Thimerosal ဆိုတာ မာကျူရီပါတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေး ဖော်စပ်ပုံမှာ အနည်းငယ်ပါဝင်ပါတယ်။ ဒါပေမယ့် လူထိခိုက်နိုင်လောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တစ်နှစ် တစ်နှစ် လူသန်းနဲ့ ချီပြီး ကာကွယ်ဆေးတွေ ထိုးလို့ရနေတာပါ။ ဒါနဲ့ ပတ်သက်ပြီးလည်း ဒီဒြပ်ပေါင်းက ဦးနှောက်နဲ့ အာရုံကြောထိခိုက်မှုဖြစ်စေတယ်၊ အော်တစ်စင်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါမှာ ဒီနှစ်ခုက သက်ဆိုင်မှု မရှိတာကို တွေ့ရပါတယ်။
Thimerosal က ပြိုကွဲတဲ့အခါ ethylmercury ဖြစ်သွားပါတယ်။ ဒီမာကျူရီအမျိုးအစားက လူတွေသိထားတဲ့ အဆိပ်သင့်စေတဲ့ အမျိုးအစားမဟုတ်ပါဘူး။ ခဏလေးပဲ ခံတဲ့အပြင် ခန္ဓာကိုယ်ထဲမှာလည်း အကြာကြီး မနေပါဘူး။ ခုဆိုရင် ဒီထက်ကောင်းတဲ့ ပစ္စည်းတွေ ပေါ်လာတာကြောင့် ၂၀၀၁တည်းက ကာကွယ်ဆေးတော်တော်များများမှာ ဒီဓာတ် မပါဝင်တော့ပါဘူး။
-
ကာကွယ်ဆေးတွေ အများကြီးထိုးရင် ခုခံအားကျလာမယ်။
ကလေးအသက်ပေါ်လိုက်ပြီး တစ်ခါတည်းနဲ့ ကာကွယ်ဆေး နှစ်ချောင်း၊ သုံးချောင်း ထိုးရတာတွေ ရှိပါတယ်။ တချို့ကာကွယ်ဆေးတွေဆို တစ်ခါတည်း ၅မျိုးစပ်၊ ၆မျိုးစပ်ဆိုပြီး လာပါတယ်။ ဒီလို ကာကွယ်ဆေးတွေကို တစ်ခါတည်း အများကြီးထိုးရင် ကလေးက ခုခံအားကျတတ်တယ်လို့ ပြောကြပါတယ်။
တကယ့်လက်တွေ့မှာတော့ ကလေးရဲ့ ကိုယ်ခံအားက ဝင်လာတဲ့ ပိုးတွေကို ပြန်ပြီး တုံ့ပြန်နိုင်ဖို့ စီစဉ်ထားပြီးသားပါ။ ဒါသူ့ရဲ့ မွေးရာပါဗီဇပါပဲ။ ဒါ့ပြင် ကာကွယ်ဆေးဆိုတာ ပိုးအခွံတွေ၊ အားမရှိတော့တဲ့ ပိုးတွေကို ထည့်ထားတာပါ။ ကလေးရဲ့ ခုခံအားက ပိုးကောင်ကို မှတ်မိပြီး ပြန်တိုက်နိုင်ရုံ ထည့်ထားတာပါ။ ဒါကြောင့် ကလေးရဲ့ ခုခံအားကို ဥပါဒ်မဖြစ်စေပါဘူး။ ဥပါဒ်မဖြစ်တဲ့အပြင် ခုခံအားကို လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။