ဗီတာမင် D -ဘေဘီလေးရဲ့ အရိုး နဲ့ သွားတွေကြံ့ခိုင်သန်မာစေဖို့အတွက် ကယ်လ်ဆီယမ်ကိုစုပ်ယူနိုင်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အရေပြားနဲ့မျက်လုံးကျန်းမာစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်နေ့ကို ဗီတာမင် D ၆၀၀ iu လိုအပ်မှာပါ။ ဗီတာမင် D ဖြည့်စွက်ထားတဲ့နို့၊ Oatmeal၊ ဆယ်လ်မွန်ငါးတို့ကနေ ရရှိနိုင်ပါတယ်။ နေရောင်ခြည်ကနေလည်း ရရှိနိုင်ပါတယ်။
ပရိုတင်း – မေမေကျန်းမာဖို့ရော ဘေဘီလေးကြီးထွားဖွံ့ဖြိုးဖို့အတွက်ပါ လိုအပ်ပါတယ်။ ဦးနှောက် နဲ့ ကြွက်သားတွေဖွံ့ဖြိုးဖို့ အထောက်အကူပြုနိုင်သလို သွေးအားကောင်းစေပါတယ်။ မိခင်ရဲ့ ကိုယ်အလေးချိန်ကိုလိုက်ပြီး လိုအပ်မယ့် ပရိုတင်းပမာဏကလည်း ကွာခြားနိုင်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့ မေမေတစ်ယောက်အနေနဲ့ဆိုရင် တစ်နေ့ကို ပရိုတင်းပမာဏ ၇၅ ဂရမ်လိုအပ်မှာဖြစ်ပါတယ်။ ပင်လယ်စာတွေ၊ အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ပဲနို့၊ အခွံမာသီးတွေ၊အစေ့အဆန်တွေလိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ
- အသီးအရွက် ၂ ပန်းကန်စာ၊
- သစ်သီး ၂ ပန်းကန်စာ၊
- ထမင်း ဒါမှမဟုတ် ပေါင်မုန့်ကို နှစ်ကြိမ်၊
- ကွေကာအုတ် တစ်ကြိမ်၊
- နို့နဲ့နို့ထွက်ပစ္စည်း တစ်ကြိမ် ကနေ နှစ်ကြိမ်
- အသား၊ငါးတစ်မျိုးမျိုးကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိစားလို့ရပါတယ်။
ဒါတွေကို ပြည့်ဝအောင်စားသုံးရုံနဲ့လုံလောက်ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ ဒါလေးတွေကိုလည်းရှောင်ဖို့လိုပါမယ်။ ဒါမှ မေမေရော ဘေဘီလေးပါကျန်းမာမှာဖြစ်ပါတယ်။
အယ်လ်ကိုဟောရှောင်ပါ – အယ်လ်ကိုဟောက လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာမျိုးတွေဖြစ်နိုင်သလို အရက်ကြောင့် သန္ဓေသားမှာထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကိုရှောင်ပါ။
ကဖင်းလျှော့ပါ – ကိုယ်ဝန်ဆောင်နေချိန်မျာ ကဖင်းပါတဲ့ စားစရာသောက်စရာတွေကို ထင်တိုင်းမစားပါနဲ့။ လက်ဖက်သုပ်၊ ချောကလက်၊ ကော်ဖီ။ လက်ဖက်ရည်၊ ရေနွေးကြမ်းနဲ့ ကိုလာလိုမျိုး ကဖင်းပါတဲ့ အချိုရည်၊ အားဖြည့်အချိုရည်တွေကို ရှောင်ရပါမယ်။ အရမ်းကြိုက်ရင်တောင် လျှော့စားလျှော့သောက်ပါ။ ကဖင်းက သံဓါတ်စုပ်ယူနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး သွေးအားနည်းတာကိုဖြစ်စေနိုင်တာကြောင့်ပါ။
အငန်ကဲတာတွေ – အငန်ကဲတာ သွေးတိုးစေနိုင်သလို ဖောရောင်တာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ အငန်လျှော့စားပါ။
အစားမလျှော့ပါနဲ့ – ကိုယ်ဝန်ဆောင်နေချိန်မှာ Diet မလုပ်ပါနဲ့။ မေမေကျန်းမာပြီး ဘေဘီလေးကောင်းစွာဖွံ့ဖြိုးဖို့အတွက်က အာဟာရပြည့်ဝလုံလောက်ဖို့လိုပါတယ်။ ဒါကြောင့် ဝိတ်ချချင်ရင်တောင် ကိုယ်ဝန်ဆောင်နေချိန်နဲ့နို့ချိုတိုက်ကျွေးနေရချိန်တွေမှာ မလုပ်ပါနဲ့။
အာဟာရပြည့်ဝလုံလောက်အောင်စားလို့ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးမွေးဖွားနိုင်ကြပါစေကြောင်း……..
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။