backup og meta

ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ကာလသားရောဂါ ရခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ကာလသားရောဂါ ရခြင်း

    စစ်ဖလစ်ကာလသားရောဂါက မမွေးသေးသည့် ကလေးအပေါ် သက်ရောက်မှုရှိနိုင်သလား။

    ထရီပိုနီးမား ပယ်လီဒမ် ဆိုသည့်ပိုးကြောင့်ဖြစ်ရသော စစ်ဖလစ်သည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး အဓိကအားဖြင့် လိင်မှတစ်ဆင့် ကူးစက်ပါသည်။ သို့သော် ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ဖြစ်နေပါက ကလေးတွင်လည်း စစ်ဖလစ်ရောဂါ ဖြစ်လာနိုင်ပါသည်။ အချင်းမှတစ်ဆင့် သန္ဓေသားသို့ ကူးစက်ခြင်းကြောင့်ဖြစ်သည်။

    ကူးစက်ခြင်းသည် ကိုယ်ဝန်ဘယ်နှစ်လတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ နောက်ဆက်တွဲပြဿနာများတွင် အင်္ဂါတစ်ခုထက်ပိုပြီးပြဿနာပေါ်ခြင်း၊ နားရွက်၊ မျက်လုံး၊ အသည်း၊ ရိုးတွင်းခြင်ဆီ၊ အရေပြား၊ အရိုးနှင့် နှလုံးတို့တွင် မကောင်းမွန်သည်များဖြစ်လာနိုင်ပါသည်။ အဆိုးဆုံးမှာ သေဆုံးနိုင်ခြင်းပင်။ စစ်ဖလစ်ရှိသောအမျိုးသမီးများတွင် ကလေးအသေမွေးနိုင်ပါသည်။

    ကိုယ်ဝန်ရှိစဉ် စစ်ဖလစ်ရှိမရှိ ဘယ်လိုအတည်ပြုမလဲ။

    ကိုယ်ဝန်ဆောင်နေစဉ် သင့်ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိနေသည်ဆိုပါက အချိန်ယူပြီး ကောင်းကောင်းနားပေးပါ။ သင်၏ကျန်းမာရေးစောင့်ရှောက်သူမှ မမွေးခင်ကျန်မာရေးအတွက် ပြင်ဆင်ရမည်များ သတိထားရမည်များကို ရှင်းပြပေးပြီး မွေးရာပါစစ်ဖလစ် ကလေးတွင်ဖြစ်လာနိုင်သည့်အန္တရယ်များကို ကန့်သတ်ပေးပါလိမ့်မည်။

    စစ်ဖလစ်ရဲ့အဓိကလက္ခါတွေက ဘာတွေလဲ။

    စစ်ဖလစ်ဖြစ်သူများတွင် လိင်အင်္ဂါတစ်ဝိုက်၌ နာကျင်သည့် အဖုလုံးပေါက်လာပြီး ထိုမှ မနာကျင်သည့် အနာတစ်ခု ဖြစ်လာသည်ကို သတိပြုမိနိုင်ပါသည်။ ထိုအနာသည် ပေါ်လာပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားပါလိမ့်မည်။ အနာကျက်သွားပြီး ၂ ပတ်မှ ၁၀ ပတ်လောက်ကနေ ဒုတိယအဆင့်စစ်ဖလစ် ကူးသွားသည်အထိ နာကျင်မှုကို ထပ်ခံစားရမည်မဟုတ်ပါ။

    ထိုအချိန်ပိုင်းတွင် သင့်၌ တခြားလက္ခဏာများဖြစ်သည့် တစ်ကိုယ်လုံးတွင် အကွက်များထခြင်း၊ ပြည်ဖုများပေါက်ခြင်း၊ မီးခိုရောင် အဖြူရောင် ကြွက်နို့လိုအရာများပေါက်လာခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက် မစားချင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ လည်ချောင်းနာခြင်းနှင့် တခြားသောတုပ်ကွေးကဲ့သို့ လက္ခဏာများ ဖြစ်လာနိုင်၏။ ပထမပိုးဝင်ပြီးနောက် ၁-၂ လအကြာတွင် ဒုတိယအဆင့် စစ်ဖလစ် ဖြစ်လာပါမည်။

    ထို့နောက်တွင် ဘာလက္ခဏာများမပြပဲ နှစ်အတော်ကြာသွားနိုင်သည်။ နောက်ဆုံးမှ စစ်ဖလစ်နောက်ဆုံးအဆင့်သည် အာရုံောကာဆိုင်ရာရောဂါများ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများနှင့် ပြန်ပေါ်လာမည်ဖြစ်သည်။

    ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ကို ဘယ်လိုစီမံမလဲ။

    သင့်လျော်သည့်ပဋိဇီဝဆေးဖြင့် စစ်ဖလစ်ကို အလွယ်တကူ ကုသနိုင်ပါသည်။ ထို့ကြောင့် သင့်ကျန်းမာရေးကို အမြဲတမ်း အလေးထားစောင့်ကြည့်ပြီး မြန်မြန်ရောဂါသိ မြန်မြန်ကုတာ ကောင်းပါသည်။ မကုသပဲထားပါက စစ်ဖလစ်သည် ကလေးကို ကူးနိုင်ချေ ၁၀၀%ထိရှိပြီး ကူးစက်ခံရသည့် ကလေးများတွင် သေနှုန်း ၄၀% ရှိပါသည်။ အသက်ရှင်သည့်ကလေများတွင်လည်း စစ်ဖလစ်၏အစောဆုံး လက္ခဏာများသည် ပထမ ၂ နှစ်အတွင်းပေါ်လာပြီး အသက် ၂၀ အတွင်းမှာပင် နောက်ဆုံးအဆင့်လက္ခဏာများကို ခံစားရနိုင်ပါသည်။

    ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော စစ်ဖလစ်နှင့် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူခြင်း။

    စောလျင်စွာ သိရှိကုသသည်နှင့် ကလေး၌မွေးရာပါစစ်ဖလစ်ဖြစ်နိုင်ချေ လျော့နည်းစေပါသည်။ သို့သော်လည်း ကလေးနှင့်သင့်ကျန်းမာရေးအတွင် တခြားလိုအပ်သည့် သတိပေးချက်များကို လိုက်နာရန် လိုအပ်ပါသည်။

    အားလုံးထဲမှ ပထမဆုံးအနေဖြင့် သင့်၌စစ်ဖလစ်ရှိကြောင်း ဆရာဝန်ကိုပြောပြပြီး ကိုယ်ဝန်စောင့်ရှောင်မှု စောစောခံယူရပါမည်။ ထို့နောက်မှ စစ်ဆေးမှုများကို တစ်ခုမကျန်ပြုလုပ်ကာ ကလေးတွင် စစ်ဖလစ်ကူးစက်မှုရှိမရှိ သိရှိနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် သင်လုပ်ရမည်မှာ မှန်မှန်စစ်ဆေးမှုခံယူရမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement