backup og meta

ကလေးတစ်ယောက် တက်နေ တဲ့အခါ ဘယ်လိုပြုစုမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတစ်ယောက် တက်နေ တဲ့အခါ ဘယ်လိုပြုစုမလဲ။

    အတက်ရောဂါကို လူတိုင်းကြားဖူးကြမှာပါ။ တစ်ကိုယ်လုံး ကော့ပြန်ပြီးတော့ မျက်ဖြူလန် ပါးစပ်စိပြီး တောင့်နေတာမျိုးပေါ့။ အတက်ရောဂါက ကြည့်လိုက်ရင်သာ တောင့်ပြီး မျက်ဖြူလန်သွားတတ်လို့ အရမ်းကြီးစိုးရိမ်ရတယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းသူက ရောဂါတွေရဲ့ လက္ခဏာတစ်ခုသာဖြစ်လို့ တက်နေ ရင်း အသက်ဆုံးရှုံးတာ ရှားပါတယ်၊၊

    ဒီတိုင်း ကလေးကိုယ်ပူရင်တောင် စိုးရိမ်နေရတဲ့ မိဘတွေ ကလေးများ တက်သွားလို့ကတော့ ပူထူပြီး ဘာလုပ်ရမှန်းကို မသိတော့တာနဲ့တင် အချိန်တွေကြာသွားတတ်ပြီး ကလေးကို ထိခိုက်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ပထမအကြိမ် တက်ဖူးတာဖြစ်ဖြစ်၊ အရင်တုန်းကလည်း ခဏခဏ တက်ဖူးတဲ့ ကလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိဘတိုင်း ကလေးတွေ တက်တဲ့အခါ ဘယ်လို ပြုစုရမလဲ၊ ဘာတွေ လုပ်ပေးရမလဲဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ထားဖို့လိုပါတယ်။

    အရင်ဆုံး ကလေးတစ်ယောက် တက်နေ ပြီဆို တွေ့ရမယ့် လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။ ။

    အတက်ရောဂါက ပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ တောင်စဉ်ရေရာမရ စကားတွေ လျှောက်ပြောနေတာ၊ လက်တွေ ခြေထောက်တွေက အလိုလို လှုပ်နေတာ၊ မျိုးတွေ အပြင် အခြားဖြစ်တတ်တာတွေကတော့

    • မတက်ခင် လက်သီးတွေ ကျစ်ကျစ်ဆုပ်ထားတာ၊
    • တစ်နေရာရာကို စူးစိုက်ကြည့်နေပြီး ဘယ်လိုခေါ်ခေါ် ဘာတုန့်ပြန်မှုမှ မရှိတာ
    • ကြွက်သားတွေ တောင့်တောင့်လာတာ
    • မျက်ဖြူလန်ပြီး သတိလစ်သွားတာနဲ့
    • ဆီးတွေ ဝမ်းတွေ မထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    တက်နေတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပေးရမလဲ ။

    အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေကိုယ့်ကလေးများရှိနေပြီး၊ ဒီလို ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို တွေ့ပြီဆိုရင် မိဘတွေ အနေနဲ့ ဒါမျိုးလေးတွေ လုပ်ပေးဖို့လိုပါလိမ့်မယ်။ အတက်ရောဂါက မိနစ်အနည်းငယ်လောက်သာ ဖြစ်တတ်ပြီး သူ့ဘာသာ ပြန်ကောင်းသွားတယ်ဆိုပေမယ့် ဖြစ်နေတဲ့ ဒီ မိနစ်အနည်းငယ်အတွင်းမှာ ပြုစုတတ်ဖို့ကလည်း အရေးကြီးပါတယ်။

    အနားမှာ တစ်ယောက်ယောက်ရှိနေရင် အရေးပေါ်လူနာတင်ယာဉ် ခေါ်ခိုင်းထားပြီး ကိုယ်က ခုပြောမယ့်နည်းတွေ လုပ်ပေးနေပါ။ ဘယ်သူမှ ကိုယ့်အနားမှာ မရှိဘူးဆိုရင်တော့ ခုပြောမယ့် နည်းတွေအရင်ဆုံး လုပ်ပြီးမှ ဆရာဝန်ကို ခေါ်ပါ။ ။

    • ကလေးကို ကြမ်းပြင်ပေါ်မှာ ညင်သာစွာ ဘေးစောင်းအနေအထားနဲ့ ချထားပြီး ထိခိုက်နိုင်တဲ့ ပစ္စည်းတွေ အားလုံး ကလေးအနားကနေ ဖယ်ထားပါ။
    • တံတွေးသီးပြီး အသက်ရှူလမ်းကြောင်းပိတ်တာကို ကာကွယ်ဖို့အတွက် ဘေးစောင်းအနေအထားဖြစ်ဖို့ အရေးကြီးပါတယ်။
    • ကလေးက မတက်ခင် အန်ထားတယ်ဆိုရင်လည်း ဘေးစောင်းအနေအထားနဲ့ပဲ ပါးစပ်ထဲက အန်ဖတ်တွေကို လက်နဲ့ ကလော်ထုတ်ပေးပါ။
    • အကျီတွေ ကို ချောင်ချိတဲ့ အနေအထားဖြစ်အောင် ပြင်ဆင်ပေးပါ။
    • ကလေး အသက်ရှူ နေတာ ပုံမှန်ပဲ လားဆိုတာကို စစ်ပါ။
    • တချို့ကလေးတွေက တက်ရင် တဆတ်ဆတ် တုန်နေတဲ့အတွက် စိုးရိမ်ပြီး တုန်နေတာကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ ဒီလို လုပ်ခြင်းဟာ တက်နေတာကို ရပ်သွားစေမှာလည်း မဟုတ်သလို ကလေးကိုလည်း သက်တောင့်သက်သာ မရှိဖြစ်စေပါတယ်။
    • ကလေးတက်နေတဲ့ အချိန်မှာ အတက်သက်သာအောင်ဆိုပြီး အတင်း ဆေးလုံးတွေ ပါးစပ်ထဲ ထည့်မတိုက်ပါနဲ့။ ဆေးအရည်တောင် တိုက်ခွင့်မရှိပါဘူး။
    • ကလေးလျှာကိုက်မိမှာစိုးပြီး ပါးစပ်ထဲ ဘာပစ္စည်းမှ မထည့်ပါနဲ့။ ခြေမ မချိုးပါနဲ့၊၊
    • တက်နေတဲ့ အချိန် ဘယ်လောက်ကြာလဲ မှတ်ထားပေးပါ။
    • တက်ပြီးရင်ပုံမှန်အတိုင်း ပြန်မဖြစ်ခင်မှာ ကလေးတော်တော်များများက အိပ်ပျော်သွားတတ်ကြပါတယ်။ ဒါကြောင့် ကလေး မနိုးမချင်းသူ့ဘေးမှာပဲ နေပေးပါ။ တက်ပြီးတဲ့ ကလေးကိုလည်း အတင်းမနိုးဘဲ သူ့ကို အနားယူခိုင်းပါ။

    တက်တာက သူ့ဘာသာသူ ပြန်ကျသွားတတ်တယ်ဆိုပေမယ့် ခုပြောမယ့် အချက်တွေ ရှိရင်တော့ နီးစပ်ရာဆေးခန်းကို သွားဖို့ ၊ အရေးပေါ် လူနာတင်ကားတွေခေါ်ဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။

    • ကလေးက တက်နေတာ ၅ မိနစ်တောင်ကျော်နေပြီ အရှင်းမသက်သာဘဲ ခဏခဏ ပြန်တက်နေတာ
    • ကလေးကိုကြည့်လိုက်ရင် အသက်ရှူရခက်နေတဲ့ ပုံစံမျိုးရှိနေတာ
    • နှုတ်ခမ်း၊ မျက်နှာနဲ့ လျှာတွေ ပြာလာတာ
    • တက်ပြီးတာတောင် အိပ်ပျော်သွားတာ မဟုတ်ဘဲ သတိဆက်လစ်နေတာ
    • ကလေးရေဆော့နေရင်း၊ ရေကန်ထဲမှာ ရေကူးနေရင်း တက်သွားတာနဲ့
    • တစ်ခုခု စိတ်ထဲ မင်္သကာတာမျိုးတွေ ရှိခဲ့ရင် ဟိုးအပေါ်က ပြောထားတဲ့ နည်းလမ်းတွေနဲ့ ပြုစုထားပေးပြီး လူနာတင်ကားကိုစောင့်ကာ ဆရာဝန်ဆီ မဖြစ်မနေသွားဖို့လိုအပ်ပါတယ်။

    ကိုယ့်ကလေးက မကြာခဏ အတက်ဝေဒနာ ခံစားရလို့ရှိရင် ခုပြောတဲ့နည်းတွေ ကို သိထားဖို့လိုမယ့်အပြင် အတက်ရောဂါအတွက် တိုက်ရမယ့်ဆေးတွေကိုလည်း အချိန်မှန် တိုက်ပေးဖို့ မမေ့ပါနဲ့။

    ရေးသားသူ- Dr Thin Yadanar @Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement