ရေထဲမှာ ကလေးမွေး ခြင်း (Water birth)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇွန် 22, 2020 . 2 mins read
Share now

ခုခေတ်က တိုးတက်နေပြီဆိုတော့ ကလေးမွေး တာတောင် ရိုးရိုးမွေးခွဲမွေးတာ အပြင် ရေထဲမှာ မွေးတာတဲ့။ ယူကျူ့တို့ ဖေ့စ်ဘွတ်တို့မှာ တွေ့ရင် တွေ့ဖူးကြမှာပါ။ လေထိုးကန်ထဲမှာ ရေဖြည့်ထားပြီး ကလေးမွေးဖို့ ပြင်တာမျိုးပေါ့။ မြန်မာနိုင်ငံမှာ သိသလောက် ပြောရရင် water birthမရသေးပါဘူး။ ဒါပေမယ့် ခုက အဆင့်မြင့်လာပြီဆိုတော့ နိုင်ငံခြားသွားပြီး ကလေးမွေးမယ့် မေမေတွေအတွက် ဗဟုသုတရအောင် ပြောပြပေးလိုက်ပါတယ်။

ရေထဲမှာ ကလေးမွေး တယ်ဆိုတာ

လေထိုးကန်လိုမျိုး ကန်ထဲကို ရေနွေးနွေးလေးထည့်ပြီး မွေးတာပါ။ မွေးတယ်ဆိုပေမယ့် ကလေးထွက်တဲ့အထိ ကန်ထဲမှာ နေတာ ရှားပါတယ်။ သားအိမ်ဝကောင်းကောင်းပွင့်ပြီဆိုတာနဲ့ အရင်ပုံစံအတိုင်း ပြန်မွေးကြတာပါ။ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ်ပေါ့။

ဘာဖြစ်လို့ ရေထဲမှာ ကလေးမွေး ကြတာလဲ။

ရေထဲမှာ မွေးတာက

  • အနာသက်သာတယ်။
  • ထုံဆေး၊ မေ့ဆေးပေးရ သက်သာတယ်။
  • မြန်မြန်မွေးတယ်။
  • မွေးလမ်းကြောင်းပြဲတာ သက်သာတယ်။ ဘာလို့လဲဆိုတော့ ရေနွေးနွေးလေးထဲစိမ်နေတော့ ကြွက်သားတွေ ပျော့ပျောင်းပြီး သားအိမ်အလွယ်တကူပွင့်တယ်။
  • သားအိမ်ကိုလည်း သွေးများများရောက်တယ်။
  • ရေထဲမှာ ကူးနေတဲ့အတွက် စိတ်ဖိစီးမှုလည်း သက်သာတယ်လို့ ပြောကြပါတယ်။

ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲ။

ရေထဲမှာ မွေးတာက ဆိုးကျိုးအနည်းငယ်တော့ ရှိပါတယ်။ ဥပမာ ပြောရရင်

  • ရေမသန့်ရင် အမေဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ပိုးဝင်နိုင်တာ
  • ချက်ကြိုးကျွံတာ
  • ကလေးရဲ့ ကိုယ်အပူချိန် နည်းလွန်းတာ၊ များလွန်းတာ
  • မတော်တဆ ရေထဲမှာ အသက်ရှူလိုက်ပြီး ရေမွန်းတာ
  • အသက်မရှူနိုင်တာ၊ တက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့် ကလေးကို ရေထဲမှာ ပြီးတဲ့အထိ မမွေးခိုင်းဘဲ သားအိမ်ပွင့်တာနဲ့ ပုံမှန်အတိုင်း မွေးခိုင်းတာပါ။

ဘယ်လိုလူတွေ မမွေးသင့်ဘူးလဲ။

American College of Obstetricians and Gynecologistsက အကြံပြုတာတော့ ရေထဲမှာ မွေးမယ်ဆိုရင် အောက်ကအချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။

  • ကိုယ်ဝန်ပတ် ၃၇ပတ်ကနေ ၄၁ပတ်၊ ၆ရက်ကြား ဖြစ်ရမယ်။
  • အန္တရာယ်မရှိတဲ့ ကိုယ်ဝန်ဖြစ်ရမယ်။
  • ရေမွှာရည်ကြည်ရမယ်။
  • ကလေး အနေအထားမှန်ရမယ်။
  • အမြွှာကိုယ်ဝန် မဖြစ်ရဘူး။

မမွေးသင့်တဲ့ သူတွေကတော့

  • အသက် ၁၇နှစ်အောက် ဒါမှမဟုတ် ၃၅နှစ်အထက်
  • ကိုယ်ဝန်ဆိပ်တက်နေတာ၊ ဆီးချိုရှိတာ
  • အမြွှာကိုယ်ဝန်ဆောင်ထားတာ
  • အရင်က နှစ်ခေါက်နဲ့အထက် ဗိုက်ခွဲမွေးဖူးတာ
  • ကလေးအနေအထား မမှန်တာ (ဥပမာ ဆုံပိုင်း)
  • လမစေ့တဲ့ ကိုယ်ဝန်ဆိုရင်
  • ကလေးက ကိုယ်အလေးချိန်များပြီး ကြီးနေရင်
  • မွေးနေတဲ့အချိန်မှာ ကိုယ်ဝန်ကို တောက်လျှောက်ကြည့်နေဖို့ လိုပြီး ရေထဲမှာ ကိုယ်ဝန်ကို ကြည့်ဖို့ အဆင်မပြေတဲ့အခါ (ဥပမာ ကလေးရဲ့ နှလုံးခုန်နှုန်းကို ဆက်တိုက်ကြည့်ဖို့ လိုတဲ့အခါမျိုး)
  • အမေက ဖျားနေတာ၊ အရေပြားမှာ ပိုးဝင်နေတာ
  • မိန်းမကိုယ်ကနေ သွေးဆင်းများနေတာဆိုရင်တော့ မမွေးသင့်ပါဘူး။

ခေတ်မီလာတဲ့ ဆေးပညာအရ ကလေးမွေးတာကို သက်သာအောင် အမျိုးမျိုး ပြုလုပ်လာကြပါပြီ။ ရေထဲမှာ မွေးတာက ကလေးအတွက်တော့ ထူးထူးခြားခြား ကောင်းကျိုးမရှိပါဘူး။ အမေအတွက်တော့ နာတာတွေ၊ စိတ်ဖိစီးတာတွေ လျော့ပြီး မြန်မြန်မွေးနိုင်အောင် ကူညီပေးပါတယ်။ ဒီနည်းနဲ့ မွေးဖို့ စဉ်းစားထားတယ်ဆိုရင် မမွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆီးချို အသက်ရှည် ကျန်းမာရေး နာတာရှည် နေထိုင်စားသောက်မှုပုံစံ သွေးတွင်းသကြားဓာတ် အချို အစာအာဟာရ လေ့ကျင့်ခန်း အားကစား စိတ်ဖိစီးမှု ဆေးလိပ် ဂျုံကြမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့

ရယ်မောခြင်း ကျန်းမာ အသက်ရှည် စိတ်ချမ်းသာ ပျော်ရွှင်မှု ဟော်မုန်း စိတ်ဖိစီးမှု ကြွက်သား ကိုယ်ခံအား အာရုံကြော နှလုံး ကယ်လိုရီ လူ့ဘဝသက်တမ်း စိတ်ကျရောဂါ ဒေါသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

စိတ်ရောဂါထိန်းချုပ်ဆေးနဲ့ ပတ်သက်ပြီး မှားသိထားတဲ့အရာတွေ

စိတ်ရောဂါ ထိန်းချုပ်ဆေး စိတ်ကျရောဂါ စိုးရိမ်ပူပန် စိတ်ဖိစီးမှု စိတ်ကုထုံး အတွေးအခေါ် ဘေးထွက်ဆိုးကျိုး ခေါင်းမူးခေါင်းကိုက် ဗိုက်အောင့် လိင်တံမထောင်မတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်

စိတ်ချမ်းသာ ပျော်ရွှင် အပင်စိုက် သစ်ပင်ပန်းမန် ခရီးထွက် သဘာဝ ကျန်းမာရေး စိတ်ကုထုံး စိတ်ဖိစီးမှု အထီးကျန် နေရောင်ခြည် မွှေးရနံ့ အတွေး မျက်စိ စိတ်အာရုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read
သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read