ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အချက် (၄) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 1, 2020 . 2 mins read
Share now

အကယ်၍ စုံတွဲများသည် ကိုယ်ဝန်ရရှိနိုင်ရန် ကြိုးစားနေကြလျှင် အနှေး နှင့် အမြန် ကိုယ်ဝန်ရရန် မျှော်မှန်းကြပေသည်။

ကိုယ်ဝန်ရရှိစေရန် ကြိုတင်ပြင်ဆင်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လိင်ဆက်ဆံသည့် အချိန်၊ ကျန်းမာသည့် သန္ဓေသားဖွံ့ဖြိုးစေမည့် ကျန်းမာသည့် အစာအာဟာရ စသည့် များစွာသော အရာများကို သတိထားမိသည်။

ဖော်လစ်အက်စစ် (Folic Acid)

ဖော်လစ်အက်စစ်ကို အစားအစာများတွင် ဖော်လိတ် (Folate )ဟုလည်း သိကြပြီး ဗိုက်တာမင် ဘီ အုပ်စုထဲတွင် ပါဝင်သည်။ Neural Tube Defect ဟုခေါ်သော ဦးနှောက် နှင့် အာရုံကြောမကြီးတွင် ဖြစ်ပွားသော မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်သည်။ Neural Tube Defect သည် သန္ဓေအောင်ပြီး ၂၈ ရက်အတွင်း ဖြစ်တတ်ပြီး ထိုအချိန်သည် အမျိုးသမီးများ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိမှန်း သတိမထားမိသေးသော အချိန်ဖြစ်သောကြောင့် Folic Acid ကို အမျိုးသမီးများသည် စိတ်ဝင်စားမှုရှိကြသည်။

ကိုယ်ဝန်ဆောင်နိုင်သော အမျိုးသမီးတစ်ယောက်သည် သန္ဓေမအောင်ခင် အချိန်မှ စ၍ ကိုယ်ဝန်၏ ပထမ ၁၂ ပတ် (၃ လ) ထိ Folic Acid ကို တစ်နေ့လျှင် 400mcg သောက်သုံးရန် အကြံပေးထားကြသည်။

အကယ်၍ ရင်သွေးသည် Neural Tube Defect ဖြစ်နေမည်ဆိုပါက ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန် နှင့် တိုင်ပင်ပြီး Folic Acid ကို ဆေးညွှန်း ပြောင်းသောက်သင့် ၊ မသောက်သင့်ကို တိုင်ပင်သင့်သည်။

အစာအရင်းအမြစ်- အစိမ်းရောင်ရှိသော ဟင်းသီး ဟင်းရွက်များ၊ အစေ့အဆံများ၊ ပဲများ၊ ချဉ်သော အသီးများ၊ နှံစားပြောင်းများ၊ ပေါင်မုန့် နှင့် အီတလီခေါက်ဆွဲ။

ကယ်လ်စီယမ် (Calcium)

ကယ်လ်စီယမ်သည် ရင်သွေး၏ အရိုး နှင့် သွားကို ဖြစ်စေမည့် အရေးကြီးသော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သည် ကယ်လ်စီယမ်ကို လုံလောက်စွာ မစားသုံးထားလျှင် ကိုယ်ဝန်၏ လိုအပ်ချက်အရ ရင်သွေးအတွက် လိုအပ်သော ကယ်စီယမ်ကို မိခင်၏ အရိုးတွင် သိမ်းထားသည်မှ ထုတ်ယူပေးမည် ဖြစ်သည်။

ရင်သွေးအတွက် ကယ်စီယမ်ကို လုံလောက်စွာ ရရှိစေရန် နှင့် အရိုးနှင့် သွားကောင်းစွာ ဖွံ့ဖြိုးစေရန် အတွက် Vitamin D နှင့် အခြား ကယ်စီယမ် နှင့်အတူ အကျိုးပြုသော အာဟာရများကို ပေါင်းစပ်ထုတ်လုပ်ထားသည့် အစားအစာများကို ရွေးချယ်သင့်သည် ဟု Academy of Nutrition & Dietetics အဖွဲ့မှ ပြောကြားထားသည်။

အသက် ၁၉ နှစ် နှင့် အထက် ကိုယ်ဝန်ဆောင်မိခင်များသည် တစ်နေ့လျှင် ကယ်လ်စီယမ် 1000မီလီဂရမ် လိုအပ်သည်။ အသက် ၁၄ နှစ် မှ ၁၈ နှစ်အတွင်းရှိ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များသည် 1300 မီလီဂရမ် လိုအပ်သည်။

အစာအရင်းအမြစ်- နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ကယ်လ်စီယမ် ပါဝင်သော အချိုရည် နှင့် အစားအစာများ၊ အရိုးပါသော ဆာဒင်း နှင့် ဆော်လမွန် ငါးများ၊ အချို့ အစိမ်းရောင်ရှိသော ဟင်းရွက်များ (မုန်ညင်းစိမ်း နှင့် အစိမ်းရောင် ဂေါ်ဖီ)

သံဓါတ် (Iron)

အမျိုးသမီးများသည် တစ်နေ့လျှင် သံဓာတ် 13 မီလီဂရမ် လိုအပ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် 27 မီလီဂရမ်၊ ပုံမှန်ထက် ၂ ဆ တိုး၍ လိုအပ်သည်။

သံဓာတ်ချို့ယွင်းနေလျှင် ရင်သွေးသည် အောက်စီဂျင် ကောင်းကောင်းရရှိမည် မဟုတ်ပေ။ မိခင်သည် မောပန်းလွယ်ခြင်းနှင့် ကူးစက်ရောဂါဖြစ်လွယ်ခြင်းတို့နှင့် ဖြစ်တတ်သည့် သွေးအားနည်းရောဂါ ခံစားရနိုင်သည်။ သံဓာတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်စေရန် ဗီတာမင် စီ ပြည့်ဝသော အစားအစာ နှင့် အတူ သံဓာတ်ကြွယ်ဝသော အစားအစာများကို အတူတကွ စားသုံးသင့်သည်ဟု Academy of Nutrition & Dietetics အဖွဲ့မှ အကြံပြုထားသည်။

ဥပမာ- မနက်စာ စားရာတွင် သံဓာတ်ကြွယ်ဝသော နှံစားပြောင်း နှင့် လိမ္မော်ရည်သောက်ခြင်း။

အစာအရင်းအမြစ်- အသား၊ ကြက်သား၊ ငါး၊ အခြောက်ခံထားသော ပဲများ၊ သံဓာတ်ကြွယ်ဝသော နှံစားပြောင်းများ။

အိုင်အိုဒင်းဓါတ် (Iodine)

ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးတစ်ယောက်၏ သိုင်းရွိုက်ဂလင်း ကျန်းမာနေစေရန် အိုင်အိုဒင်းဓါတ်သည် အရေးကြီးသည်။ အိုင်အိုဒင်းဓာတ် ချို့တဲ့လျှင် ရင်သွေးတွင် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှု ရပ်တန့်ခြင်း၊ စိတ်ကျန်းမာရေး မကောင်းမွန်ခြင်း နှင့် ပို၍ ဆိုးရွားလျှင် ဆွံ့အနားမကြား ဖြစ်နိုင်ခြင်း တို့ ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်းဓာတ် ချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျခြင်း နှင့် အသေမွေးခြင်း တို့ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သည် တစ်နေ့လျှင် အိုင်အိုဒင်း 220 မိုက်ခရိုဂရမ် လိုအပ်သည်။

အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွိုင်းရွိုက်ဂလင်း ၏ ရောဂါလက္ခဏာများမှာ-

– သိုင်းရွိုက်ဂလင်းကြီးခြင်း၊

-မောပန်းလွယ်ခြင်း၊

-အားနည်းခြင်း၊

-စိတ်ဓါတ်ကျခြင်း၊

-အအေးဒဏ်ကို မခံနိုင်ခြင်း နှင့် ကိုယ်အလေးချိန်တက်ခြင်း၊

အကယ်၍ အိုင်အိုဒင်းဓာတ် ချို့တဲ့သည်ကို ခံစားရလျှင် ဆရာဝန် (သို့) သူနာပြုဆရာမ နှင့် ဆွေးနွေးတိုင်ပင်ရမည်။

အစာအရင်းအမြစ်- ဥများ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာ၊ ဘီယာ နှင့် တဆေးမှို၊

မည်သည့် အချိန်မဆို သိသာသည်မှာ ကျန်းမာသော အစာအာဟာရသည် ကျန်းမာသော ဘဝနေထိုင်မှုနှင့် အချိန်တိုင်း ယှဉ်တွဲနေပြီး ကိုယ်ဝန်ဆောင်ရန် စီစဉ်ထားလျှင် (သို့) ကိုယ်ဝန်ဆောင်နေလျှင် ပို၍ အရေးကြီးသည်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်

အူလမ်းကြောင်း ဒိန်ချဉ် ကျန်းမာရေး သစ်သီးဝလံ အစေ့အဆန် မနက်စာ အစာအာဟာရ သစ်သီးဖျော်ရည် မုန့်ပဲသရေစာ ဗိုက်တာ ခရီး ရေဓာတ် ချက်ပြုတ်ပြင်ဆင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ အရွယ်မတိုင်ခင် မသန်မစွမ်းဖြစ်နိုင်

အဝလွန်တဲ့ကလေး၊ အာရုံကြောချို့ယွင်းတဲ့ရောဂါ၊ Multiple Sclerosis၊ ကိုယ်အလေးချိန်၊ အစာအာဟာရ၊ ဆေးလိပ်ငွေ့၊ တဆင့်ခံရှူရှိူက်၊ ကိုယ်လက်လှုပ်ရှားမှု၊ အာရုံကြော၊ BMI၊ Growth Chart

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ

ကိုယ်ခံအား နည်းတဲ့အခါ ရောဂါဝင်လွယ်မယ်၊ နေမကောင်းဖြစ်ရတဲ့အခါ အားပိုနည်းမယ်၊ ဖွံ့ဖြိုးဆဲအရွယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝ မရယူနိုင်တော့ဘူး၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”

ထောပတ်သီး မနက်စာ အစာအာဟာရ အမျှင်ဓာတ် သခွားသီး ခရမ်းချဉ်သီး ကြက်သွန်နီ ကျန်းမာရေး မိသားစု သရေစာ အစာကြေ ဝမ်းမှန် ကိုယ်အလေးချိန် အသားအရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 3 mins read

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

သုက်ရည်ကျဲလာခြင်းက အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read

အမျိုးသားများ စိုးရိမ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 3 mins read