backup og meta

ခါးဆစ်ရိုးထုံဆေး - မိခင်များမီးဖွားစဉ် လျင်မြန်ဘေးကင်းကာ အနာသက်သာစေသောနည်း


Dr. Thant Zin မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးဆစ်ရိုးထုံဆေး - မိခင်များမီးဖွားစဉ် လျင်မြန်ဘေးကင်းကာ အနာသက်သာစေသောနည်း

    ခါးဆစ်ရိုးထုံဆေးဟာ ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာကို နာကျင်ခြင်းမရှိအောင် ပြုလုပ်ပေးတဲ့ ဆေးဖြစ်ပါတယ်။ ကလေးမီးဖွားစဉ် အနာသက်သာအောင် မေ့ဆေးဆရာဝန်ကနေ ထိုးပေးပါတယ်။ ဒီနည်းသုံးရာမှာ ဆေးကို နောက်ကျောဖက် ခါးဆစ်ရိုးနေရာကို ထိုးပြီး သင်ဟာ နိုးကြားနေလျက်နဲ့ပဲ ကိုယ်ခန္ဓာအစိတ်အပိုင်းအများအပြားဟာ နာကျင်မှုကို မခံစားရအေင် ပြုလုပ်ပေးပါတယ်။ ခါးဆစ်ရိုးထုံဆေးဟာ ကလေးမွေးစဉ်တလျှောက်မှာ နာကျင်မှုကို အတော်လေးသက်သာစေပါတယ်။ ဗိုက်ခွဲမွေးဖို့ လိုအပ်လာတိုင်းမှာ အသုံးပြုတာမို့ လူသိများတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။

    ခါးဆစ်ရိုးထုံဆေးကို ဘယ်လိုပေးမလဲ

    ကလေးမမွေးခင် ခါးဆစ်ရိုးမထိုးခင်မှာ သွေးကြောထဲကို အရည်များထည့်ပေးဖို့ ဆလိုင်းချိတ်ပေးခြင်း ပြုလုပ်ရပါမယ်။ အနာသက်သာစေမယ့် ဆေးတွေကိုသွေးပြန်ကြော ဒါမှမဟုတ် အသားထဲကိုထိုးပေးရပါမယ်။ ဒီဆေးတွေဟာ နာကျင်မှုကို လုံး၀ ပျောက်မသွားစေပေမယ့် သက်သာစေပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဆေးများဟာ သင့်ကိုယ်ခန္ဓာတစ်ခုလုံးကို ထိရောက်စေပြီး သင်ရောသင့်ကလေးကိုပါ အိပ်ငိုက်စေပါတယ်။ ဒီဆေးတွေကို မီးဖွားမှုစစခြင်းမှာသက်သာရာရအောင်၊ အားမကုန်အောင် ပေးတာ ဖြစ်ပါတယ်။

    မေ့ဆေးဟာ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လောက်ကြာလဲ

    ခါးဆစ်ရိုးထုံဆေးဟာ ဆေးထိုးပြီး ၁၀-၂၀ မိနစ်လောက်ဆို အာနိသင်ပြပါတယ်။ ဒီနည်းဟာ သင်ဆေးကို လိုအပ်ရင် လိုအပ်သလောက် ဆေးထိုးပြွန်လေးကတဆင့် ပေးနိုင်ပါတယ်။

    အကျိုးကျေးဇူးတွေကဘာတွေလဲ

    • ပုံမှန်အားဖြင့် ဒီဆေးဟာ သင့်ကိုနိုးကြားနေစေပြီး မွေးဖွားစဉ်တလျှောက် ကောင်းကောင်းသိနိုင်ပါတယ်။
    • မွေးဖွားချိန်ကြာမယ်ဆိုရင် အနားရစေပါတယ်။
    • မွေးဖွားစဉ် သက်တောင့်သက်သာဖြစ်စေပြီးကောင်းမွန်တဲ့ မွေးဖွားခြင်းအတွေ့အကြုံကိုရစေပါတယ်။
    • ဒီဆေးသုံးခြင်းဟာ မွေးဖွားစဉ်တလျှောက် ချောမွေ့စေပြီး ဒီနည်းစနစ်အောင်မြင်ဖို့အတွက် ဆေးထိုးပေးမယ့်သူရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပါတယ်။
    • တခြားနည်းလမ်းတွေနဲ့ အဆင်မပြေတဲ့အခါ ခါးဆစ်ရိုးထုံဆေးဟာ သင့်အနေနဲ့ မောပန်းနွမ်းနယ်မှု၊ စိတ်တိုင်းမကျမှုတွေကို ရင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။ သင်ဟာ သက်သောင့်သက်သာ ဖြစ်နေပြီး ရှေ့ဆက်ရမယ့် ကိစ္စအတွက် အားအင်ပြည့်စေပြီး မွေးဖွားမှုကို ကောင်းကောင်းသိနေနိုင်ပါတယ်။

    ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာရှိသလား

    ဒီနည်းဟာ ဘေးကင်းပေမယ့် သတိပြုရမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်တော့ ရှိနေပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ဟာ ဒီအချက်တွေကိုကာကွယ်ဖို့ သတိထားပါလိမ့်မယ်။ အဲဒီအချက်တွေကတော့-

    • သွေးပေါင်ချိန်ကျခြင်း- သင့်ကို လိုင်းချိတ်ထားပြီး သွေးပေါင်ချိန်ကိုသေချာစောင့်ကြည့်ပါလိမ့်မယ်။
    • ခေါင်းကိုက်ခြင်း- အရည်များသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်းဟာ အနာသက်သာစေပါတယ်။ ခေါင်းကိုက်တာ ဆက်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့မေ့ဆေးဆရာဝန်ကို ပြောပါ။ ဆေးတွေ ထပ်ညွှန်ပါလိမ့်မယ်။
    • မွေးဖွားစဉ်ယားယံခြင်း- စိတ်အနှောင့်အယှက် ဖြစ်တဲ့အထိဆိုရင် မေ့ဆေးဆရာဝန်က ကုသပေးပါလိမ့်မယ်။

    အနာသက်သာအောင် ပြုလုပ်ခြင်းဟာ သင့်ကို မသက်မသာခံစားရခြင်း မဖြစ်စေပါဘူး။ သင်ဟာ သင်ဘယ်လိုခံစားရတယ်ဆိုတာ အသိဆုံးဖြစ်တာမို့ မီးဖွားစဉ်နာကျင်မှုအတွက် သင်ကိုယ်တိုင်က ဆုံးဖြတ်ရပါမယ်။ ဆေးတွေရဲ့ ဘေးကင်းမှုပေါ်မှာလည်း သိပ်စိတ်ပူစရာမလိုပါဘူး။ မွေးဖွားစဉ်သုံးတဲ့ ဆေးများဟာ သင့်အတွက်ရော သင့်ကလေးအတွက်ပါ ဘေးကင်းစေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement