လမစေ့မီ ကလေးမွေးခြင်းကို ဘယ်လိုသိနိုင်မလဲ။
သင့်တွင် လမစေ့မီ ကလေးမွေးခြင်းဖြစ်တော့မည်ဟု သံသယရှိပါက
ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် လမစေ့ဘဲမွေးလာသော ကလေးကို တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို စစ်ဆေးပါလိမ့်မည်။ ပုံမှန်အားဖြင့် ပြုလုပ်သော စစ်ဆေးမှုများမှာ
အသက်ရှုခြင်း နှင့် နှလုံးခုန်ခြင်းကို စမ်းသပ်ခြင်း
သင့်ကလေး၏ အသက်ရှုခြင်း နှင့် နှလုံးခုန်ခြင်းနှင့် သွေးပေါင်ချိန်များကို စက်များတပ်ဆင်ပြီး အဆက်မပြတ်စောင့်ကြည့်ခြင်းဖြစ်သည်။
သွေးစစ်ခြင်း
သွေးနမူနာယူပြီး သွေးအားနည်းရောဂါရှိမရှိသိရန် သွေးနီဥများကို စစ်ဆေးခြင်းဖြစ်သည်။
နှလုံးဓါတ်မှန်ရိုက်ခြင်း
သင့်ကလေး၏ နှလုံး လုပ်ဆောင်ရည်ကို သိရန် အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြစ်သည်။
အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း
အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြင့် သင့်ကလေး၏ ဦးနှောက်ထဲတွင် သွေးယိုခြင်း၊ အရည်များအိုင်နေခြင်း ကိုသိနိုင်ပြီး အစာအိမ်လမ်းကြောင်း၊ အသည်းနှင့် ကျောက်ကပ်ပြသနာများကို လည်းသိနိုင်သည်။
မျက်လုံးကို စစ်ဆေးခြင်း
မျက်စိဆရာဝန်သည် ကလေးတွင် လမစေ့ခြင်းကြောင့် အမြင်လွှာထိခိုက်ခြင်း လက္ခဏာများ ရှိမရှိစစ်ဆေးခြင်း တို့ကိုပြုလုပ်ပါလိမ့်မည်။
လမစေ့မီ ကလေးမွေးခြင်းကို ဘယ်လို ကုသမလဲ။
ကလေးငယ်၏ အဆုတ်၊ နှလုံးနှင့် သွေးလည်ပတ်မှုတို့ပုံမှန်အတိုင်းပြန်ဖြစ်စေရန် ဆေးပေးပြီး ကုသရပါသည်။ ကလေး၏ အခြေအနေအပေါ်မူတည်ပြီး ဆေးများကွာခြားပါသည်။
- အဆုတ်တွန်းကန်အားမျှစေမည့် ဆေးရည်တမျိုးကို ထိုးသွင်းခြင်း
- အသက်ရှုခြင်းနှင့် နှလုံးခုန်ခြင်းကို အားပေးသည့် ဆေးရည်းများကို အကြောထဲထိုးခြင်း
- ရောဂါပိုးများကူးစက်နိုင်ချေရှိလျှင် ပိုးသတ်ဆေးများပေးခြင်း
- သွေးလည်ပတ်မှု နှင့် အဆုတ်ကို အထောက်အကူပြုစေရန် ဆီးဆေးများပေးခြင်း တို့ကို လုပ်ဆောင်နိုင်ပါသည်။
- လမစေ့ဘဲမွေးသော ကလေးများတွင်ဖြစ်တတ်သည့် မျက်လုံးအမြင်လွှာချို့ယွင်းခြင်းကို ကာကွယ်ရန် မျက်စဉ်းဆေးများပေးခြင်း တို့ကို လုပ်ဆောင်နိုင်ပါသည်။
- ထို့ပြင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်လာလျှင် အောက်ပါ လုပ်ဆောင်မှုများနှင့် ခွဲစိတ်မှုများကို လိုအပ်သလို လုပ်ဆောင်နိုင်ပါသည်။
- အစာကျွေးရခက်လျှင် သွေးပြန်ကြောများမှ တဆင့် ပိုက်ထဲ့ပြီး သွင်းခြင်း
- အူပုပ်ခြင်းတို့ဖြစ်လျှင် ခွဲစိတ်ဖြတ်ထုတ်ခြင်း
- မွေးရာပါနှလုံးသွေးကြောဆိုင်ရာပြသနာများကို ခွဲစိတ်ပြူပြင်ခြင်း
- အမြင်လွှာချို့ယွင်းမှုများဖြစ်ပါက မူမမှန်သွေးကြောများ ဖွံ့ဖြိုးမှုကို လေတာရောင်ခြည်ဖြင့် တားခြင်း၊ အမြင်အာရုံချို့ယွင်းမှုများဖြစ်မလာအောင် ကုသခြင်း
- ဦးခေါင်းခွံတွင်းရေများအိုင်ခြင်းကြောင့် ခေါင်းကြီးနေသော ကလေးများကို ဦးနှောက်ပိုင်းဆိုင်ရာခွဲစိတ်ကာ ရေလွှဲပေါက်ပြုလုပ်ခြင်း စသည့်
- ခွဲစိတ်မှုများဖြစ်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် လမစေ့မီ ကလေးမွေးသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
သင့် ကလေးကို ပြုစုစောင့်ရှေက်ရမည့်နည်းများကို သိနားလည်သင့်သည်။
ဆေးရုံမဆင်းမီ တွင် အရေးပေါ်အသက်ကယ်သင်တန်းများတက်ပါ။ ထို့နောက်ကျန်းမာရေးအဖွဲ့အစည်းများကို သိလိုသည်များမေးပြီး မှတ်သားထားပါ။
သင့် ကလေးကို စောင့်ရှောက်ရာတွင်သင်သည် အားလုံးကို သိထားသင့်သည်။
အထူးသဖြင့် တိုက်ရမည့်ဆေးများကို သေချာစွာ သိထားရမည်။
အိမ်တွင် ကလေးကို သေသေချာချာ စောင့် အနီးကပ်စောင့်ရှောက်ခြင်း၊ အောက်ဆီဂျင်များ စနစ်တကျပေးခြင်း တို့ကို ပြုလုပ်ရန် လိုအပ်သည်။
သင့် ကလေး၏ကျန်းမာရေးကို ကာကွယ်ပါ။
လမစေ့သော ကလေးများသည် အခြားကလေးများထက်ရောဂါကူးစက်နိုင်ချေပိုများသောကြောင့် သူတို့ကို လူနေထူထပ်သောနေရာများသို့ခေါ်သွားခြင်း ကိုရှောင်ကျဉ်ပါ။ ထို့ပြင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပြီးမှ ကလေးကိုထိပါ။ ချီပါ။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။