backup og meta

ပရတ်နက်ဆလုန်း က သင့်ကိုယ်ဝန်ကို ဘယ်လို ထိခိုက်စေနိုင်သလဲ


Wathun Myat Chal မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရတ်နက်ဆလုန်း က သင့်ကိုယ်ဝန်ကို ဘယ်လို ထိခိုက်စေနိုင်သလဲ

    မြုံခြင်းကိုကုသရတာဟာ တကယ်ပဲ အလုပ်ရှုပ်စိတ်ရှုပ်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဒီကုသမှုအတွက် အသုံးပြုရတဲ့ဆေးတွေကလည်း တစ်ခါတလေ ပိုပြီးတော့တောင် ရှုပ်ထွေးနေပါသေးတယ်။

    ပြောရမယ်ဆို အငြင်းပွားဖွယ်ရာတွေ သိပ်များတာပေါ့။ Prednisone ဒါမှမဟုတ် Prednisolone လို့ခေါ်တဲ့ဆေးကလည်း ဒီထဲက တစ်ခုပါပဲ။

    Predinisone ဆိုတာ ခုခံအားကြောင့်ဖြစ်တဲ့ရောဂါတွေ( autoimmune diseases) ၊ အရေပြားပြဿနာတွေနဲ့ ရင်ကြပ်ရောဂါတွေကို ကုသတဲ့အခါ သုံးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ပြဿနာတွေကိုဖြစ်စေတဲ့ အရာတွေထဲကတစ်ခုပါ။

    ဖြစ်နိုင်တာကတော့Prednisone ကို တစ်ခါတလေမှာ မျိုးအောင်ဖို့ ကုသရာမှ သုံးလေ့ရှိပါတယ်။ ဒီဆေးဟာ ကိုယ်ဝန်ပျက်ကျနိုင်ချေတွေကို လျှော့ချပေးတဲ့နေရာမှာ ပါဝင်အသုံးပြုလို့ရပြီး သန္ဓေသားနဲ့ သုက်ပိုးတွေကို ထိခိုက်စေနိုင်မယ့် killer cells တွေနဲ့ antisperm antibodies တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့လည်း လေ့လာမှုအချို့က ခန့်မှန်းထားပါတယ်။

    ဒါတွေဟာ တိကျသေချာတဲ့အဖြေဖြစ်ပေမယ့် တကယ်တမ်း ဒီဆေးပေါ်ကို ဆေးပညာအရ အတိအကျလေ့လာထားတာတွေတော့ မရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ ဒီဆေးကြောင့် သန္ဓေသားကို ထိခိုက်စေနိုင်သေးတာကြောင့်ပါပဲ။

    ဒီဆေးကို ကာလကြာရှည်သုံးစွဲခဲ့မယ်ဆိုရင် လမစေ့ဘဲမွေးဖွားခြင်း (ကိုယ်ဝန်ဆောင်ကာလ၃၇ပတ်မရောက်ခင် မွေးဖွားခြင်း) သို့မဟုတ် ပေါင်မပြည့်တဲ့ကလေး မွေးဖွားခြင်းတွေ ဖြစ်ခဲ့တယ်လို့လည်း မှတ်တမ်းတွေရှိခဲ့ပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလို မွေးရာပါ ချွတ်ယွင်းချက်တွေလည်းဖြစ်နိုင်ပါသေးတယ်။

    ကိုယ်ဝန်ကာလ ပထမ သုံးလမှာ Prednisone ကိုသုံးစွဲသူတွေဟာ အာခေါင်ကွဲတာနဲ့ဆက်စပ်မှု အနည်းငယ်တိုးလာတာမျိုး ရှိတတ်ပါတယ်။ နှုတ်ခမ်းကွဲကလေးငယ်တွေဟာ ၁၀၀၀မှာ ၁ယောက်ရှိတတ်တာဖြစ်ပေမယ့် ဒီဆေးသုံးတဲ့သူတွေအတွက်တော့ ၃ယောက်မှ ၆ယောက်ရှိတတ်ပါတယ်။

    ဒါပေမဲ့ အရင်က လေ့လာမှုတွေမှာတော့ ဆေးနဲ့ အာခေါင်ကွဲဆက်စပ်မှုဟာ နည်းပါးနေပါတယ်။ ဒါကြောင့် ဒီလို မွေးရာပါ ချွတ်ယွင်းချက်တွေနဲ့ ကလေးမွေးဖို့ ရာနှုန်းအတော်နည်းတယ်လို့ ခန့်မှန်းကြပါတယ်။

    Pre-Eclamsia လို့ခေါ်တဲ့ အခြေအနေတစ်ခုဟာ မိခင်ရဲ့ သွေးဖိအားကြောင့်ဖြစ်လာပြီး မိခင်မှာရော ကလေးမှာပါ ပြင်းထန်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် မူးဝေခြင်း၊ သွေးဖိအားကျခြင်း၊ သွေးတွင်းသကြားဓာတ်လျော့ခြင်း၊ အသက်ရှူရခက်ခဲခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။

    ပြောရမယ်ဆိုရင်တော့ ဒီလိုအနေအထားမှာ Prednisone ကို အနည်းဆုံးပမာဏနဲ့သာ အသုံးပြုမယ်ဆိုရင်တော့ စိတ်ချရပါတယ်။ Predisone အသုံးပြုမှုနဲ့ပတ်သက်လို့ လေ့လာမှုတွေအရ တွေ့ရှိရတာကတော့ စကားလုံးက တစ်လုံးတည်းပါပဲ။ တသမတ်တည်းမရှိတာပါ။ ဒါပေမဲ့ လူတွေကတော့ ဒီဆေးကိုဆက်လက်သုံးစွဲနေကြဆဲပါ။ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်နဲ့ အတူပေါ့။

    ကိုယ်ဝန်ရနိုင်ဖို့ Prednisone မသုံးခင် ပထမဆုံးနဲ့ အရေးအကြီးဆုံး သင်လုပ်ဆောင်သင့်တာတစ်ခုကတော့ OG နဲ့တိုင်ပင်တာပါပဲ။ ဒီဆေးနဲ့ ကုသခြင်းဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်လိုက်ပြီး သေချာ နားလည်သဘောပေါက် ကုသဖို့ လိုပါတယ်။

    Prednisone ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို နှိုင်းယှဉ်လို့ ဆင်ခြင်သုံးစွဲဖို့လည်းလိုပါတယ်။ ဆေးကို အသုံးပြုလို့ ဖြစ်လာနိုင်မယ့် အရာအားလုံးကိုလည်း လက်ခံထားဖို့ လိုပါလိမ့်မယ်။ ဒီဆေးကြောင့် အောင်မြင်သွားတဲ့သူတွေရှိသလို ကံမကောင်းအကြောင်းမလှတဲ့သူတွေလည်း ရှိနေပါတယ်။

    ဒီကုသမှုကို ခံယူမယ်ဆိုရင်တော့ အောင်မြင်စေရမယ်ဆိုတဲ့ အာမခံချက်မျိုးရှိမှာမဟုတ်ဘဲ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ထားကြရုံပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement