backup og meta

မုတ်သုံမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုတ်သုံမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစေဖို့

    မုတ်သုံရာသီရဲ့ မိုးရွာသွန်းမှုက အငြိုးတကြီးပူထားတဲ့နွေရဲ့ အပူချိန်ကိုလျော့ပါးစေတာကြောင့် မပေါ့မပါးဖြစ်နေရတဲ့ မမဗိုက်ကို နွေမှာလောက် မပင်ပန်းစေတာတော့အမှန်ပါ။ ဒါပေမယ့် မုတ်သုံမှာ ထိုင်းဆ များမှုကြောင့် ပတ်ဝန်းကျင်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများကြီးရှိနေနိုင်ပါတ်ယ။ ဒီအခြေအနေက ပုံမှန်ထက် ကျန်းမာရေး ပိုဂရုစိုက်ဖို့ လိုအပ်နေတဲ့ မမဗိုက်တို့အတွက် အကောင်းကြီးပဲတော့မဟုတ်ပါဘူး။

    မုတ်သုံမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစေဖို့

    မုတ်သုံမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ။ မိုးလေးဖွဲဖွဲမှာ ကျန်းမာနေဖို့ မိခင်လောင်းတွေအနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပါ။

    မိုးရာသီမှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေက အခွင့်ကောင်းကိုစောင့်နေကြတာပါ။ ဒီအခြေအနေမှာ သေချာလေး ဂရုစိုက်နိုင်မှ မေမေရောဘေဘီလေးပါ ကျန်းမာစေနိုင်မှာပါ။ မုတ်သုံကို အကောင်းဆုံး ကျော်ဖြတ်ဖို့ မိခင်လောင်းတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

    အာဟာရပြည့်ဝအောင်စားပါ

    မုတ်သုံရာသီက ဘက်တီးရီးယား အန္တရာယ်များတာကြောင့် ခုခံနိုင်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့လိုမှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေကို လတ်ဆတ်ပြီး အာဟာရ ပြည့်ဝစေဖို့ သတိထားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်စားဖြစ်အောင်လည်း ဂရုစိုက်ပါ။ ဒါမှ ခန္ဓါကိုယ်က လိုအပ်တဲ့ အာဟာရတွေပြည့်ဝပြီး ကိုယ်ခံအားလည်းကောင်းနေမှာပါ။ ခံတပ်ကို ကောင်းကောင်း ဆောက်ထားနိုင်မှ စိတ်လက်ချမ်းသာ နေနိုင်မှာပါ မေမေတို့ရေ…….

    လမ်းဘေးစာတွေမစားပါနဲ့

    မိုးရာသီမှာ အစားအသောက်တွေက သန့်ရှင်းမှုအားနည်းနိုင်ခြေများပါတယ်။ ဒါကြောင့် လမ်းဘေးမှာရောင်းချတဲ့ လက်လုပ်ချဉ်တွေနဲ့ သန့်ရှင်းမှုနည်းတဲ့ အစားအစာတွေ အမှည့်လွန်နေတဲံ အသီးတွေကို မစားပါနဲ့။ ပူပူနွေးနွေးနဲ့ သန့်သန့်ရှင်းရှင်းလုပ်ထားတဲ့ အစားအသောက်တွေကို ဂရုစိုက်စားပေးပါ။

    ရေလုံလောက်အောင်သောက်ပါ

    မိခင်ရော ကလေးပါကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေက ပုံမှန်ထက်ရေဓါတ်ပြည့်ဝနေဖို့ လိုပါမယ်။ ဒါကြောင့် ရာသီဥတုအေးနေပေမယ့်လည်းရေကို လုံလောက်အောင်သောက်ဖို့မမေ့ပါနဲ့။ ဒါမှ မအီမသာဖြစ်တာ၊ခေါင်းကိုက်တာ၊ မူးဝေတာတွေ ကင်းစေမှာပါ။ရေပဲသောက်မနေချင်ဘူးဆိုရင် အုန်းစိမ်းရည်သောက်ပေးလို့ရပါတယ်။

    ချော်မလဲစေဖို့ သတိထားပါ

    မိုးရာသီရဲ့ စိုစွတ်မှု၊ရေညှိတွေပေါက်ဖွားမှုကြောင့် မတော်တဆချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ တစ်ယောက်တည်း မသွားပါနဲ့။ချော်နိုင်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ မိုးတွင်းစီးဖိနပ်ကောင်းကောင်းလေးစီးပေးပါ။

    မိုးမမိပါစေနဲ့

    မိုးမိတဲ့အခါဆေးသောက်ဖို့ မလွယ်ပါဘူး။ ဒီတော့ မိုးမိတာကြောင့်ဖြစ်လာမယ့် ရောဂါတွေကို ကာကွယ်ဖို့အတွက် အစောကတည်းက မိုးမမိအောင်ကာကွယ်ဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်မေမေတွေကဆေးသောက်တဲ့အခါဘေဘီလေးကိုထိခိုက်တာမျိုးဖြစ်လာနိုင်တာကြောင့် မိုးမမိအောင် ဂရုစိုက်ပေးပါ။

    ရေပုံမှန်ချိုးပါ

    မိုးရွာတာမှန်ပေမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုမစိုက်လို့ မဖြစ်ပြန်ပါဘူး။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ရေချိုးတာကိုမေ့မထားပါနဲ့။ တစ်နေ့ကိုတစ်ကြိမ်တော့ရေချိုးသန့်စင်ပေးပါ။

    အဝတ်အစား သက်တောင့်သက်သာရှိပါစေ

    အဝတ်အစားကလည်း အရေးကြီးပါတယ်။ မိုးရွာတာကြောင့် အပူချိန်လျော့သွားတာမှန်ပေမယ့် စိုထိုင်းဆမျာေးနတဲ့ အနေအထားက သင့်ကိုချွေးပြန်စေမှာ အသေအချာပါ။ ဒါကြောင့် အရမ်းထူတဲ့အဝတ်အစားမျိုးတွေကို မဝတ်ပါနဲ့။ချောင်ချောင်ချိချိနဲ့ သက်တောင့် သက်သာရှိတာမျိုးကို ဝတ်ဆင်ပေးပါ။ချွေးမစုပ်တဲ့အဝတ်အစားတွေက အရေပြားပြဿနာတွေဖြစ်စေနိုင်တာကြောင့် သတိထားစေချင်ပါတယ်။

    နေအိမ်ကို သန့်ရှင်းအောင်ထားပါ

    နေအိမ်မှာ မှိုနဲ့ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်တာကြောင့် အရေပြားပြဿနာတွေဖြစ်နိုင်သလို အအေးမိတုပ်ကွေး တွေ နှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာမေမေလောင်းတွေအနေနဲ့နေရာထိုင်ခင်းကို သန့်ရှင်းအောင်ထားဖို့ မမေ့သင့်ပါဘူး။

    ခြင်အန္တရာယ်သတိထားပါ

    ရာသီတိုင်းမှာ သတိထားရမှာဆိုပေမယ့် မိုးကျလာရင်ခြင်တွေကို ပိုသတိထားရတာက အမြဲလိုလိုပါ။ ဒါကြောင့်ခြင်ကိုက်မခံရအောင် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ဆင်ပေးပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် ဖန်တီးဖို့လည်း မမေ့ဖို့ပြောပါရစေ။

    အခုမိုးရာသီမှာ ဒီအချက်လေးတွေကို ဂရုစိုက်လို့ဆေးသောက်ဖို့ခက်တဲ့လေဒီမေမေတို့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ကြပါလို့ အကြံပြုရင်း………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement