ကြီးမားတဲ့ကလေးတွေဟာ မိန်းမကိုယ်မှ ကလေးမွေးဖို့ ခက်ခဲစေပြီး မွေးဖွားစဉ် ဒဏ်ရာရရှိနိုင်ပါတယ်။ ကလေး ကိုယ်အလေးချိန် ၄ ကီလိုထက်များတဲ့ မိခင်တွေဟာ မီးဖွားရာနေရာ ပြဲခြင်း၊ သွေးအလွန် ဆုံးရှုံးခြင်း၊ မီးညောင့်ရိုး ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကလေးကြီးတွေဟာ သဘာဝအတိုင်းမွေးဖို့ ခက်ခဲတာကြောင့် ခွဲမွေးရနှုန်းလည်း မြင့်မားပါတယ်။ ညှပ်နဲ့ မွေးခြင်း၊ လေစုပ်မွေးခြင်းတွေလည်း လိုအပ်နိုင်ပါတယ်။
ငယ်ရွယ်စဉ်နဲ့ အသက်ကြီးလာချိန်မှာ အဝလွန်နိုင်ခြင်း
Archives of Pediatrics and Adolescent Medicine က နိုဝင်ဘာမှာ ထုတ်လုပ်ခဲ့တဲ့ ၁၀ နှစ်စာ အမေရိကန် လေ့လာမှု တစ်ခုက အသက် နှစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ပုံမှန်ထက်များတဲ့ကလေးတွေမှာ အသက် ၅-၁၀ နှစ်အတွင်း အဝလွန်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ ကလေးဘဝမှာ ကိုယ်အလေးချိန် များလေလေ လူကြီးဘဝမှာလည်း လိုက်များလေလေဖြစ်နိုင်ပါတယ်။ ဒီလေ့လာမှုရဲ့အဖြေဟာ ၄၄၀၀၀ ကလေးတွေကို မွေးကင်းစကနေ သူတို့အသက် ၁၀နှစ်အထိ ကောက်ထားတဲ့ အချက်အလက်တွေပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အဝလွန်နေတဲ့ကလေးငယ်တွေဟာ ဒီအခြေအနေကနေ လွတ်မြောက်သွားမှာပဲ ဆိုပြီး မှားယွင်းစွာ ယုံကြည်ချက်မျိုး မရှိသင့်ကြောင်း Elsie Taveras က ပြောပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။