ဆီးမထိန်းနိုင်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိပေမယ့် သက်တောင့်သက်သာတော့ မရှိစေပါဘူး။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
ဆီးမထိန်းနိုင်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိပေမယ့် သက်တောင့်သက်သာတော့ မရှိစေပါဘူး။
ဆီးမထိန်းနိုင်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လူအချို့မှာတော့ ကလေးမွေးပြီးသည်အထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးအချို့အတွက်ကတော့ မပြင်းထန်ပေမယ့် အချို့အတွက်ကတော့ ပြင်းထန်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီး ၃-၄ လအကြာမှာ ဆီးအိမ်နဲ့ သားအိမ်ဟာ ပုံမှန်အခြေအနေတွေကို ပြန်ရောက်သွားရင် ဆီးမထိန်းနိုင်ခြင်းလည်း ပျောက်သွားတတ်ပါတယ်။
ကိုယ်ဝန်ဆောင်အပြီး ဆီးမထိန်းနိုင်ခြင်းဟာ ဆီးအိမ်ပေါ်မှာ ဖိအားများတာကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုပါတယ်။ ဆီးအိမ်ရဲ့ အဝက ကြွက်သားဟာ ဆီးကို ကောင်းကောင်းထိန်းပေးဖို့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။
များသောအားဖြင့် အာရုံကြော၊ အရွတ်နဲ့ တင်ပါးဆုံကြွက်သားတွေက ဆီးမထွက်ကျအောင် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို အထောက်အပံ့ပေးထားကြပါတယ်။ ဒီနေရာတွေ အဆန့်လွန်ခြင်း (သို့) ဒဏ်ရာရခြင်းတွေဟာလည်း ဆီးမထိန်းနိုင်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးအများစုဟာ ကလေးမွေးအပြီးမှာ ပျောက်သွားတတ်ပါတယ်။ အချို့မိခင်တွေအတွက် ဆီးထွက်ကျခြင်းဟာ အကြိမ်ရေ နည်းလာပြီးကလေးမွေးအပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ အချို့တွေမှာတော့ လပေါင်းများစွာ (သို့) ဒီထက်ပိုပြီး ကြာမြင့်တတ်ပါတယ်။
အောက်ပါအချက်တွေက ဆီးမထိန်းနိုင်ခြင်း ကို သက်သာစေနိုင်ပါတယ်။
သင့်ဆရာဝန်က ဆီးမထိန်းနိုင်ခြင်းကို ထိန်းချုပ်ဖို့၊ လက္ခဏာတွေကို သက်သာစေဖို့ ကီဂယ်လေ့ကျင့်ခန်းတွေကို ပြုလုပ်ခိုင်းနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံကြမ်းပြင်က ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။
ဒီကြွက်သားတွေ သန်စွမ်းခြင်းဟာ ဆီးပြွန်နဲ့ အစာဟောင်းအိမ်အ၀ ကြွက်သားရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါတယ်။
ကီဂယ်လေ့ကျင့်ရမဲ့ ကြွက်သားတွေကို ရှာဖွေဖို့ကတော့ အိမ်သာမှာထိုင်ပြီး ဆီးစသွား သင့်ပါတယ်။ ပြီးရင်တော့ ဆီးကြောင်းတစ်ဝက်မှာ ရပ်လိုက်ပါ။ ဆီးကြောင်းကို ရပ်ဖို့ အသုံးပြုလိုက်တဲ့ ကြွက်သားတွေဟာ ကီဂယ်ကြွက်သား တွေပဲဖြစ်ပါတယ်။ ကီဂယ်လေ့ကျင့်ခန်း လုပ်ဖို့အဆင့်တွေကတော့
ဒီလေ့ကျင့်ခန်းကို မနက်မှာ ၁၀ ကြိမ်၊ နေ့လည်မှာ ၁၀ ကြိမ်နဲ့ ညမှာ ၁၀ ကြိမ်၊ စုစုပေါင်း တစ်နေ့မှာ အကြိမ် ၃၀ ပြုလုပ်သင့်ပါတယ်။ တစ်နေ့တာရဲ့ အချိန်တိုင်း နေရာတိုင်းမှာ ပြုလုပ်နိုင်ပါတယ်။ ကားမောင်းနေစဉ်၊ စာကြည့်စားပွဲမှာ ထိုင်နေစဉ်၊ တီဗွီ ကြည့်နေစဉ်တွေမှာလည်း ပြုလုပ်နိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။