backup og meta

ဘေဘီလေး အာလူး စားလို့ရမလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး အာလူး စားလို့ရမလား!

    အာလူးက ကစီဓာတ် ကြွယ်ဝသလို အာလူးစားပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။  အာလူးက အာဟာရ ကြွယ်ဝရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ စားလို့လည်း ကောင်းပါသေးတယ်။ ဒီလို စားလို့ ကောင်းတဲ့ အာလူးလေးကို ပူပူလေးကြော် ထမင်းဖြူလေးနဲ့ စားတုန်း ဘေဘီလေးက နည်းနည်းဆိုလို့  ဘေဘီလေး အာလူး စားလို့ရမလား! ဆိုပြီး သိချင်နေပြီလား မေမေ ……. ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    အာလူး ဆိုတာ

    အာလူးဆိုတာက ကလေးရော လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေပြီ အခွံညိုညိုလေးနဲ့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိပါတယ်။ အာလူးအမျိုးအစားပေါ် မူတည်ပြီး အသားမွမွလေးရော စီးပိုင်ပိုင်လေး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

    အာလူးက အာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။

    အရွယ်တော် အာလူးတစ်လုံးမှာ

    ဘေဘီလေးကို ဘယ်အချိန်မှာ အာလူး စကျွေးမလဲ!

    ဘေဘီလေးကို အသက် ၆ လပြည့်ပြီးချိန်မှာ အာလူးလေးကို သေချာလေး နူးအိအောင် ချက်ပြုတ် ပြင်ဆင်ပြီး ကျွေးပေးလို့ ရပါတယ်။ အာလူးက ကစီဓာတ် ကြွယ်ဝသလို ဘေဘီလေးတို့အတွက် သင့်တော်တဲ့ စားစရာလေး တစ်ခုပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက စစချင်းမှာ အာလူးကို ကြော်စားတာမျိုး မလုပ်ပေးဘဲ အာလူးကို ပြုတ်ပေးတာ၊ ပေါင်းပေးတာမျိုး ခပ်ပျော့ပျော့အနေအထားက ပိုအဆင်ပြေပါတယ်။

    နောက်ပိုင်း အစာမာကို ဝါးလာနိုင်ပြီဆိုမှ အာလူးကို အချောင်းလေးတွေ၊ အတုံးလေးတွေ ဖြစ်အောင် လုပ်ပြီး ကျွေးလို့ ရပါတယ်။ စစချင်းမှာတော့ အာလူးဟင်းရည်ကို အရည်ကျဲ၊ နည်းနည်းကျင့်သားရလာရင် pureeလို ခပ်ပျစ်ပျစ်ကနေ စကျွေးပေးပါ။

    ဘေဘီလေး အာလူး စားလို့ရမလား! 

    ဘေဘီလေး အာလူး စားလို့ရမလား! ဆိုတော့ စားလို့ ရပါတယ်။ ဘေဘီလေးကို အာလူး ကျွေးပေးတာက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပါတယ်။

    •         အားရှိစေတယ်

    ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးပြီး ကလေးကို အားရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို solid food စတင် မိတ်ဆက်ချိန်မှာ အာလူးကို စားပေးလို့ ရပါတယ်။

    •         အစာခြေစနစ် ကျန်းမာစေတယ်

    အာလူးက ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး အမျှင်ဓာတ် ကြွယ်ဝတာက ကလေးကို ဝမ်းချုပ်မှုက ကင်းစေပြီး အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို ရှင်သန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    •         ကိုယ်ခံအား ကောင်းစေတယ်

    အာလူးမှာ ဗီတာမင် C ပါဝင်နေပြီး ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ကလေးကို ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ကို ကျန်းမာစေဖို့ ဆိုရင် အာလူး ကျွေးပေးလို့ ရပါတယ်။

    •         အရေပြား ကျန်းမာစေတယ်

    ဗီတာမင် C နဲ့ ကစီဓာတ် ပါဝင်နေတဲ့ အာလူးက အရေပြားကို အာဟာရ ဖြည့်ပေးပြီး ဘေဘီလေးကို အသားအ​ရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကလေးကို အရေပြားရောဂါ ကင်းစေချင်တယ်ဆိုရင် အာလူးကျွေးပေးလို့ ရပါတယ်။

    •         အရိုးတွေ သန်မာစေတယ်

    အာလူးမှာ သံဓာတ်ရော ကယ်လ်ဆီယမ်ပါ ပါဝင်နေသလို ဖော့စဖရိတ်၊ ဇင့် နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာ​ကြောင့် ဘေဘီလေးကို အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရပ်အမောင်းကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။

    •         နှလုံး ကျန်းမာစေတယ်

    အာလူးမှာ ဗီတာမင် C နဲ့ ဗီတာမင် B6၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတာက နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာက သွေးတွင်းအဆီကျစေပြီး သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။

    •         ဦးနှောက် ကျန်းမာစေတယ်

    ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ကလေးရဲ့ ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမျိုး မဟုတ်ဘဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ကျန်းမာစေဖို့ အာလူး ကျွေးပေးလို့ ရပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ဘေဘီလေးကို အာလူးပြင်ဆင်ပေးတဲ့အခါ အညှောင့်ပေါက်နေတာမျိုး၊ မှိုတက်နေတာ၊ မလတ်ဆတ်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုသလို အခွံလေးကို သေချာလေး သင်ပေးဖို့လည်း လိုပါမယ်။ ဖြည့်စွက်စာကျွေးစအရွယ်မှာ အာလူးကို ပြုတ်ပြီးဖြစ်ဖြစ် ပေါင်းပြီးဖြစ်ဖြစ် ပြင်ဆင်ပေးလို့ ရပေမယ့် ကြော်ကျွေးတာ၊ အသင့်စား အာလူးချောင်းကြော်တွေ ကျွေးတာမျိုး မလုပ်ပါနဲ့။
    နောက်ပြီး ကလေးကို စားရလွယ်အောင် အနေတော်လေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။ လက်နဲ့ သေချာကိုင်တတ်အောင် လက်ချောင်းပုံ Finger foodပုံစံ ပြင်ပေးလို့လည်း ရပါတယ်။ 

    # သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စေဖို့

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement