backup og meta

ဘေဘီလေးတို့ ဘေးကင်းကင်းအိပ်ပျော်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတို့ ဘေးကင်းကင်းအိပ်ပျော်စေဖို့

    အိန်ဂျယ်လ်ပိစိလေးတွေရဲ့ ချစ်စရာအကောင်းဆုံးအချိန်က ဘယ်အချိန်လို့ထင်လဲမေမေဖေဖေတို့ရေ။ အိပ်နေတဲ့အချိန်ပေါ့။ အိန်ဂျယ်လ်ပိစိလေးတွေရဲ့ ချစ်စရာအကောင်းဆုံးက အိပ်ပျော်နေတုန်းမှာပါ။ ဒီလိုမျိုးချစ်စရာကောင်းတဲ့အချိန်လေးကဘေဘီလေးကို ထိခိုက်စေတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီတော့ အိပ်စက်မှုကြောင့် အိန်ဂျယ်လ်ပိစိလေးတွေ မထိခိုက်စေဖို့ဘေးကင်းတဲ့အိပ်စက်ချိန်ကို ဖန်တီးပေးဖို့ တာဝန်အရှိဆုံးကမေမေဖေဖေတို့ပါ။ ဒီတော့ဘေဘီလေးကို ဘယ်လိုများ အန္တရာယ်ကင်းတဲ့ အိပ်စက်ချိန်ကို ဖန်တီးပေးရမလဲ စဉ်းစားရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။

    ဘေဘီလေးအတွက် အိပ်စက်ချိန် ဘာကြောင့်အရေးကြီးတာလဲ

    ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ဘေဘီလေးအဖို့ အိပ်စက်ချိန်ပြည့်ဝဖို့က တကယ်ကိုအရေးကြီးတာပါ။ဘေဘီလေး ခန္ဓါကိုယ်ကြီးထွားဖို့အတွက်ရော ဦးနှောက်နဲ့အာရုံကြောစနစ်တွေကြီးထွားဖို့အတွက်ပါပြည့်ဝတဲ့ အိပ်စက်မှုလိုအပ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတစ်ယောက်အဖို့ အိပ်ချိန်တွေကအခုလို လိုအပ်မှာပါ။

    • မွေးကာစကနေ ၃ နှစ်အထိ ၁၄ နာရီ ကနေ ၁၇ နာရီ
    • ၄ လ ကနေ ၁၂ လ အထိ ၁၂ နာရီ ကနေ ၁၆ နာရီ
    • ၁ နှစ် ကနေ ၂ နှစ်အထိ ၁၁ နာရီ ကနေ ၁၄ နာရီ
    • ၃ နှစ် ကနေ ၅ နှစ်အထိ ၁၀ နာရီ ကနေ ၁၃ နာရီ အထိလိုအပ်ပါမယ်။

    ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိစေဖို့ ဒါလေးတွေဂရုစိုက်ပေးပါ

    ဘေဘီလေးကိုပြည့်ဝတဲ့အိပ်စက်ချိန်ရရှိစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့လိုပါမယ်။

    သက်တောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ

    အိပ်စက်နေချိန်မှာ လူကြီးတွေဘဲ ဆူညံတာကို ခံစားမိတာမဟုတ်ပါဘူး။ဘေဘီလေးတွေလည်း ခံစားတတ်ပါတယ်။ ဒါကြောင့် ကလေးအိပ်မယ့် အိပ်ရာကို သက်တောင့်သက်ဖြစ်အောင်ဖန်တီးပေးဖို့။ အခန်းအပူချိန်ကို အဆင်ပြေပြေဖြစ်နေစေဖို့၊အလင်းအမှောင်မျှတနေစေဖို့နဲ့ တိတ်ဆိတ်နေစေဖို့ သတိထားပေးပါ။

    လုံခြုံစိတ်ချရမှုပေးပါ

    ကလေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါ။ ကလေးရဲ့ အနီးဆုံးမှာမေမေဖေဖေတို့က အဆင်သင့်ရှိနေစေဖို့လိုပါမယ်။ ကလေးကိုခြင် နဲ့ ပိုးမွှားတွေအကိုက်မခံရအောင်လည်း သတိထားပေးပါ။မေမေနဲ့အသားချင်းထိထားတာကလည်းဘေဘီလေးကို စိတ်ချလုံခြုံမှုရှိစေနိုင်ပါတယ်။

    ပွေ့ပွေ့ပိုက်ပိုက်ရှိပါ

    ဘေဘီလေးတွေကြိုက်နှစ်သက်တဲ့ အိပ်စက်မှုပုံစံရှိပါတယ်။ ဒါကတော့မေမေ့ရင်ခွင်ထဲမှာပွေ့ပွေ့ပိုက်ပိုက်အိပ်ရတာပါ။ ဒီလိုသိပ်ပေးတာက ကလေးနဲ့မိခင်တို့ကြားမှာ ချစ်ခြင်းပိုခိုင်မြဲစေသလို ကလေးကို ယုံကြည်မှုလည်း တိုးစေနိုင်ပါတယ်။

    အခြေခံလိုအပ်ချက်တွေပြည့်စုံပါစေ

    ကလေးကို အိပ်ရာမဝင်ခင်မှာ ကိုယ်လက်သန့်စင်ပေးတာ၊သေးခံအသစ်လဲပေးတာ၊ နို့ချိုတိုက်ကျွေးတာလိုမျိုး အခြေခံလိုအပ်ချက်တွေကိုပြည့်စုံအောင်လုပ်ပေးဖို့လိုပါမယ်။ ဒါမှလည်း ကလေးကကောင်းကောင်းအိပ်ပျော်မှာပါ။

    အိပ်ချိန်ပုံမှန်ရှိပါစေ

    ကလေးကို မအိပ်ချင်ဘဲ အတင်းအိပ်ခိုင်းတာမျိုးက မကောင်းပေမယ့် ကလေးကို အိပ်ချင်တဲ့အချိန်မှ အိပ်ဆိုပြီး ထားလိုက်တာကလည်း မကောင်းပြန်ပါဘူး။ ဒီတော့ ကလေးကို ညတိုင်း ၇ နာရီအိပ်စေချင်တယ်ဆိုရင် ၇ နာရီအိပ်ဖြစ်အောင်နေ့တိုင်း သတိထားပြီး သိပ်ပေးပါ။ ဒီလိုနဲ့ ကလေးကို အိပ်ချိန်မှန်တဲ့ အလေ့အထေလးပျိုးထောင်ပေးပါ။

    အန္တရာယ်ကင်းတဲ့ အိပ်စက်ချိန်လေးဖန်တီးကြမယ်

    ကလေးငယ်လေးတွေဟာ အိပ်စက်ရင်း မတော်တဆသေဆုံးတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာမှဖြစ်မှာပါ။

    ကလေးကို ပက်လက်သိပ်ပါဘေဘီလေးကိုမှောက်အိပ်တာမျိုး မဖြစ်အောင်သတိထားပေးပါ။ ကလေးကို ပက်လက်အိပ်စက်မှုပုံစံနဲ့ အမြဲသိပ်ပေးပါ။

    မလိုတာတွေဖယ်ထားပါ -ဘေဘီလေးရဲ့ အိပ်ရာထဲမှာ လိုအပ်တဲ့ အရာတွေဘဲထားပါ။ မလိုအပ်ဘဲခေါင်းအုံးတွေ၊စောင်တွေ၊ဖက်လုံးတွေ နဲ့ အရုပ်တွေထားတာမျိုးကိုရှောင်ပါ။ ဒါတေါက ကလေးကို အသက်ရှုကြပ်စေနိုင်တာကြောင့်ပါ။

    ဆွဲသားတွေ မသုံးပါနဲ့ – ကလေးအသုံးအဆောင်တွေကို ပလပ်စတစ်နဲ့လုပ်ထားတာတွေ။ ဆွဲသားနဲ့လုပ်ထားတာမျိုတွေမသုံးပါနဲ့. အတတ်နိုင်ဆုံး ချည်သားစစ်စစ်နဲ့လုပ်ထားတာကို ပဲသုံးပေးပါ။

    အခန်းအပူချိန် သတိထားပါ – အခန်းအပူချိန်ကို ၆၄ ဒီဂရီ ဖာရင်ဟိုက်ကနေ ၆၈ ဒီဂရီ ဖာရင်ဟိုက်အတွင်းမှာပဲထားပေးပါ။

    ပူတဲ့အဝတ်အစားတွေ မဝတ်ပေးပါနဲ့ – ကလေးကို အရမ်းပူတဲ့ အဝတ်အစားတွေဝတ်ပေးတာမျိုး၊ မလိုအပ်ဘဲ အနွေးထည်ဝတ်ပေးတာမျိုး၊စောင်ခြုံပေးတာမျိုးတွေ မလုပ်ပါနဲ့။

    မေမေနဲ့ပဲ သိပ်ပါ – ကလေးကအရမ်းငယ်သေးတဲ့အချိန်မှာမေမေတစ်ယောက်တည်းနဲ့ အိပ်တာ အဆင်ပြေဆုံးပါ။ ကိုကို၊ မမတွေရှိခဲ့ရင်လည်း အိပ်ရာခွဲအိပ်ပါနော်။ မတော်တဆ ဖိမိတာမျိုးဖြစ်နိုင်တာကြောင့်ပါ။မေမေကလည်းဘေဘီလေးနဲ့အိပ်တဲ့အခါ သတိရှိရှိလေးအိပ်ပါနော်။

    နို့တိုက်ရင်း မအိပ်ပါနဲ့ -ဘေဘီလေးကို နို့တိုက်တဲ့အခါမေမေက ထိုင်ရက်အနေအထားနဲ့ပွေ့ချီပြီးတိုက်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။မေမေကလှဲရက်အနေအထားနဲ့ဘေဘီလေးကို နို့တိုက်တာက အခန့်မသင့်ရင်ဘေဘီလေးကို အသက်ရှုရခက်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement