နောက်တမျိုးကတော့ focal seizureပါ။ ခြေ ဒါမှမဟုတ် လက်မှာပဲဖြစ်ပြီး သိပ်လည်းမဆိုးသလို တစ်မိနစ်၊နှစ်မိနစ်လောက်ပဲ ကြာပါတယ်။
တက်နေတဲ့သူကို ဘာလုပ်ပေးနိုင်မလဲ။
တစ်ယောက်ယောက်တက်နေပြီဆိုရင်
- အန္တရာယ်မရှိလောက်တဲ့ နေရာကို ရွှေ့ပေးပါ။ ကားလမ်းမမှာ ရုတ်တရက်တက်နေခဲ့ရင် ဘေးပလက်ဖောင်းပေါ်ကို ရွှေ့ပါ။
- သူနဲ့ တိုက်မိနိုင်တဲ့ ပစ္စည်းတစ်ခုခု၊ ခိုက်မိနိုင်တဲ့ ပစ္စည်းတစ်ခုခု (ဥပမာ- ဖန်ကွဲစ)ရှိရင် ဖယ်ပစ်ပါ။
- ခေါင်းအောက်ကို အဝတ်ပါးနဲ့ ခုပေးပါ။
- အဝတ်အစားတွေ ကြပ်ထုပ်နေရင် ဖြေလျော့ပေးပါ။
- သူတို့တက်တာကို အတင်းလိုက်မချုပ်ပါနဲ့။
- ပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။ အပြင်မှာပြောကြသလိုမျိုး တက်တဲ့အချိန်မှာ လျှာကိုက်မိနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ပါးစပ်ထဲ တစ်ခုခုထည့်လိုက်မှသာ သွားတွေပဲ့ကုန်တာ၊ သင့်လက်ကို ကိုက်မိတာတွေ ဖြစ်မှာပါ။
- ခြေမမချိုးပါနဲ့။ ဒါက အတက်ကို မကျစေပါဘူး။
- အတက်ကျလာရင် ကိုယ်ကို ဘေးစောင်းထားပါ။ ဒါမှ လေပြွန်ပွင့်ပြီး အသက်ရှူရလွယ်မှာပါ။
- စတက်တဲ့အချိန်ကို မှတ်ထားပါ။ ဒါမှဘယ်လောက်ကြာလဲသိမှာပါ။ အများစုက စက္ကန့်၃၀ကနေ ၂မိနစ်အထိ တက်တတ်ပါတယ်။
- တက်တဲ့ပုံစံကို videoရိုက်ထားပါ။ တက်တဲ့ပုံစံကိုကြည့်ပြီး ဘာအတက်ရောဂါလဲဆိုတာ ခွဲဖို့ပါ။ ဒါက ဆရာဝန်ကို ပြန်ပြတဲ့အခါ အများကြီးအသုံးဝင်ပါတယ်။
- အတက်ကျပြီးပြီးချင်း လူနာကို တစ်ယောက်တည်းမထားခဲ့ပါနဲ့။ သူတို့ပုံမှန်ဖြစ်ပြီး စကားပြန်ပြောနိုင်တဲ့အထိ စောင့်ပေးပါ။ သူတို့တက်တဲ့အချိန် ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြပါ။ ကောင်းကောင်းမသက်သာမချင်း အစားစားတာ၊ ရေသောက်တာမျိုး မလုပ်ခိုင်းပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။