အဆီလျှော့စားပါ၊ အဆီရှောင်ပါဆိုလို့ အဆီဓါတ်အားလုံးကိုရှောင်လို့လည်းမဖြစ်ဘူးနော်။ ဒီလိုအကျိုးပြုအဆီတွေကို ဖယ်ထားမယ်ဆိုရင် ပိုမကျန်းမာလာတဲ့အပြင် လိုအပ်တဲ့အာဟာရတွေမပြည့်စုံဘဲနေပါလိမ့်မယ်။ အခုမှ စတင်ဖွံ့ဖြိုးကာစ ကလေးတွေဆို ပိုပြီးလိုအပ်နေပါတယ်။ ကလေးတွေအတွက် အကျိုးပြု fatty acidတွေ ဘာကြောင့်လိုအပ်တာလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်နော်။
Omega 3 နဲ့ 6 fatty acidတွေက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။Omega 3 ဆိုရင် ခန္ဓါကိုယ်အတွက်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်ပါ မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။Omega 3 နဲ့ 6 က ကလေးတွေမှာဖြစ်တတ်တဲ့ တက်ကြွလှုပ်ရှားမှုလွန်ကဲတဲ့ (ADHD)ရောဂါ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်တယ်လို့ သုတေသနစစ်တမ်းတွေကဖော်ပြခဲ့ပါတယ်။ တခြားအကျိုးကျေးဇူးတွေကို ဖတ်ကြည့်ပါဦး –
- ဉာဏ်ရည်ဖွံ့ဖြိုးမှု – Omega 3 အမျိုးအစားဖြစ်တဲ့ DHA က ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အဓိကအထောက်အကူပေးပါတယ်။ DHA ရရှိမှုမလုံလောက်ခဲ့ရင် ကလေးတွေမှာ မှတ်ဉာဏ်ပြဿနာတွေနဲ့ သင်ယူလေ့လာနိုင်စွမ်းတွေမှာ ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။
- အမြင်အာရုံဖွံ့ဖြိုးမှု –ခန္ဓါကိုယ်က မျက်စိမြင်လွှာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆဲလ်တွေကို ထုတ်ပေးနိုင်ဖို့အတွက် DHA ကို အသုံးပြုပါတယ်။ ဒါ့ကြောင့် DHAပြည့်ဝရင် ကလေးတွေမှာ မျက်စိနဲ့ပတ်သက်တဲ့ပြဿနာမရှိဘဲ အမြင်အာရုံ တအားကောင်းနေတာတွေ့ရပါလိမ့်မယ်။
- နှလုံးကျန်းမာခြင်း -DHA ဟာ ဆံချည်မျှင်သွေးကြောလေးတွေမှာသွေးလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့ အကျိုးပြုအဆီါ်ဓါတ်ဖြစ်လို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။Omega-3 ကသွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။
- ဆီးချိုသွေးချိုကာကွယ်ခြင်း –ဆီးချိုသွေးချိုရောဂါက အကျိုးပြုကိုလက်စထရောဓါတ်ေတွနည်းပါးသူတွေမှာတွေ့ရတတ်ပါတယ်။Omega-3 က ကလေးတွေမှာ အကျိုးပြုကိုလက်စထရောဓါတ်ကိုမြင့်စေတာကြောင့်နောက်ပိုင်းမှာ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်ကိုလျော့နည်းစေပါတယ်။
- ပြုမူလုပ်ဆောင်နိုင်စွမ်း –့လေ့လာမှုအထောက်အထားတွေအရ Omega-3 နဲ့ 6 fatty acidတွေက ကလေးတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းနဲ့ ပညာရေးစွမ်းဆောင်ရည်တွေကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။
- အာရုံစူးစိုက်မှုပိုကောင်းခြင်း –အစားအသောက်ကနေ အကျိုးပြုအဆီဓါတ်တွေအပြည့်အဝရရှိထားတဲ့ ကလေးတွေဟာ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းပါတယ်။
- မှတ်ဉာဏ်ပိုကောင်းခြင်း –Fatty acidsတွေဟာ ဦးနှော်က်ရဲ့မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေလို့ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေ အဖြစ်ကြီးပြင်းလာဖို့အထောက်အကူပြုပါတယ်။
- ပန်းနာရင်ကျပ် –Omega-3 က အသက်ရှူလမ်းကြောင်းထဲမှာရောင်ရမ်းမှုကိုလျော့ပါးစေတာကြောင့် ကလေးတွေမှာ ပန်းနာရင်ကျပ်ြဖစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။
ဘယ်အရင်းအမြစ်တွေကနေ ရရှိနိုင်မလဲ
နေကြာဆီ၊ပြောင်းဖူးဆီ၊ သစ်ကြားသီး၊ ပဲပိစပ်၊ နှမ်း စတာတွေမှာOmega-6 ကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးအတွက် တစ်နေ့တာလိုအပ်တဲ့ Omega-3 ပမာဏကို ဒီအစားအစာတွေကနေရရှိနိုင်ပါတယ် ။