသင့်ရဲ့ယောနိထဲထည့်လိုက်မှာဖြစ်ပြီး ဒါဟာ ကြုံ့ဆန့်နိုင်စွမ်းကောင်းမွန်စေရန်အတွက် ဆန့်နိုင်တဲ့အခြေအနေတစ်ခုမှာထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ဒါဟာကြားရတာထူးဆန်းနေနိုင်ပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ရှေးရိုးစွဲနည်းလမ်းတွေအတိုင်း perineal massage နဲ့စာရင် ဒီနည်းလမ်းကပိုပြီး သက်တောင့်သက်သာရှိစေကာ ပိုပြီးထိရောက်စေပါတယ်။

(၄) ယောနိနဲ့စအိုကြားမျက်နှာပြင် (Perineum )ကို နွေးထွေးနေပါစေ။

နွေးထွေးတဲ့အပူချိန်ဟာ သွေးလည်ပတ်မှု၊ ပျော့ပျောင်းမှုနဲ့ ဒီနေရာတစ်ဝိုက်က အရည်ပြားတစ်သျှူးတွေအနားရနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ မမွေးဖွားမီ သင့်ရဲ့သားဖွားဆရာမကို အဆိုပါနေရာတစ်ဝိုက်မှာ နွေးထွေးစိုစွတ်တဲ့သဘက်နဲ့ဖိပေးခိုင်းတာသော်လည်းကောင်း ကလေးမွေးဖွားရာဇလား(birthing tub)ထဲမှာမွေးဖွားဖို့သော်လည်းကောင်း တစ်ခုခုတော့လိုအပ်ပါလိမ့်မယ်။

(၅) မှန်ကန်တဲ့ကိုယ်နေဟန်ထားကိုယူပါ။

သင်မွေးဖွားစဉ်မှာ ဒူးထောက်နေခြင်း၊ ဘေးတစ်စောင်းလှဲနေခြင်း သို့မဟုတ် လေးဘက်ထောက်ထားခြင်းက perineal stretchingပိုလုပ်မိခြင်းကို လျော့ကျစေနိုင်ပါတယ်။

ပက်လက်လှန်မအိပ်ပါနဲ့။ ဒါဟာ သင့်ရဲ့ဆီးအိမ်အရွယ်အစားကိုသေးငယ်စေတဲ့အပြင် သဘာဝကမ္ဘာမြေဆွဲအားကို အနှောက်အယှက်ဖြစ်စေပါတယ်။

ပြင်းထန်တဲ့ perineal စုတ်ပြဲခြင်းကိုဖြစ်စေမယ့် အဓိကအချက်တွေကိုရှောင်ကြဉ်ပါ။ ဒီလိုအချက်တွေထဲမှာ

  • အဝလွန်ကလေးငယ်
  • ခြေမှမွေးဖွားခြင်း
  • Episiotomy (Perineumကို ခွဲစိတ်ပြီး မွေးဖွားရခြင်း)
  • ကြာရှည်ဗိုက်နာပြီးမမွေးဖွားနိုင်ခြင်း (Prolonged labor)

မွေးဖွားရာ၌ ကိရိယာအကူအညီယူရခြင်း၊ အထူးသဖြင့် ညှပ်နှင့်ဆွဲရခြင်းစတာတွေ ပါဝင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 ways to reduce perineal tearing during birth http://www.kidspot.com.au/birth/labour/preparing-for-labour/6-ways- to-reduce- perineal-tearing- during-birth Accessed January 5, 2017

ယခုပုံစံ

23/09/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ

လမစေ့မီ ကလေးမွေးခြင်း



Wathun Myat Chal မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement