backup og meta

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြောင်း မသိမဖြစ် အချက် ၅ ချက်

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြောင်း မသိမဖြစ် အချက် ၅ ချက်

အမျိုးသမီးတဦးရဲ့ ဘဝမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ သွေးထွက်သံယိုဖြစ်ခြင်းနဲ့ ကလေးမွေးရတဲ့ ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ သွေးကြောများထဲ သွေးခဲခြင်းပြသနာဖြစ်နိုင်ခြေ ရှိပါတယ်။ သွေးတိုးလူနာတွေမှာ ဖြစ်တတ်ပါတယ်။ ဒီပြသနာအကြောင်းကို လေ့လာကြည့်ကြပါစို့

၁။ ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ဘာလဲ

ကိုယ်ဝန်ဆိပ် တက်ခြင်းဆိုတာ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသူတွေမှာ တက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ တဝက်လောက်ကနေ မွေးဖွားချိန်အထိ ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်၊ ကျောက်ကပ်၊ အသည်း စတာတွေကို ထိခိုက်တတ်ပြီး တခါတရံမှာ သန္ဓေသားဖွံ့ဖြိုးမှုကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါရဲ့ အခြေအနေပေါ်မူတည်ပြီး အမျိုးသမီးတချို့ဟာ ဆေးရုံကို ရက်ချိန်းပြန်လည် ပြသရပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတိုင်း ဒီပြသနာတွေ မကြုံရပါဘူး

၂။ ကိုယ်ဝန်ဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်သလဲ

ကိုယ်ဝန်ဆိပ် တက်ခြင်းဟာ ပထမဆုံး ကိုယ်ဝန်တွေနဲ့ အသက်ငယ်သေးတဲ့ မိခင်တွေမှာ တွေ့ရတာ များပါတယ်။ ဖခင်ဘက်က antigen ပါဝင်ခြင်းကြောင့်လို့ ယူဆရပါတယ်။ လက်ရှိကာလအထိ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကိုတော့ အခြေခံပြီး ဖြစ်တတ်ပါတယ်။ အောက်ပါအချက်များ ပါဝင်ပါတယ်။

– သွေးကြောများ

– ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ

– စားသောက်မှုပုံစံ

– AND

၃။ ဘယ်လိုသတိထားမိသလဲ

ကိုယ်ဝန်ဆိပ် တက်ခြင်းရဲ့ လက္ခဏာအားလုံးလိုလိုဟာ တက်ခြင်း၊ စိတ်လှုပ်ရှားတုန်လှုပ်ခြင်း၊ သတိလစ်ခြင်း စတာတွေ ပါဝင်တတ်ပါတယ်။ ဒါပေမယ့် ဦးနှောက်ပိုင်းနဲ့ဆိုင်တဲ့ အောက်ပါလက္ခဏာတွေဟာ အတက်ရောဂါမစခင် ဖြစ်လာတတ်ပါတယ်။

ခေါင်းကိုက်ခြင်း

အန်ခြင်း

အစာအိမ်အောင့်ခြင်း

– မျက်နှာနှင့် လက်များရောင်ခြင်း

– သားအိမ်အောင့်ခြင်း

ဒီလက္ခဏာတွေကြုံရရင် ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဟာ တက်ခြင်းရဲ့ အကြောင်းအရင်းကိုသိဖို့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ပုံမှန်စစ်ဆေးခြင်းတွေကတော့ သွေးပေါင်ချိန်တိုင်းခြင်း၊ အသက်ရှူနှုန်းတိုင်းတာခြင်း စတာတွေ ဖြစ်ပါတယ်။ မိခင်ရဲ့ အတက်ရောဂါ၊ နှလုံးခုန်နှေးခြင်း၊ သန္ဓေသားနာကျင်ခြင်း စတာတွေကြောင့် သန္ဓေသားဟာ ပုံစံမမှန်ပဲ ကြီးထွားလာတတ်ပါတယ်။ အချင်းသွေးထွက်ခြင်း၊ အချင်းကွာခြင်းတွေ ဖြစ်တတ်ပါတယ်။

၅။ ဘယ်လိုကုသမလဲ

အကောင်းဆုံးကုသမှုကတော့ နောက်ထပ် မတက်အောင် ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ အတက်ရောဂါကုဆေးများ သုံးနိုင်ပါတယ်။ သွေးတိုးကျဆေးတွေလည်း သုံးရပါမယ်။ ဒါ့အပြင် အောက်ပါအခြေအနေတွေမှာ သွေးပေါင်ချိန်လည်း တက်နေရင် ကလေးကို မြန်နိုင်သမျှမြန်အောင် မွေးရပါလိမ့်မယ်။

– မိန်းမကိုယ်သွေးဆင်းခြင်း

– ကလေးမလှုပ်ခြင်း

– ချက်နားတွင် ပြင်းထန်စွာ ကိုက်ခဲခြင်း

– ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း ပြင်းထန်စွာ ကိုက်ခဲခြင်း

– မျက်စိကွယ်ခြင်း

– ပျို့အန်ခြင်း

၅။ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

ကိုယ်ဝန်ဆိပ် တက်ခြင်းရဲ့ အန္တရာယ်ကို လျှောပချနိုင်ဖို့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို သိရတာနဲ့ တပြိုင်နက် စစ်ဆေးသင့်ပါတယ်။ စောစီးစွာ သိရရင် ကိုယ်ဝန်ဆိပ် တက်တဲ့ အခြေမနေမဖြစ်ခင် ကုသရင် စိတ်ပူစရာ မလိုပါဘူး။ တက်ခြင်းနဲ့ နောက်ဆက်တွဲ ပြသနာတွေကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ဆေးဝါးကုသဖို့ လိုအပ်ပါတယ်။ နည်းလမ်းမှန်ကန်စွာ ကာကွယ်ကုသရင် သိပ်ပြိးစိုးရိမ်စရာ မရှိပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်ချိန်မှာ သွေးတိုးမရှိအောင် ကာကွယ်ရပါမယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eclampsia https://medlineplus.gov/ency/article/000899.htm Accessed on March 7, 2017

Eclampsia https://en.wikipedia.org/wiki/Eclampsia Accessed on 7,2017

Pre-eclampsia http://www.nhs.uk/Conditions/Pre-eclampsia/Pages/Symptoms.aspx Accessed on March 7, 2017

ယခုပုံစံ

26/10/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement