· ဦးနှောက်ရှိ ဟိုက်ပိုသားလမတ် မူမမှန်ခြင်း
ယင်းဖြစ်စဉ်ကို အများအားဖြင့် အများအားဖြင့် ရာသီစက်ဝန်းမမှန်သော အမျိုးသမီးများတွင် အများဆုံးတွေ့ရပါသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် အပြောင်းအလဲမြန်ခြင်း စသည့်အကြောင်းများကြောင့်လည်း ဟိုက်ပိုသားလမတ် မူမမှန်ဖြစ်စဉ်များ ဖြစ်တတ်ပါသည်။
· မျိုးဥအိမ် သည် အရွယ်မတိုင်မီ လုပ်ဆောင်ရည်ကျဆင်းခြင်း
ထိုရောဂါသည် ကိုယ်ခန္ဓာထဲတွင် ကိုယ်ခံအားစနစ်မူမမှန်ခြင်း၊ မျိုးရိုးဗီဇများ မူမမှန်ခြင်း၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး အသက် ၄၀အောက် အမျိုးသမီးများတွင် အဖြစ်များပါသည်။
မျိုးဥကြွေစေရန် လှုံ့ဆော်လို့ရပါသလား။
မျိုးဥကြွေခြင်းကို လှုံ့ဆော်လို့ရပါသည်။ အောက်ပါတို့သည် မျိုးအိမ်မှ မျိုးဥများကိုထွက်လာစေရန် လှုံ့ဆော်ပေးသော ဆေးများဖြစ်ပါသည်။
· ကလိုမီဖင်း ဆစ်ထရိတ် citrate (Clomid, Serophene)
ထိုဆေးသည် ဦးနှောက်ရှိ ပစ်ကျူထရီ ဂလင်းကို လှုံ့ဆော်ပေးပြီး မျိုးအိတ်များကို ပိုထုတ်ပေးခြင်းဖြင့် လှုံ့ဆော်ပေးခြင်းဖြစ်ပါသည်။
· မတ်ဖော်မင် (Glucophage)
မျိုးဥအိမ်တွင် ရေအိတ်များဖြစ်သောရောဂါရှိသော အမျိုးသမီးမျာသည် မတ်ဖော်မင်ကိုသောက်ခြင်းဖြင့် အင်ဆူလင်ဟော်မုန်းများ အာနိသင်ကောင်းလာစေပြီး မျိုးဥကြွေခြင်းကိုလည်း ဖြစ်စေပါသည်။
အချုပ်ဆိုရသော် အများစုသော အမျိုးသမီးများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသည့် အခြေအနေများ မူမမှန်မှုများကို အမှုမဲ့အမှတ်မဲ့နေတတ်ကြပါသည်။ ထို့ကြောင့် ရာသီစက်ဝန်းလာချိန် နှင့် အခြားအချိန်များတွင် ပါ သင့်ကိုယ်တွင် ပြောင်းလဲနေသော မူမမှန်ဖြစ်စဉ်များရှိမရှိ ဂရုပြုကြည့်ရှုရပါမည်။ ရောဂါရှိနေသော်လည်း မကုသဘဲထားလျှင် ယင်းမူမမှန်ဖြစ်စဉ်ကြောင့် နောင်တွင် ကလေးမရနိုင်တော့သည်အထိ အခြေအနေဆိုးရွားသွားနိုင်ကြောင်း သိထားရပါမည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။