backup og meta

ကိုယ်ဝန်အစောပိုင်းကာလများတွင် ပြုလုပ်ရမည့် အချက်များ

ကိုယ်ဝန်အစောပိုင်းကာလများတွင် ပြုလုပ်ရမည့် အချက်များ

မိခင်များအနေနှင့် ကိုယ်ဝန်ရှိလာပြီဆိုလျှင် ပျော်ရွှင်ရင်ခုန်မှုများဖြစ်သကဲ့သို့ ကိုယ်ဝန်အတွက် ကြောက်စိတ်၊ စိုးရိမ်စိတ်များလည်း အနည်းနှင့် အများဖြစ်လာကြပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရန် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်ချိန်ကာလတလျှောက် ပြုလုပ်ရမည့် အချက်များစွာရှိပါသည်။ အောက်ပါတို့သည် ကိုယ်ဝန်အစောပိုင်းတွင် ပြုလုပ်ရမည့်အချက်များဖြစ်ပါသည်။

1. ပြုစုစောင့်ရှောက်မှုပေးမည့်သူကို ရှာပါ။

အမျိုးသမီးများသည် ကိုယ်ဝန်မရှိမီကတည်းကပင် စောင့်ရှောက်မည့်သူများရှိတတ်ကြပါသည်။ သို့သော် မရှိလျှင်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် ရှိသင့်သော အချက်မျာတွင်ပါဝင်သည့်အတွက် စီစဉ်သင့်သည်များကို စီစဉ်ရပါမည်။

ကိုယ်ဝန်ဆောင်မိခင်များမေးလေ့ရှိသော နောက်မေးခွန်းတခုမှာ သူတို့သည် ကိုယ်ဝန်စောင့်ရှောက်မှုကို သားဖွားဆရာမ သို့မဟုတ် သားဖွားမီးယပ် ပါရဂူ မည်သူထံတွင် ခံယူသင့်သလဲ ဟူ၍ဖြစ်ပါသည်။

အဖြေမှာသင်သည် ရိုးရိုးမွေးနိုင်သလား ၊ ခွဲမွေးရန်လိုအပ်သလား အပေါ်မူတည်ပါသည်။ သားဖွားဆရာမများသည် ကလေးကို သားအိမ်ညှစ်ဆေးများမလိုဘဲ ရိုးရိုးမွေးနိုင်ပါသည်။ သို့သော် သင်သည် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ဆီးချိုရောဂါရှိခြင်း နှင့် လမစေ့ဘဲမွေးခြင်းတို့ ဖြစ်လာပါက သားဖွားမီးယပ် ပါရဂူကသာလျှင် ကလေးကို ဗိုက်ခွဲမွေးပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် သားဖွားဆရာမများသည် သင့်ကို အစားအသောက်အနေအထိုင်များကို လမ်းညွှန်ပြသနိုင်ခြင်း နှင့် သင့်စိတ်ပိုင်းဆိုင်ရာ ခွန်အားများပေးနိုင်ခြင်းတို့အတွက် အချိန်ပေးနိုင်ပြီး သားဖွားမီးယပ်ပါရဂူများသည် သင်နှင့် သင့်ကလေး၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာ အဓိကထားပြီးစောင့်ရှောက်ပေးနိုင်ပါလိမ့်မည်။

2. သင့်တွင်ရှိသော မကောင်းသော အကျင့်စရိုက်များကို ဖယ်ရှားလိုက်ပါ။

သင့်တွင် အရိုးစွဲနေသော မကောင်းသည့် အကျင့်စရိုက်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖယ်ရှားရန်အရေးကြီးပါသည်။ ယင်းတို့မှာ

· သင်သည် ကဖိန်းဓါတ်အများအပြားသောက်သုံးသူ ဖြစ်ပါလျှင် တနေ့လျှင် ၂၀၀ မီလီဂရမ်အောက်သောက်သုံးမှသာ ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

· ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများသုံးစွဲမှုသည် သင့်ဗိုက်ထဲတွင်ရှိသော ကလေးကို အန္တရာယ်ဖြစ်စေရုံသာမက ကိုယ်ဝန်ဆောင်ချိန်တွင် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေသည့်အတွက် ယင်းတို့ကိုဖြတ်တောက်လိုက်ပါ။ ထိုအပြုအမူများသည် ကလေး ပေါင်မပြည့်ခြင်း နှင့် မွေးပြီးပြီးချင်းသေဆုံးခြင်းတို့ကိုဖြစ်စေနိုင်ပါသည်။

3. ကျန်းမာအောင်နေထိုင်ပါ။

အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် သင်သည် နောက်ထပ် အသက်တချောင်းကိုပါတာဝန်ယူထားရသည့်အတွက် သင့်ကိုယ်သင်ကျန်းမာအောင်နေထိုင်ရန် အလွန်အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်များသည် နေ့ဘက်တွင် ကောင်းမွန်စွာ အနားယူခြင်း၊ ညဘက်တွင်ကောင်းမွန်စွာ အိပ်စက်ခြင်း ဗီတာမင်နှင့် သတ္တုဓါတ်များ၊ အာဟာရဓါတ်များပါဝင်သော အစားအစာများကို စားခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်တွင် ဖော်လစ်အက်ဆစ်ဓါတ်များ ပိုသောက်ခြင်းဖြင့် သင့်ကလေးကို မွေးရာပါချို့ယွင်းချက်များဖြစ်နိုင်ချေနည်းပါးလာစေပါသည်။

4. ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်ပြီး သိသင့်သော အခြေခံဗဟုသုတများကို လေ့လာပါ။

သင့်မိသားစုဝင်ဖြစ်စေ သင့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လူဖြစ်စေ သင့်အနားတွင် အမြဲမရှိနိုင်သောကြောင့် သင်ကိုယ်တိုင်ကပင် ကိုယ်ဝန်ကို ကျန်းမာအောင် ကာကွယ်နေထိုင်မှုပုံစံများ၊ ဗဟုသုတများကို သိထားရမည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်ဆောင်နေစဉ်ကာလပတ်လုံးတွင် ဆောင်ရန်ရှောင်ရန်အချက်များကို သတိပြုရမည်ဖြစ်ပြီး အန္တရာယ်များဖြစ်လာပါကလည်း ချက်ချင်းဖြေရှင်းနိုင်ရန် အသိဉာဏ်ဗဟုသုတများရှိရမည်ဖြစ်ပါသည်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Doctor or midwife: Which is right for you? http://www.babycenter.com/0_doctor-or-midwife-which-is-right-for-you_9348.bc Accessed December 24, 2016

The ultimate pregnancy to-do list: First trimester http://www.babycenter.com/0_the-ultimate-pregnancy-to-do-list-first-trimester_10341205.bc Accessed December 24, 2016

ယခုပုံစံ

16/05/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement