သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဗိုက်အရမ်းမနာစေဘဲ မီးဖွားလို့ရစေတဲ့ Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

    ဗိုက်အရမ်းမနာစေဘဲ မီးဖွားလို့ရစေတဲ့ Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

    မီးဖွားတဲ့ မိခင်တိုင်း နာကျင်မှု ဝေဒနာခံစားရတာဟာ သဘာဝတရားကြီးက ဖန်ဆင်းပေးထားပါ။ ဒါပေမယ့် ခုနောက်ပိုင်း မီးဖွားချိန်မှာ နာကျင်မှု လုံးဝမရှိအောင် လုပ်ပေးနိုင်တဲ့အထိ ဆေးပညာကြီးက အရမ်းတိုးတက်လာပါတယ်။ ဒါဟာ မီးဖွားလို့နာကျင်ရတဲ့ မိခင်တွေ အတွက် အနာသက်သာ စေမယ့် အားသာချက်တွေ ရှိသလို သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် ဆိုးကျိုးတွေ လည်း ဖြစ်စေပါတယ်။ ဘယ်လိုမျိုးတွေ လဲဆိုတာ ကြည့်လိုက်ရအောင် ။ ။

    ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲကမှ အသုံးအများဆုံးနဲ့ အထိရောက်ဆုံးလို့ လက်ခံထားတဲ့ နည်းကတော့ Epidural Analgesia (EA) လို့ခေါ်တဲ့ နည်းဖြစ်ပါတယ်။ သူက ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်ခြင်းအာရုံကြောကို ပိတ်ပေးကာ မီးဖွားချိန် နာကျင်ခြင်းကို မခံစားရစေတဲ့နည်းဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ အားသာချက် အားနည်းချက်လေးတွေကို လေ့လာကြည့်ရအောင် ။ ။

    Painless Delivery လို့ခေါ်တဲ့ ဗိုက်မနာဘဲ မီးဖွားခြင်းနောက်ကွယ်က ဇာတ်လိုက် Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

    အားသာချက်တွေကတော့

    • မီးဖွားမယ့် မိခင်တိုင်းကြုံကိုကြုံရမယ့် ဗိုက်နာခြင်းကို လျှော့ချပေးတာပါပဲ။ ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲက တစ်ခုဖြစ်တဲ့ Epidurals ဆိုရင် မီးဖွာပြီးနောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ မောပန်းခြင်းတွေကိုပါ သက်သာစေပါတယ်။
    • ကလေးမျက်နှာက ပုံမှန် မိခင်ကျောရိုးဘက်ကို မျက်နှာမမူဘဲ ဗိုက်ဘက်ကို မျက်နှာမူထားတဲ့ အနေမထားမမှန်တဲ့ ပုံမျိုးဆိုရင်တောင် epidural injection နည်းက မိန်းမကိုယ် ကြွက်သားတွေကို ပြေလျော့စေလို့ ကလေးဆင်းရ လွယ်အောင် လုပ်ပေးဦးမှာပါ။
    • နာကျင်တဲ့အခါမှာ သွေးပေါင်ချိန်တက်လေ့ရှိပါတယ်။ နဂိုတည်းက သွေးတိုးနေတဲ့ မေမေတို့ ဗိုက်နာတဲ့အချိန်ဆို သွေးပေါင်တက်တာ ပိုဆိုးတာပေါ့။ ဒီလိုအခါမျိုးကျရင် ဗိုက်မနာစေတဲ့ မီးဖွားနည်းက သွေးပေါင် မတက်အောင် ကူညီပေးမှာ ဖြစ်လို့ တစ်ချက်ခုတ် နှစ်ချက်တောင်ပြတ်မှာနော်။
    • အခန့်မသင့်လို့ ညှပ်ဆွဲမွေးတာ၊ ခွဲမွေးရတာမျိုးတွေ လိုအပ်လာရင် နဂိုတည်းက epidural injection နည်းသုံးထားတော့ လွယ်လွယ်ကူကူပဲ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
    • တခြားလေ့လာချက်တွေ ပြောထားတာကတော့ epidural နည်းနဲ့ ကလေးမွေးတဲ့သူအများစုရဲ့ တင်ပဆုံထိန်းကြွက်သားဟာ ကလေးမွေးစဉ်အတွင်း ထိခိုက်မှု အများကြီး မဖြစ်ဖူးလို့ဆိုပါတယ်။

    လောကကြီးဆိုတာကလည်း အကောင်းနဲ့ အဆိုး ၂ ခု အမြဲဒွန်တွဲနေတာမလား။ ဒီတော့ ဗိုက်မနာစေဘဲ မီးဖွားလို့ရခြင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ ဘာတွေလဲ ဆက်ကြည့်လိုက်ရအောင် ။

    • Epidurals ဆိုတာ ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းရတာဖြစ်တဲ့အတွက် ခါးနာတာ၊ ချမ်းတုန်တာနဲ့ မူးဝေတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
    • ထုံဆေးကြောင့် မိခင်ရဲ့ သွေးပေါင်ချိန် ကျသွားတတ်ပြီး ကလေးနှလုံးခုန်နှုန်းပါ နှေးလာခဲ့မယ်ဆိုရင် အရေးပေါ်ခွဲမွေးရတာမျိုး ရှိနိုင်ပါတယ်။
    • ခါးဆစ်ရိုးထဲ ဆေးထိုးလိုက်တဲ့ ဒဏ်ကြောင့် ခါးဆစ်ရိုးအရည်တွေ စိမ့်ထွက်တာမျိုးရှိနိုင်ပြီး ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
    • ရှိတော့ရှိပေမယ့် ရှားပါးတဲ့ ကိစ္စတစ်ခုကတော့ ဆေးထိုးနေတဲ့ အချိန်အတွင်း အာရုံကြောတွေကို ထိခိုက်မိသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။
    • နောက်ပြီး ဒီလို ဗိုက်မနာစေဘဲ မီးဖွားနိုင်အောင်လုပ်ပေးတဲ့ထုံဆေးတွေကြောင့် အောက်ပိုင်း ထုံနေတာမျိုးတွေ ကလေးမွေးပြီးတောင် အချိန် တော်တော်ကြာတဲ့အထိ ဆက်ရှိနေတတ်ပါတယ်။

    အားနည်းချက် အားသာချက်တွေ တွဲနေတာကြောင့် သမရိုးကျနည်းနဲ့ပဲ မီးဖွားမလား၊ ဒီလို ခေတ်သစ်ဆေးပညာနဲ့ပဲ မီးဖွားမလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာပဲ မူတည်နေပါတယ်။ ဒီလို အားသာချက် အားနည်းချက်တွေ ရှိပေမယ့်လည်း မီးဖွားရင်နာမှာကြောက်တဲ့ မေမေတို့အတွက်တော့ ဒီ epidural နည်းလေးက အားကိုးလို့ရမယ့် အရာတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ဆုံးဖြတ်ခါနီးရင် သူ့အကြောင်း ထဲထဲ ဝင်ဝင်သိဖို့ သေသေချာချာ စဉ်းစားဖို့တော့ လိုမယ်နော် ။ ။

    health-tool-icon

    မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

    ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

    ရာသီစက်ဝန်း ကြာချိန်

    28 ရက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 24/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: