backup og meta

ဗိုက်အနာမခံဘဲ မီးဖွားလို့ရလား။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်အနာမခံဘဲ မီးဖွားလို့ရလား။ ။

    မီးဖွားချိန် မိန်းမသားတိုင်း ခံစားရတဲ့ အနာဟာ ဓမ္မတာ လာချိန်ကိုက်ခဲတဲ့ ဝေဒနာ ထက် အဆ ၂၀ ပိုပြင်းထန်ပါတယ်။ ဒီလို ရိုးရိုးမီးဖွားချိန် နာတဲ့ အနာကို လူတိုင်း ကြောက်ကြလို့ ခွဲမွေးတာ ခုနောက်ပိုင်း ခေတ်စားလာတာပါ။ ဒါပေမယ့် ခွဲမွေးတယ်ဆိုတာ မီးဖွားချင်လို့ နာတဲ့အနာကိုသာ ကျော်လွှားနိုင်ပေမယ့် သူ့မှာ ဆိုးကျိုးအချို့တော့ ရှိပါတယ်။ ဒီတော့ ရိုးရိုးပဲမွေးမယ် ဗိုက်အနာမခံဘဲ မွေးလို့ရတဲ့ နည်းတွေ များရှိမလား။

    ခုလို တိုးတက်လာပြီး ဘာမဆို ဖြစ်နိုင်တဲ့ ခေတ်ကြီးထဲမှာ ဗိုက်မနာဘဲ မီးဖွားလို့ရတဲ့ နည်းတွေလည်း ရှိနေတယ်ဆို အရမ်းများ အံ့သြသွားမလား။

    ဗိုက်အနာမခံဘဲ မီးဖွားစေနိုင်တဲ့ နည်းလမ်းတွေ

    ဆေးပညာဆိုင်ရာ နည်းလမ်းများ

    ဆေးပညာဆိုင်ရာဆိုတော့ မီးဖွားချိန် ဗိုက်မနာအောင်ကူညီပေးတဲ့ ဆေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အပေါ်က နည်းတွေထက်စာရင် ဒီနည်းတွေက ပိုပြီး အာမခံချက်ရှိတဲ့အတွက် အနောက်တိုင်း နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ ဘာနည်းတွေလဲ ဆိုတာ စိတ်ဝင်စားနေကြပြီလား။ ဆက်ကြည့်ရအောင်။

    ( ၁ ) Entonox Inhalation

    ဒါက 50 percent nitrous oxide နဲ့ oxygen ပေါင်းထားတဲ့ ဓာတ်ငွေ့တစ်မျိုးကို ရှူရှိုက်ရတဲ့နည်းလမ်းပါ။ ဆေးရုံတွေမှာ သုံးတဲ့ အကြည်ရောင် နှာခေါင်းစည်းလေးကနေ လွှတ်ပေးတဲ့ ဓာတ်ငွေ့တွေကို သားအိမ်စညှစ်ပြီ ဗိုက်နာလာပြီ ဆိုတာနဲ့ ရှူရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်ညှစ်နိုင်စွမ်း အမြင့်ဆုံးရောက်သည့်တိုင် နာကျင်မှု သိပ်မရှိအောင်  လုပ်ပေးနိုင်ပါတယ်။

    ကောင်းကျိုး – လွယ်လွယ်ကူကူရနိုင်တဲ့အပြင် ကိုယ်ထဲမှာလည်း ကျန်မနေခဲ့လို့ ဘေးထွက်ဆိုးကျိုးတွေ မရှိစေပါဘူး။

    ဆိုးကျိုး – လူကို နုံးခွေစေတာ၊ ခေါင်းမူးစေတာနဲ့ ပျို့အန်ချင်တာမျိုးတွေကိုတော့ ဖြစ်စေပါတယ်။

    ( ၂ ) Opioid Injections

    ဒါကတော့ နာကျင်တာကို သက်သာစေတဲ့ ဆေးတစ်မျိုးထိုးပေးတာပဲ ဖြစ်ပါတယ်။ အသုံးအများဆုံး Opioid ဆေးကတော့ pethidine ပါ။ ပေါင် သို့မဟုတ်တ တင်ပါးမှာ ထိုးသွင်းရပြီး အာနိသင်ရဖို့အတွက် ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်တောင့် စောင့်ရပါတယ်။

    ကောင်းကျိုး – နာကျင်မှု ဝေဒနာကို ၄နာရီကနေ ၆ နာရီကြာထိန်းထားပေးပါတယ်။

    ဆိုးကျိုး – Early labour လို့ခေါ်တဲ့ မီးစစချင်း ဖွားချင်တဲ့အချိန် ( သားအိမ်ခေါင်း ၅ စင်တီမီတာအထိ မကျယ်ခင် အချိန်) မှာပဲ ပေးလို့ရပါတယ်။ ကလေးထွက်ချိန်နဲ့ အရမ်းကပ်သွားတဲ့အခါ ကလေးကို နုန်းခွေစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့ပြင် မေမေ့ကို အန်စေတတ်လို့ အအန်ပျောက်ဆေးနဲ့ တွဲပြီး ပေးရတတ်ပါတယ်။

    ( ၃ ) Epidural Analgesia (EA)

    သူကတော့ ထုံဆေးတွေကို ခါးဆစ်ရိုးကနေထိုးသွင်းပြီး နာကျင်မှုကို ထိန်းပေးပါတယ်။ အသုံးများပြီး ယုံကြည်စိတ်အချရဆုံး၊ အထိရောက်ဆုံး နည်းတစ်ခုပါ။

    ကောင်းကျိုး – နာကျင်မှုဝေဒနာကို ကောင်းကောင်းထိန်းချုပ်ပေးပြီး သွေးပေါင်ကိုပါ ထိန်းညှိပေးပါတယ်။

    ဆိုးကျိုး – ထိုးထိုးချင်းမှာတော့ အောက်ပိုင်းထုံကျင်တာမျိုး ဖြစ်တတ်ပေမယ့် တဖြည်းဖြည်း ပြန်ပျောက်သွားမှာပါ။ ပျို့အန်ချင်တာမျိုးတွေ အဖြစ်များပေမယ့် ဆေးနဲ့ ထိန်းလို့ရပါတယ်။ တချို့အမျိုးသမီးတွေမှာ မီးဖွားပြီး ခေါင်းကိုက်တာမျိုး ဖြစ်ကျန်ခဲ့တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။

    တချို့ Epidural Analgesia (EA) နည်းလမ်းနဲ့ပက်သက်ပြီး မှားနေတဲ့ အယူတချို့ကိုလည်း ပြောပြချင်ပါသေးတယ်။

    • Epidural Analgesia (EA) နည်းနဲ့ မီးဖွားပြီးရင် ခါးနာကျန်ခဲ့မယ်ဆိုတာ မှားပါတယ်။ တချို့ (EA) မထိုးဘဲ မီးဖွားပြီး ခါးနာတတ်တာတွေလည်း ရှိတာကြောင့် (EA) ကြောင့် ခါးနာတာ ကျိန်းသေဖြစ်ရတယ်ဆိုတာတော့ မရှိပါဘူး။
    • ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်မှုရှိတတ်တယ်ဆိုပေမယ့် ကလေးကို ထိခိုက်စေတယ်ဆိုတော့ မမှန်ပါဘူး။
    • ခါးဆစ်ရိုးထဲ ဆေးထိုးတာကြောင့် အကြောထိမိသွားရင် အောက်ပိုင်းသေသွားတတ်ဆိုတာ လူတစ်သန်းမှာ ၁ ယောက်လောက်ပဲ ဖြစ်တတ်တာကြောင့် အင်မတန်မှ ရှားတဲ့ အရာတစ်ခုပါ။

    သဘာဝအတိုင်း အနာသက်သာစေမယ့် နည်းလမ်းများ

    သဘာဝအတိုင်း ဆေးမကူတဲ့ နည်းတွေနဲ့ အနာသက်သာအောင် လုပ်ပြီး ကလေးမွေးလို့လည်း ရပါတယ်။ ဒါ့ပြင် မိခင်ဟာ သတိကောင်းကောင်းရှိတာမို့ ကလေးမွေးတဲ့ ဖြစ်စဉ်မှာ တက်ကြွစွာ ပါဝင်နိုင်ပါတယ်။

    အောက်ဖော်ပြပါ နည်းလမ်းတွေက ကလေးမွေးတဲ့အခါ သဘာဝအတိုင်း အနာသက်သာစေမယ့် နည်းတွေပဲ ဖြစ်ပါတယ်။

  • သားအိမ်ညှစ်ခြင်းအတွက် အသက်ရှူနည်း (အသက်ကို ဖြည်းဖြည်းရှူသွင်း ရှူထုတ်ပါ)
  • သက်သောင့်သက်သာဖြစ်အောင် နေခြင်း (ကိုယ့်ကို အနာသက်သာစေမယ့် ပုံစံကို ပြောင်းပြောင်းပြီး နေကြည့်ပါ)
  • တင်းကျပ်နေတဲ့ ကြွက်သားတွေကို သက်သာစေဖို့ အသာအယာနှိပ်နယ်ပေးခြင်း
  • ရေကျက်သီးနွေးနဲ့ ရေချိုးခြင်းကလည်း ကလေးမွေးစဉ် နာကျင်မှုနဲ့ စိတ်ပူပန်သောကတွေကို သိသိသာသာ ကျဆင်းစေပါတယ်။ ဒါပေမယ့် ရေပူနဲ့တော့ မချိုးရပါဘူး။
  • အပူအအေး ကုထုံး။ ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ခါးပေါ်ကို နာကျင်မှုသက်သာစေဖို့ အပူအအေး ကပ်နိုင်ပါတယ်။ အချို့ကတော့ အပူတစ်လှည့် အအေးတစ်လှည့် ကပ်ကြပါတယ်။ သတိထားရမှာက အကြာကြီး မကပ်ဖို့ (တစ်ခါကပ် မိနစ် ၂၀ထက် မပိုဖို့)ရယ်၊ ပူလွန်း အေးလွန်းတာကို မသုံးဖို့ရယ်ပါ။
  • ကဲ ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကလေးမွေးတာတောင်မှ ဗိုက်အနာမခံဘဲ နဲ့ မီးဖွားလို့ရနေပြီဆိုတော့ သူ့ထက်ကောင်းတာ ရှိဦးမလားနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement