backup og meta

ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ

    ကြားဖူးပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့ ဇနီးကို ရိုက်နှက်နှိပ်စက်တဲ့ ခင်ပွန်းမျိုး။ ဘယ်လိုများ လုပ်ရက်သလဲနော်။ တကယ်တော့ ကိုယ်ဝန်ဆောင်တယ် ဆိုတာ အမျိုးသမီးတွေအတွက် ဘဝမှာ စိတ်လှုပ်ရှားရဆုံးနဲ့ ခန္ဓာကိုယ်မှာ စိန်ခေါ်မှုအကြုံရဆုံးကိစ္စပါပဲ။ လူသားဆန်တဲ့ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင် ဇနီးသည် အတွက် အခုချိန်မှာ ပိုပြီးချစ်ခင်ကြင်နာပေးသင့်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ လို့ ပြောရတာပါ။

    ဇနီးဖြစ်သူက ကိုယ့်ကလေးကို ကိုးလကြာအောင် ကိုယ်ဝန်လွယ်ထားရချိန်အတွင်းမှာ ကလေးရဲ့ဖခင်ဖြစ်တဲ့ ကိုယ်က အပြင်ကနေ စောင့်ရှောက်ကူညီပေးရမှာပါ။ အကောင်းဆုံးကတော့ သူ့အပေါ် စိတ်ရင်းနဲ့ စောင့်ရှောက်ဂရုစိုက်မှု ပြသပေးဖို့ဖြစ်ပါတယ်။ သူကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေ၊ စိတ်စွဲလမ်းမှုတွေနဲ့ မဖြစ်စဖူးဖြစ်လာတဲ့အပြုအမူတွေကို နားလည်ပေးပါ။

    ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ

    ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ ဆိုရာမှာ

    • ကောင်းကောင်းတုံ့ပြန်ပါ။

    ကိုယ်ဝန်အကြောင်းကြားရတဲ့အချိန်မှာ တအားပျော်ရွှင်ဖို့ စိတ်မရှိရင်တောင်မှ စိတ်မဝင်စားသလိုအပြုအမူမျိုး နဲ့ မတုံ့ပြန်မိပါစေနဲ့။ ဇနီးသည်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သင်ကသူ့အနားမှာရှိနေပေးဖို့ ဦးစားပေးလုပ်ဆောင်ပေးပါ။

    • ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် လေ့လာပါ။

    သူ့မှာ ဘယ်လိုတွေပြောင်းလဲနေသလဲဆိုတာ သင်သိလေ၊ နားလည်ပေးပြီး ဘယ်လိုကူညီရမလဲ ဆိုတာ ပြင်ဆင်နိုင်လေ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစာအုပ်တွေမှာ ဖခင်လောင်းတွေအတွက် အရမ်းကိုအသုံးဝင်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့ အထူးအပိုင်းတွေပါရှိတတ်ပါတယ်။

    • ဆေးခန်းရက်ချိန်း အတူလိုက်ပေးပါ။

    ပုံမှန်ရက်ချိန်းတိုင်းမှာ ဆေးခန်းလိုက်ပို့ပေးတာက အကျိုးရှိတဲ့အချက်သုံးခုရှိပါတယ်။ ပထမအချက်- သင်က ကိုယ်ဝန်ဆောင်ကာလအတွင်း သူနဲ့အမြဲရှိနေပေးတယ်လို့ ဇနီးကို ပြသနိုင်သလို ဒုတိယအချက်က ကိုယ်ဝန်နဲ့ ပတ်သက်ပြီး သင်က အကုန်သိထားတဲ့အပြင် သူမအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်စေပါတယ်။ နောက်ဆုံးအချက်က ဆရာဝန်ပြောသမျှကို ကူမှတ်ပေးထားပါ။

    ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးတွေရဲ့မှတ်ဉာဏ်က သိပ်မကောင်းတတ်ကြဘဲ စိတ်လှုပ်ရှားနေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဇနီးသည် မေ့နေတဲ့အချက်တွေ ရှိနေရင်တောင် သင်က ကူညီပေးနိုင်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးလို့ ကိုယ်က အရမ်းအလုပ်များနေရင်တောင်မှ ရက်ချိန်းအတွက် ရအောင်အချိန်လုပြီး အဖော်လိုက်ပေးပါ။

    • စိတ်ဖိစီးမှုတွေ ကူလျှော့ပေးပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ လိုအပ်ချက်များပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဇနီးသည်ကို မလိုအပ်ဘဲ ဖိအားမပေးပါနဲ့။ အိမ်အလုပ်တွေကို ကူလုပ်ပေးခြင်းဖြင့်လည်း ဇနီးကို ပိုအနားရအောင် ကူညီပေးနိုင်ပါတယ်။

  • စိတ်ရှည်ပါ။
  • ကိုယ်ဝန်ဆောင်ကာလအတွင်း ဇနီးသည်ရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ပြောင်းလဲစေပါတယ်။ တစ်ခါတစ်လေ စိတ်ပျော်မယ်၊ တစ်ခါတစ်လေ သင်ပါးစပ်ဟလိုက်တာနဲ့ သူရန်လုပ်ရင်လုပ်မယ်၊ တစ်ခါတစ်လေ အကြောင်းရင်းမရှိဘဲ ပေါက်ကွဲငိုယိုတာတွေ ရှိလာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပေးလိုက်ပါ။ ဒါတွေဟာ ဟော်မုန်းကြောင့်ပဲလို့ နားလည်ပေးပါ။

    • မကြာခဏဆီးသွားတဲ့အခါ ကူညီပေးပါ။

    ကိုယ်ဝန်ဆောင်တွေက မကြာခဏ ဆီးသွားတတ်ပါတယ်။ မကြာခဏဆိုတာက နာရီဝက်တစ်ခါလောက်ကို သွားတတ်တာမျိုးပါ။ ဒီလိုဖြစ်လာတဲ့အခါ သူ့ကိုနားလည်ပေးပါ။ နေရာစီစဉ်ပေးပါ။

  • ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်တစ်ယောက်လိုနေကြည့်ပါ။
  • ဒီနည်းက ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေအတိုင်း သူမကိုယ်တိုင် လိုက်နာစေဖို့ စိတ်ပိုင်းဆိုင်ရာအားပေးမှုတစ်ခု ပါပဲ။ ဇနီးသည်က အရက်နဲ့ ကော်ဖီရှောင်ရတဲ့အချိန်မှာ ကိုယ်လည်း မသောက်ပါနဲ့ (ဒါမှမဟုတ် အနည်းဆုံး တော့ သူ့ရှေ့မှာမသောက်ပါနဲ့)။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ဝန်ဆောင်နဲ့ သန္ဓေသားအတွက် အကျိုးရှိတာကြောင့် လမ်းအတူလျှောက်ပေးရင်း၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း တွေအတူလုပ်ပေးရင်းနဲ့ သူမကို အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။

    • ကိုယ်ဝန်ကြောင့် ပျို့အန်မှုကို ခံစားနေရချိန်မှာ ကူညီဖေးမပါ။

    Morning sickness ဟာ ကလေးမွေးဖွားချိန်ကလွဲလို့ ကိုယ်ဝန်ဆောင်ကာလမှာ အဆိုးဆုံးအချိန်ဖြစ်ပါတယ်။ Morning sickness ကိုကိုယ်ဝန်ဆောင်အမျိုးသမီး ၇၅ ရာခိုင်နှုန်းမှာ ခံစားရတတ်ပြီး လက္ခဏာရပ်တွေကတော့ ခေါင်းကိုက်တာ၊ အိပ်ချင်စိတ်လွန်ကဲနေတာ၊ မအီမသာခံစားချက်တွေနဲ့ တစ်ခါတစ်ရံ ပျို့အန်တာတွေ ပါဝင်ပါတယ်။ ဒီအခြေအနေတွေက လွန်မြောက်လာအောင် သင့်အမျိုးသမီးကို ကြင်နာမှု ဖေးမမှုတွေနဲ့ ဂရုစိုက်ပေးပါ။

    သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement