ငယ်ငယ်ကတော့ မိဘစကားကို နားထောင်ပါရဲ့။ အရွယ်လေးရောက်လာတော့ ပြောလို့ဆိုလို့ သိပ်မကောင်းတော့ဘူး။ အတွေ့အကြုံရှိတဲ့ လူကြီးတွေစကား နားမဝင်တော့ပါဘူးပေါ့။ ဒါက မိဘတွေ အတွေး။ လူငယ်တွေကလည်း အမေတို့ မသိပါဘူး၊ လူငယ်ပဲလေ ဒီလောက်တော့ နားလည်ပေးပေါ့တို့၊ ဘိုးတော်က ပွားတယ်၊ အိမ်မှာ မနေချင်တော့ဘူးတို့ အသံထွက်လာတတ်တာပေါ့။ ဒီနေရာမှာ ဘာက ပြဿနာလဲ ဆိုတော့ အတွေးမတူကြတာပါ။ ကလေးတွေရဲ့ စိတ်ထဲ ဘယ်လိုရှိနေမလဲ၊ ဘာတွေ ကူညီပေးလို့ရမလဲ၊ ဆက်ဆံရေး ဘယ်လိုရင်းနှီးအောင် လုပ်ကြမလဲ ဆိုတာမျိုး တွေးလေ့ရှိတဲ့ မိဘတွေဟာ သားသမီးနဲ့ ဆက်ဆံရေးပိုကောင်းလေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ်တို့ရဲ့ စိတ်ထဲက ပြဿနာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။