သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read
Share now

သွေးတိုးရောဂါ ရှိတဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ရတာ လွယ်ကူတဲ့ အခြေအနေတစ်ရပ်တော့ မဟုတ်ပါဘူး။ သွေးတိုးရောဂါက ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဒီကိစ္စက စိတ်ပူရမယ့် အရာတစ်ခုဖြစ်သလို မိခင်တွေကို တော်တော်လေး နေရကသိကအောင့် ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ခံစားရနိုင်တဲ့ သွေးတိုးရောဂါ

ကိုယ်ဝန်ဆောင်မေမေတိုင်းလိုလို ခံစားရနိုင်တဲ့ သွေးတိုးရောဂါက ဒီအခြေအနေ (၂) ခုပါ။

  • နာတာရှည် သွေးတိုးရောဂါ ( အရင်ကတည်းက ရှိနေတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ ကိုယ်ဝန်မဆောင်ခင်ကတည်က ရှိနေတဲ့ သွေးတိုးရောဂါ)။
  • ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါ၊ ဒါကို ကိုယ်ဝန်ဆောင် သွေးတိုးလို့ သိကြပါတယ်။

ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ သွေးတိုးက ကျသွားတတ်ပြီး ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ သွေးပေါင်ချိန်က ပြန်တက်လာတတ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးကို ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ် နောက်ပိုင်းမှာ သိရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးကို သိရှိပြီဆိုတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသသင့်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်သွေးတိုးကို သေချာ မကုသဘဲ ထားမယ်ဆိုရင် မိခင်ရော ကလေးကိုပါ ထိခိုက်မှု ကြီးမားနိုင်တာကြောင့်ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိုဂျီနဲ့ သွားပြတိုင်းမှာလည်း သေချာလေး မေးမြန်းဖို့ လိုသလို ဆရာဝန်ဘက်ကလည်း သေချာလေး ဂရုတစိုက် စောင့်ရှောက်ပေးဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်သွေးတိုး ခံစားနေရတဲ့ မေမေတို့အတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကိုယ်ဝန်ဆောင် သွေးတိုးကြောင့် မေမေရော ဘေဘီလေးပါ မထိခိုက်စေဖို့အတွက် ကာကွယ်တဲ့ အနေနဲ့အနေ မေမေတိုင်း နေ့စဉ်မှာ ဒီလိုလေးတွေ စားပေး စေချင်ပါတယ်။

သလဲသီး

သလဲသီးက ဒီအတိုင်းစားလို့ရသလို ဖျော်သောက်လို့လည်းရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတစ်မျိုးပါ။ လေ့လာမှု တစ်ရပ်အရ သလဲသီးဖျော်ရည် ပုံမှန်သောက်ပေးတာက သွေးတိုးကျစေဖို့ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။

သကြား ထပ်ထည့်မထားတဲ့ သလဲသီးဖျော်ရည်ကို သောက်သုံးပေးတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို သက်သာစေမှာပါ။

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ သံလွင်ဆီမှာ polyphenols လို့ခေါ်တဲ့ နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး သွေးပေါင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ့် အစားအစာတွေကို သံလွင်ဆီနဲ့ ချက်ပြုတ်တာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

Pistachios (ရင်ကွဲစေ့)

Pistachios (ရင်ကွဲစေ့) က သွေးကြောတွေကို ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို စည်းချက် မှန်စေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Pistachios (ရင်ကွဲစေ့) ကို စားသုံးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

အစေ့အဆန်

ဆားထပ်စွက်မထားတဲ့ အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ သွေးပေါင်ကျစေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးထားပါတယ်။ တစ်နေ့ကို နေကြာစေ့၊ ဖရုံစေ့ တို့လိုမျိုး အစေ့အဆန်တွေကို လက်တစ်ဆုပ်စာ ပုံမှန် စားသုံးပေးပါ။

ငှက်ပျောသီး

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန် အနေအထားကို အကောင်းဆုံး ထိန်းညှိဖို့ဆိုရင် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီးလိုမျိုး အသီးအနှံတွေကို စားပေးပါ။ ငှက်ပျောသီးကို ခပ်ပါးပါးလေး လှီးပြီး ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အခြားသော အစားအစားတွေ ဖြစ်ကြတဲ့ cereal ဒါမှမဟုတ် oatmeal တို့ထဲကို ထည့်ပြီး မနက်စာ စားပေးတာက သွေးတိုးတာကို သိသိသာသာ သက်သာစေမှာပါ။

အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်

အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ်မှာ ကယ်လ်ဆီယမ် ကြွယ်ဝပြီး အဆီ ပါဝင်မှုနည်းပါတယ်။ ဒီအချက်တွေကပဲ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်မှာပါ။

American Heart Association ရဲ့ အဆိုအရ တစ်ပတ်ကို အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ်ကို ၅ ကြိမ် ဒါမှမဟုတ် ၅ ကြိမ်နဲ့အထက် စားသုံးသူတွေဟာ သွေးတိုးဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းလောက် နည်းနေတယ် ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကိုယ်တိုင် ကျန်းမာပြီး ဘေဘီလေးကို အာဟာရပြည့်ပြီး အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ် စားသုံးပေးပါ။

ဒါတွေအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပင်လယ်ငါး စတာတွေကို စားသုံးပေးတာက သွေးတိုးကျစေသလို ဘေဘီလေးကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမြင်မကြည် ရသည့် အကြောင်းတရားများ

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအစာလေးတွေ စားပေးလို့ ရတယ်ဆိုတာကို သိပြီးပြီလား...... ကြောက်ရွံ့တာကို သက်သာစေမယ့် အစားအစာတွေက ဘာတွေ ဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ ဟိုဟာမတည့် ဒီဟာမတည့်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတန်ခက်ခဲတယ်။ ဒီလို သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read