ကြက်ဆူဆီ ကြက်ဆူဆီက အကြောပြတ်ကို သက်သာစေတဲ့အပြင် အရေပြားကို အားဖြည့်ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားကို နူးညံ့စေပြီး ရေရှည်လိမ်းမယ်ဆိုရင် မှိန်သွားမှာပါ။
အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေက သဘာဝနည်းလမ်းတွေပဲ မို့လို့ ကိုယ်ဝန်ဆောင်တွေ စိတ်ချ လက်ချ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရေရှည်လိမ်းမယ်ဆိုရင် သိသာတဲ့ ရလဒ်ရမှာပါ။
အကြောပြတ်ရာကို ဘယ်လို ကာကွယ်ကြမလဲ။
စိတ်မကောင်းတာက အကြောပြတ်ရာကို ကာကွယ်လို့ မရပါဘူး။ နည်းလမ်းပေါင်းစုံ ပြောနေကြပေမယ့် လက်ရှိမှာတော့ သိပ္ပံနည်းကျအတည်ပြုထားတဲ့ နည်းမရှိသေးပါဘူးတဲ့။ ဒါပေမယ့် ဖြစ်လာရင်တော့ အပေါ်က နည်းလမ်း အတိုင်း သက်သာအောင် လုပ်လို့ရပါတယ်။
ဗိုက်ကြောပြတ် တာတွေက ဘယ်အချိန်လောက်ဆို ပျောက်မှာလဲ။
အချိန်တော့ ယူရမှာပါ။ ဗိုက်ကြောပြတ်ရာတွေက လုံးဝပျောက်သွားတာမျိုး မဟုတ်ပါဘူး၊၊ မှိန်ပြီး မသိသာတာပဲ ရှိပါတယ်၊၊
ကံကောင်းတာက ကလေးမွေးပြီးသွားရင် အကြောပြတ်ရာတွေက အထိုက်အလျောက်တော့ မှိန်သွားပါတယ်။ အသားနဲ့ ရောသွားလို့ သိပ်မသိသာတော့ပါဘူး။ အပေါ်က နည်းလမ်းတွေပါ လိုက်လုပ်ရင်တော့ ပိုပြီး မှိန်သွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။