ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ကနေ သံဓာတ်အလုံအလောက်ရရှိဖို့က သိပ်မလွယ်တဲ့အတွက် ဆရာဝန်တွေက လိုအပ်မယ့်ဓာတ်တွေအစုံပါဝင်ပြီးသား ကိုယ်ဝန်ဆောင်အားဆေးတွေကို ဆရာဝန်တွေက ညွှန်ကြားကြတာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မေမေက အသားမကြိုက်တဲ့သူ၊ အသီးအရွက်ပဲစားတတ်တဲ့သူဆို ပိုဆိုးပါတယ်။ သူတို့မှာ သွေးအားနည်းခြင်း၊ သံဓာတ်အားနည်းခြင်း မဖြစ်ရအောင် ပိုဂရုစိုက်သင့်ပါတယ်။
ဘယ်အချက်တွေကို ဂရုစိုက်သင့်တာလဲ
အားဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပမာဏအတိအကျသောက်ပါ။ သံဓာတ်အားဆေးကို လိုအပ်တဲ့ပမာဏထက် ကျော်လွန်ပြီးသောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးတချို့ဖြစ်လာစေ နိုင်တာကြောင့်ပါ။
ဒီလိုဖြစ်လာရင် မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်ဆရာဝန်နဲ့သာ အရာရာတိုင်ပင်ပါ၊ ညွှန်ကြားချက်တွေ လိုက်နာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။