backup og meta

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

    သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

    ပျိုပျိုမေတို့ သခွားသီးလေး ရှိရုံနဲ့ လှပနိုင်ပြီဆိုရင် အံ့သြသွားလောက်ပါတယ်။ သခွားသီးမှာ အလှအပအတွက် အံ့သြစရာကောင်းလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။

    ပျိုပျိုမေတို့ သုံးတဲ့ တချို့ အလှကုန်ပစ္စည်းတွေမှာလည်း သခွားသီးကို အခြေခံပြီး ထုတ်လုပ်ထားတာတွေ ရှိတယ်နော်။ သခွားသီးက အလှအပအတွက် ဘယ်လိုအကျိုးပြုတာလဲ၊ သခွားသီးကို အလှအပအတွက် ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။

    သခွားသီးဟာ ရေဓာတ်အများဆုံး ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်တာမို့ အရေပြား ကျိန်းစပ်ခြင်း၊ အသားမှာ နီစပ်စပ်ဖြစ်တာတွေကို သက်သာစေပါတယ်။

    သခွားသီးမှာ မျက်လုံးဖောင်းအစ်ခြင်းတွေကို တားဆီးပေးနိုင်တဲ့ Caffeic အက်ဆစ်လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သခွားသီးမှာ PH ပမာဏကို ထိန်းညှိပြီးသား ဖြစ်တာမို့ အသားအရေခြောက်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။

    သခွားသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်သလို ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ကို များစွာ အကျိုးပြုပါတယ်။ အရိုး၊ ကြွက်သားတွေကို ကောင်းမွန်စေပါတယ်။ သခွားသီးမှာ Silica လည်း ပါဝင်တာမို့ အသားအရေ ကြည်လင်တောက်ပစေပြီး ရေဓာတ်များများ ရလို့ ကျန်းမာရေးလည်း ကောင်းစေပါတယ်။

    မျက်လုံးအစ်ခြင်း

    မျက်လုံးအစ်ဖောင်းတာတွေအတွက် သခွားသီးကို အသုံးပြုလို့ ရတယ်နော်။ သခွားသီးမှာ ရေဓာတ်များများ ပါဝင်တာက မျက်လုံးပြေလျော့ဖို့ ကူညီပါတယ်။ အသုံးပြုနည်းကတော့ သခွားသီးလေးတွေကို အချပ်အပြားလေးတွေ လှီးပြီး ရေခဲသေတ္တာထဲ ခဏလောက် ထည့်ထားပါ။

    အေးတယ်ဆိုရင် ရပါပြီ။ ပြီးရင်တော့ မျက်စိမှတ်ထားပြီး မျက်လုံးပေါ်မှာ သခွားသီးလေး ကပ်ပေးလိုက်ပါ။ (၁၅) မိနစ်လောက်နေမှ ဖယ်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

    ဝက်ခြံအတွက် Mask

    ဝက်ခြံရှိတဲ့ မိန်းကလေးတွေအနေနဲ့ သခွားသီး အသုံးပြုပြီးတော့ Mask ပြုလုပ်လို့ ရတယ်နော်။ ဝက်ခြံတွေက ရောင်ရမ်းနီရဲပြီး နာကျင်ရတယ်ဆိုရင်တော့ သခွားသီးကိုသာ သတိရလိုက်ပါ။ သခွားသီးကို အခွံနွှာပြီး ကြိတ်စက်နဲ့ ကျေအောင် ကြိတ်ပါ။

    ပြီးရင်တော့ ပန်းကန်လေး တစ်လုံးထဲမှာ ရှားစောင်းလက်ပပ် ဂျယ်လ်၊ ကြိတ်ထားတဲ့သခွားသီးနဲ့ Milk powder လေး နည်းနည်းကို ရောလိုက်ပါ။ ပြီးရင်တော့ ဝက်ခြံရှိတဲ့ နေရာလေးတွေမှာ ကပ်ထားလိုက်ပါ။ (၁၅) မိနစ်လောက်ထားရင်တော့ ခြောက်သွားပါလိမ့်မယ်။ ပြီးမှ မျက်နှာသစ်လိုက်ပါ။ ဝက်ခြံရောင်ရမ်းတာတွေ လျော့သွားပြီး အဖုတွေ ချပ်သွားပါလိမ့်မယ်။

    Scrub

    Scrubလုပ်နည်းတွေကတော့ အများကြီး ရှိပါတယ်နော်။ ဒီထဲကမှ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ယားယံခြင်းတွေ မဖြစ်စေတဲ့ သခွားသီးလေးနဲ့ Scrub လုပ်ကြည့်ကြမယ်နော်။ နည်းလမ်းကတော့ သခွားသီးကို အခွံလေးနွှာပြီး ပါးပါးလေး လှီးပါ။ အနေတော်အရွယ် တစ်လုံးလောက်ဆိုရင် ရပါတယ်။ ပုလင်း ဒါမှမဟုတ် ခွက်တစ်လုံးထဲမှာ လှီးထားတဲ့ သခွားသီးလေးကို ညက်နေအောင် ကြိတ်ချေလိုက်ပါ။

    အရည်ထွက်တဲ့အထိပေါ့။ ပြီးရင်တော့ သံလွင်ဆီ လက်ဖက်စားဇွန်းလေး တဝက်နဲ့၊ သကြားလေး နည်းနည်းလောက် ထပ်ရောလိုက်ပါ။ သမအောင် မွှေလိုက်ပြီးပြီ ဆိုရင်တော့ Scrub လေး ရပါပြီ။ ပျိုပျိုမေတို့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို Scrub လုပ်လို့ ရပြီနော်။ အညစ်အကြေးတွေ ကင်းစင်ပြီး ရေဓာတ်ပြည့်ဝနေမှာမို့ ကြည်ကြည်လင်လင်လေး ဖြစ်နေတော့မှာပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement