backup og meta

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်ချိန်က အမျိုးသမီးတိုင်းအတွက် အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပါ။ ဒီကာလမှာ ကျန်းမာတဲ့ မေမေတွေတောင် အတော်လေး ဂရုစိုက်ရတဲ့အချိန်ပါ။ ဒီလို အစစအရာရာ အတိမ်းအစောင်း မခံတဲ့ ကာလမှာ နာတာရှည် ကျန်းမာရေးပြဿနာ တစ်မျိုးဖြစ်တဲ့ ဆီးချို ခံစားနေရတဲ့ မေမေတွေအနေနဲ့ ပုံမှန်ထက် အတော်လေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ဆီးချိုရှိမယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါမှ ကျန်းမာတဲ့ ကလေးလေးတွေ မွေးဖွားလာမှာပါ။ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာက ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ကလေးလေးပါ ကျန်းမာမှာပါ။

ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့အတွက် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ ကတော့

  • ကိုယ်ဝန်မယူခင် သေချာလေး စီစဉ်ပါ

ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နဲ့ သေချာတွေ့ပြီး တိုင်ပင်ပါ။ သွေးတွင်းသကြားဓာတ် ထိန်းညှိတာကစလို့ ဆေးသောက်တာကို ပြောင်းလဲတာ၊ ကိုယ်အလေးချိန်ကို ထိန်းညှိတာတွေကို လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

  • စောနိုင်သမျှ စောစော ဆရာဝန်နဲ့ ပြသပါ

ကိုယ်ဝန်က မမျှော်လင့်ဘဲ ရသွားတာဆိုရင် သိပြီဆိုတာနဲ့ မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ ပုံမှန် ကိုယ်ဝန်ဆောင်တွေ ရက်ချိန်းပြတာထက် မကြာခဏဆိုသလို ဆရာဝန်နဲ့ သွားပြပေးဖို့ လိုပါမယ်။ ဒါမှ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာမှာပါ။

  • အာဟာရ ပြည့်ဝမျှတအောင် စားပေးပါ

ဆီးချိုရှိတဲ့ မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို စားသုံးဖို့ လိုပါမယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ အချိုကဲ၊ အငန်ကဲတာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို မစားဖို့ လိုပါမယ်။

  • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း နေ့စဉ် မိနစ် ၃၀ ထက်မနည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ တစ်ပတ်ကို ၅ ရက်လောက် လုပ်ပေးမယ်ဆိုရင် ဆီးချိုရှိတဲ့ မေမေကိုရော ဗိုက်ထဲက ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။

ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရလဲဆိုတော့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂ ဆော့ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ

  • ဆေးကို ညွှန်ကြားထားတဲ့အတိုင်း သောက်ပေးပါ

ဆီးချိုရှိနေမယ်ဆိုရင် ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးတွေကို အချိန်မှန်မှန် အချိုးအစား မှန်မှန် သောက်ဖို့ လိုပါမယ်။ ဒါမှ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။

  • သွေးချို အရမ်းမကျသွားအောင် ထိန်းပါ

သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းချုပ်တာက သွေးချိုကျစေနိုင်ပါတယ်။ ဒါကြောင့် သွေးချိုကို ပုံမှန်စစ်ပေးပြီး သွေးတွင်းသကြားဓာတ် အရမ်းကျနေချိန်မှာ စားဖို့ သကြားလုံးလေးတွေ ဆောင်ထားတာမျိုးက အဆင်ပြေပါတယ်။

နောက်တစ်ချက် သတိထားရမှာက မူးဝေတာ၊ ကတုန်ကယင်ဖြစ်တာလိုမျိုး သွေးချိုကျတဲ့ လက္ခဏာတွေကို သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။

  • သွေးချို မကြာခဏ တိုင်းပေးပါ

ကိုယ်ဝန်ဆောင်နေချိန်မှာ ခန္ဓာကိုယ်က အင်အားတွေ ပိုမို လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကလည်း အလျင်အမြန်ဆိုသလို ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့  မကြာခဏဆိုသလို သွေးချို တိုင်းဖို့ လိုပါမယ်။ ဒါကြောင့် အစားအစာကို ဂရုစိုက်တာ၊ လေ့ကျင့်ခန်း အတိုင်းအတာ၊ အင်ဆူလင် ပမာဏတွေကို တိုင်းတာချင့်ချိန်ဖို့ လိုသလို မကြာခဏဆိုသလို သွေးချိုတိုင်းဖို့လည်း လိုပါမယ်။

  • ဖောလစ်အက်ဆစ် သောက်ပေးပါ

ဆီးချိုရှိတဲ့ မေမေတို့အနေနဲ့ ကိုယ်ဝန်ရရှိဖို့ ကြိုးစားနေချိန်မှာ ဖောလစ်အက်ဆစ် သောက်သုံးဖို့ လိုသလို ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါမလာစေဖို့အတွက် ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးဖို့ လိုပါမယ်။

ကဲ … ဆီးချိုရှိနေပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ ဒီအချက်လေးတွေက ထောက်ကူပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်မေမေတွေ သိထားဖို့လိုမယ့် သွေးချိုပမာဏ အတိုင်းအတာ

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ အိမ်မှာ ပုံမှန် သွေးချိုတိုင်းတာ စစ်ဆေးဖို့ လိုပါမယ်။ ဒီလိုစစ်ဆေးတဲ့အခါ

  • မနက်ခင်း အိပ်ရာနိုးနိုးပြီးချင်း ဘာမှ မစားရသေးခင်မှာ – 5 to 7mmol/l (90-126 mg/dl)
  • တစ်နေ့တာရဲ့ အခြားအချိန်တွေမှာ အစားမစားခင်မှာ – 4 to 7mmol/l (72-126 mg/dl)
  • အစားစားပြီး ၁ နာရီခွဲ အကြာမှာ – 5 to 9mmol/l  (90-162 mg/dl) ရှိရမှာ ဖြစ်ပါတယ်။

ဒီဂဏန်းတွေက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီဂဏန်းတွေနဲ့ ထပ်တူညီမှ မဟုတ်ပါဘူး။

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ကလေးရော မေမေပါ ကျန်းမာစေဖို့ အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Type 1 Diabetes and Pregnancy https://www.cdc.gov/diabetes/library/features/type-1-and-pregnancy.html#:~:text=Women%20who%20have%20type%201,vision%20loss%2C%20and%20kidney%20disease. Accessed Date 5 October 2022

Type 1 or Type 2 Diabetes and Pregnancy https://www.cdc.gov/pregnancy/diabetes-types.html Accessed Date 5 October 2022

Pre-existing diabetes and pregnancy https://www.pregnancybirthbaby.org.au/diabetes-during-pregnancy Accessed Date 5 October 2022

Diabetes and pregnancy https://www.nhs.uk/pregnancy/related-conditions/existing-health-conditions/diabetes/ Accessed Date 5 October 2022

planning for a pregnancy when you have diabetes https://www.diabetes.org.uk/guide-to-diabetes/life-with-diabetes/pregnancy Accessed Date 5 October 2022

ယခုပုံစံ

08/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား

ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ ပါဝင်သင့်တဲ့ အကြောင်းရင်း (၈) ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement